My Lovely Guide-19

979 133 44
                                    

Zawgyicode

မျက်ရည်တို့ လဲ့နေတဲ့ ချစ်ရသော ထိုလူသား...အားနာလို့လားဆိုတဲ့ အတွေးတို့ ဝင်ရောက်လာပေမဲ့ ချစ်ရသူ မျက်ဝန်းထဲက တကယ့်အကြင်နာတွေကို မြင်ရတဲ့အခါ သူ့ရင်ထဲမှာ နွေးခနဲ...

''သေချာပေါက် လက်ခံတာပေါ့...ကုကုက ဆရာ့ကို အရမ်းချစ်တာလေ...အွန့်...''

သူ့ဘယ်ဘက်လက်ကို ရှေ့သို့ထိုးပေးလိုက်တော့ ဆရာကရယ်ပြီး လက်စွပ်လေးကို သူ့လက်သူကြွယ်မှာ ဆင်ပေးလာသည်...

''Omo...ကွက်တိပဲ..ခစ်ခစ်~''

လက်စွပ်လေးက သူ့လက်နဲ့ ကွက်တိဖြစ်နေတာမို့ သဘောကျစွာရယ်လိုက်တုန်း ဆရာက ထလာပြီး သူ့ခါးကို ဖက်တွယ်လာတာကြောင့် သူလည်း ဆရာ့လည်တိုင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်...

''ဟင့်~ကုကုယုံတောင် မယုံနိုင်ဘူးရယ်...''

သူရှိုက်ငိုရင်း ဆရာ့ကိုသာ ပိုလို့တင်းကျပ်စွာ ဖက်ထားမိသည်...လေဝင်လေထွက် မရှိအောင် နီးကပ်နေတဲ့ သူ့ရင်ဘတ်နဲ့ ဆရာ့ရင်ဘတ်ကလေ...ရင်ခုန်သံတွေလဲ တူညီစွာပဲ ထပ်တူကျနေသတဲ့...

''ရင်တွေခုန်နေတယ်...အီးဟီးးး ပေါက်ထွက်တော့မှာပဲ...''

''အဟားဟား...''

နှစ်ယောက်သား ဖက်ထားလျက်နဲ့ ခုန်ဆွခုန်ဆွလုပ်ပြီး ပြောသည်အား ဆရာကရယ်ပြီး အနောက်သို့ အနည်းငယ် လှန်ချလိုက်တာမို့ သူ့ခြေထောက်က ကြမ်းပြင်နဲ့ လွတ်သွားရ၏...

''တကယ်ပါဗျာ...တကယ်ပါ...''

''ဟီး~အင့်...ကုကုပျော်လွန်းလို့...ဟင့်...ခနလွှတ်ပေးပါလား...''

သူပြောလိုက်တော့ ဆရာက ဖက်ထားတာကို လွှတ်ပေးသည်...သူအပြင်သို့ ခပ်မြန်မြန် ပြေးထွက်လိုက်ပြီး ခြံထဲကိုရောက်တာနဲ့...

''အားးးးးးး ဆရာက ငါ့ကိုချစ်တယ်တဲ့!!! ဟားဟားဟားးးး''

''Baby!!Baby ဘာဖြစ်တာလဲ!!"

အလန့်တကြား ထွက်လာကြတဲ့ ကိုကိုတို့Noonaတို့နဲ့ Gaကိုကြည့်ပြီး သူအော်ရယ်လိုက်ရင်း...

''ဆရာကလေ...အကုကိုချစ်တယ်တဲ့ဗျ...''

''ဘာရယ်!!!!"

My Lovely Guide(Completed)Where stories live. Discover now