20

237 39 0
                                    

အခုတလော မင်္ဂလာဆောင်ဖိတ်ဖို့ သူ တွေးပူနေလောက်မှာ...ငါ့ဆီ ဖိတ်စာပို့ရေး မပို့ရေးပေါ့။ စိတ်ဖိစီးပြီး ရူးကြောင်ကြောင်ဖြစ်နေ
မယ့် သူ့ရုပ်ကို တွေးမိတိုင်း ငါ မရယ်ဘဲမနေနိုင်ဘူး။

တက္ကသိုလ်တုန်းက သူငယ်ချင်းတစ်ချို့က မင်္ဂလာဆောင်တက်ဖို့ တခြားမြို့တွေကနေ လာကြတယ်။ ငါ့ကို အဲ့မှာမမြင်ရင် သေချာပေါက် မေးကြမှာပဲ။ ဘွဲ့ရပြီးတာတောင် ငါတို့ အတူတူဆက်နေကြမှန်း အကုန်သိနေတော့လည်း။

နောက်ဆုံးတော့ ငါ မသွားဖို့ဆုံးဖြတ်လိုက်တယ်။ တခြားသူနဲ့ လက်ထပ်သွားပြီး "ဂုဏ်ပြုပါတယ်။ ပျော်ပျော်ရွှင်ရွှင် အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ"လို့ ငါ ပျော်ပျော်ကြီး ပြောထွက်ဖို့ သူမျှော်လင့်လို့ ဘယ်ရမလဲ။ မျှော်လင့်မှုတစ်ခုလို့ပြောဖို့ရာ ရက်စက်လွန်းအားကြီးပါတယ်။

Waiting Until 35 Years Old (Myanmar Translation)Where stories live. Discover now