My Lovely Guide-Final

1.5K 152 53
                                    

Zawgyicode

ပြောင်းလဲလာတဲ့ ရာသီခွင်တို့နဲ့အတူ လတချို့ နှစ်တချို့ လွန်သွားချိန်မှာ Hoseokဦးစီးတဲ့ Companyဟာ အရင်ထက် တစပြီးတစ အောင်မြင်လာသည်...

Hoseokရဲ့ အရည်အချင်းကို ယုံတာကြောင့် ဥက္ကဌကြီး ကွယ်လွန်သွားသည့်တိုင်အောင်ပင် အားလုံးက Hoseokကို အားကိုးဆဲ...

''CEOခင်ဗျ...ကြိုချိန်ရောက်ပြီလေ...တင်တင်...တင်တင်...''

Alarmမမြည်ခင် လာသတိပေးပြီး စနောက်သော မန်နေဂျာချွဲကြောင့် စာရင်းတွက်နေရင်းက ရယ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်...

''ကျေးဇူးဗျ...''

''ဟားဟား...ရပါတယ်ဗျာ....''

မန်နေဂျာချွဲကို နှုတ်ဆက်ရင်း သူခပ်သွက်သွက် ထွက်လာလိုက်သည်...ကုလေးအား သွားကြိုချိန်ရောက်ပြီလေ...တက္ကသိုလ်ကျောင်းကြီးဆင်းဖို့ မိနစ်ပိုင်းသာလိုတော့သည် မဟုတ်ပါလား...

''ကုလေး...အခြေအနေ...''

''Everything Is Fine...''

ပြောလဲပြော ပါးပြင်ကိုလဲ နမ်းလာသေးတာမို့ သဘောကျစွာပြုံးရင်း ကားမောင်းဖို့ရာ ပြန်ပြင်ရသည်...

ဥက္ကဌကြီး ဆုံးပါးသွားပြီးကတည်းက သူဟာလုံးဝ CEOတစ်ယောက် ဖြစ်ခဲ့ပြီမို့ ကားကိုလည်း သူကိုယ်တိုင်မောင်းဖြစ်ခဲ့သည်...

ကုလေးက ဟိုသွားချင်ဒီသွားချင် ပူဆာရင် Driver Guကို လှမ်းလှမ်းခေါ်ရတာ အားနာဖို့ ကောင်းလွန်းသည်​လေ...

ကုလေးကလဲ တက္ကသိုလ်နောက်ဆုံးနှစ်သို့ ရောက်နေပြီဖြစ်ပြီး ခေတ်လူငယ်လေး ဖြစ်လာပြီမို့ နေထိုင်ပြောဆိုပုံက ငယ်ငယ်ကနဲ့မတူစွာ လုံးဝပြောင်းလဲသွားခဲ့သည်...ပြောင်းလဲသွားတာ တကယ်ကို မယုံနိုင်စရာ ကောင်းလောက်အောင်ပါပဲ...

အရင်လို သေးညှပ်ညှပ် ခန္ဓာကိုယ်လေးမဟုတ်တော့...ကြွက်သားအပြည့်နဲ့ မိမိုက်တဲ့ ခန္ဓာအချိုးအစား ရှိလာပြီး လူငယ်ဆန်ဆန် ပြင်တတ်ဆင်တတ်လာသည်...

အရင်ကထက် ဆံပင်တွေရှည်လာပြီး လက်မှာလဲ တက်တူးတချို့ ထိုးထားသေးလေရဲ့...

သူ့အနေနဲ့ အသက်ဆယ့်ခုနှစ်နှစ်ကစလို့ မျက်စိရှေ့အောက်တင် ကြီးပြင်းခဲ့တဲ့ ကလေးငယ်လေး အခုလို ပြောင်းလဲသွားတာမျိုးကို သဘောမကျသော်လည်း အချစ်မလျော့ဘူးဆိုတဲ့ အချက်လေးနဲ့ပဲ ကျေနပ်ထားသည်...သူ့အတွက်လဲ ဒါပဲအရေးကြီးတာပါ...

My Lovely Guide(Completed)حيث تعيش القصص. اكتشف الآن