Zawgyi
ပန်းသစ်ခွအိမ်တော်၏မိသားစုအတွင်းရေး
ဖခင်၏ဖုန်းရသောကြောင့် လေလံပွဲမှ ရဝေနိုင်ကားကိုအမြန်မောင်းပြီး အိမ်တော်သို့ပြန်လာခဲ့သည်။အိမ်ရှေ့ဆင်ဝင်တွင် ကားအနီလေးကိုရပ်လိုက်လျှင် အိမ်ဝန်ထမ်းတစ်ဦးက အနားလာရပ်ပြီး တံခါးဖွင့်ပေးသည်။ကားသော့ကို ပစ်ပေးပြီး ရပ်စောင့်နေသော အိမ်ထိန်းအား အလျင်စလိုမေးလိုက်သည်။
"ဖေဖေရော ? "
"အိပ်ခန်းထဲမှာ အနားယူနေပါတယ် အစ်ကိုလေးရဝေ"
"ဟိုနှစ်ယောက်ရော ရောက်နေပြီလား"
"ရောက်နေပါပြီ"
မေးပြီးတာနဲ့ ရဝေနိုင် ဖခင်အိပ်ခန်းဆီကို ခြေလှမ်းကြဲများဖြင့် အမြန်လျှောက်လာလိုက်သည်။အပေါက်နားရောက်မှ အသက်ရှုထုတ်လိုက်ကာ ရွှေရောင်တံခါးကို လက်နှင့်အသာပုတ်ကာ အသံပြုလိုက်သည်။
"ဖေဖေ သားရောက်ပါပြီ"
"ဝင်ခဲ့"ဟူသော ဖေဖေ့အသံခပ်ဖျော့ဖျော့ကိုကြားလိုက်ရသည်။တံခါးကိုတွန်းဖွင့်၍ ဝင်လိုက်လျှင် ဦးကောင်းရှိန်နိုင်သည် နေမကောင်းဟန်ဖျော့တော့နေပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ကုတင်ညာဘက်တွင် လင်းလဲ့နိုင်နှင့်ထူးထက်နိုင်တို့က စိုးရိမ်တကြီး ကြည့်ရှုနေပြီး ဘယ်ဘက်တွင် ဦးကောင်းရှိန်နိုင်၏မယား (၃)ဦးက ငြိမ်သက်စွာ မတ်တပ်ရပ်နေကြတာဖြစ်သည်။ရဝေနိုင်သည် မေမေနှင့် တချက်အကြည့်ချင်းဆုံလိုက်ပြီး ဘာမှမပြောဘဲ မမနှင့်ညီရှိရာဘက်သွားကာ ဦးကောင်းရှိန်နိုင်၏လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။
"ဖေဖေ သားရောက်ပြီ"
"အင်း"
ဦးကောင်းရှိန်နိုင်၏အသံညင်းညင်းထွက်လာသည်။
လင်းလဲ့နိုင်သည်လည်း ဦးကောင်းရှိန်နိုင်လက်ကိုကိုင်ကာ
"ငါ့ခေါင်းမူးတဲ့ရောဂါက တနေ့တခြားဆိုးလာတယ်"
"အဲတာ သေချာကြပ်မတိကုသလိုက်ရင် ကောင်းမှာပါ ဖေဖေရ"
ထူးထက်နိုင် အနောက်ပါးမှနေပြီး အားပေးသလိုလေး လှမ်းပြောလိုက်ရင်း ရဝေနိုင်ကို တိုးတိုက်ကာ ဦးကောင်းရှိန်အနားသို့ ကပ်သွားသည်။ရဝေနိုင်စိတ်တိုပေမဲ့ ဖေဖေနေမကောင်းသည်မို့ ဘာမှမပြော။
YOU ARE READING
အတိတ်ဘဝကချစ်သူ
Romanceရဝေနိုင်တစ်ယောက် ဖခင်ရဲ့ခိုင်းစေချက်အရ အမွေပြိုင်မောင်နှမတွေနဲ့အပြိုင် ဆေးရှာရင်း လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပက်သက်မိသွားပြီး ချစ်တတ်တဲ့သူရဲ့ဘဲကြီးနဲ့ဘယ်လိုဆုံတွေ့မယ် ဘယ်တွေ့ဖြစ်ကြမယ်ဆိုတာ ...... ရဝေနိုင်တစ်ယောက် ဖခင်ရဲ့ခိုင်းစေချက်အရ အမွေပြိုင်မောင်န...