ယနေ့မနက်အစောပိုင်းကပင် ရှေးဟောင်းတူးဖော်ရေးလုပ်ငန်း ရှိရာသို့ ခရီးထွက်လာကြသည်။venကား၂စီးစာလူအပြည့် ပစ္စည်းအပြည့်နှင့်ဖြစ်သည်။ရှေ့တစ်ကားတွင် ရှေးဟောင်းသုတေသနပညာရှင် ဆိုမီ ရဝေနိုင် လီယန် နှင့် ကိုယ်ရံတော်တစ်ယောက်ဖြစ်သည်။ဒုတိယကားတွင် ဇွဲညို့မောင် ကိုယ်ရံတော်တစ်ယောက်နှင့်ရဝေနိုင်၏လက်အောက်ငယ်သား ၃ယောက်ပါသည်။ကိုယ်ရံတော်သည် တိတ်ဆိတ်စွာ ကားမောင်းနေပြီး သူ့အလုပ်သူလုပ်နေသည်။ဆိုမီကတော့ တူးဖော်ရရှိသော မျက်နှာဖုံးအကြောင်းကို ရဝေနိုင်အား အနည်းငယ်ရှင်းပြနေသည်။
"မစ္စတာ ရဝေ…ကျွန်မလေ့လာရသလောက်တော့ ဒီမျက်နှာဖုံးဟာ နတ်ဝင်သည်မျက်ဖုံးပါ "
ရဝေနိုင် ဓာတ်ပုံကို ယူကြည့်လိုက်သည်။ဆိုမီက ဓာတ်ပုံတစ်နေရာကို ထောက်ပြပြီး
"ရှင်ကြည့်ပါ မျက်နာဖုံးအနားသတ်နားထင်နေရာမှာ အပေါ်ကို ထောင်တက်နေတဲ့အချွန်အတက်တစ်ခုစီပါတယ် မျက်နှာဖုံးက မျက်နှာတစ်ခုလုံးကို လုံအောင်ဖုံးနိုင်တယ် ပြီးတော့ နဖူးပြင်နေရာမှာ ထိုးထားတဲ့ပန်းအနွယ်ပုံစံက လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က လူမျိုးစုတစ်ခုရဲ့ ယဉ်ကျေးမှုလက်ရာတစ်ခုဖြစ်တယ် အဲဒီလူမျိုးစုအကြောင်းကို ကျွန်မဆက်ပြီးလေ့လာကြည့်တဲ့အခါ အချက်နှစ်ချက်ကို တွေ့ရတယ် "
"ဘာများလဲ ဆိုမီ "
"အဲတာကတော့ လူမျိုးစုထဲမှာ ဘယ်သူတွေပဲ မျက်နှာဖုံးတပ်ခွင့်ရှိသလဲ တပ်ကြသလဲဆိုတာပါပဲ No.1 သူတို့လူမျိုးစုခေါင်းဆောင်တွေက ဝတ်ကြတယ် No.2 လူမျိုးစုရဲ့နတ်ဆရာလည်း နတ်ကရာမှာ မျက်နှာဖုံးဝတ်ကြတယ် "
"တော်သားပဲ ဟွန့်"
အသံတိုးသဲ့သဲ့အား ကြားလိုက်၍ ရဝေနိုင် လီယန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့အား လီယန်က ကြွက်သွားလေးများပေါ်အောင် ဟီးခနဲရယ်ပြသည်။
*ကျစ် ဒီကောင် ဘာလဲ *
လီယန်သည် ခရီးအတွက်လိုအပ်မည်ဟုဆိုကာ ပါးပါးထည့်ပေးလိုက်သော လူဖြစိသည်။ယခုခရီးအတွက်သာမက အဆိပ်ဖြေဆေးစုံစမ်းရာတွင်လည်း တောက်လျှောက်ပါဝင်မည့်သူဖြစ်သည်။ကိုယ် အမှန်တိုင်းပြောပြရလျှင် လီယန်အား သိပ်ကြည့်မရပါ။ယုံစားရမဲ့သူမဟုတ်ဟု ခံစားမိသည့်မပြင် အားကိုးနိုင်လောက်သည့်အရည်ချင်းလည်း မမြင်ပေ။သို့သော် ပါးပါးက သူ့ကိုဒီခရီးအတွက် မုန့်ဖိုးဟုဆိုကာ ဒေါ်လာ တစ်သိန်းပေးလိုက်လေသည်။ဘာအသုံးကျမလဲစောင့်ကြည့်ရပေအုံးမည်။
YOU ARE READING
အတိတ်ဘဝကချစ်သူ
Romanceရဝေနိုင်တစ်ယောက် ဖခင်ရဲ့ခိုင်းစေချက်အရ အမွေပြိုင်မောင်နှမတွေနဲ့အပြိုင် ဆေးရှာရင်း လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပက်သက်မိသွားပြီး ချစ်တတ်တဲ့သူရဲ့ဘဲကြီးနဲ့ဘယ်လိုဆုံတွေ့မယ် ဘယ်တွေ့ဖြစ်ကြမယ်ဆိုတာ ...... ရဝေနိုင်တစ်ယောက် ဖခင်ရဲ့ခိုင်းစေချက်အရ အမွေပြိုင်မောင်န...