11

251 38 3
                                    

သူက သူ့လိင်စိတ်ခံယူမှုကို အမြဲ ငြင်းဆန်နေတယ်။ တစ်ခါတလေတော့လည်း ငါမဟုတ်ခဲ့ရင် ကောင်မလေးတစ်ယောက်ယောက်ကို သေချာပေါက် ကြိုက်သွားလောက်မှာလို့တောင် တွေးမိတယ်။

သူ ငါ့ကိုကြိုက်တယ်လို့ တစ်ခါမှမပြောခဲ့ဖူးဘူး။ ငါတို့အတူနေတာတောင်မှ၊ ခဏခဏ ကာမနယ်ကျွံကြတာတောင်မှ သူ ဒီတစ်ခွန်းတော့ ဘယ်တော့မှ မပြောခဲ့ဘူး။ ပြောလိုက်တာနဲ့ သူကိုယ်တိုင် သူ့ကိုယ်သူ အတည်ပြုလိုက်မိတော့မလိုမျိုး။

ငါလည်း သူ့ကို အဲ့စကား တစ်ခါမှ မပြောဖူးဘူး။ စာတွေထဲမှာ တစ်ခါနှစ်ခါလောက်ပဲ ထည့်ရေးဖူးတာ။ "ငါ မင်းကိုချစ်တယ်"ဆိုတဲ့ စကားက ပြောထွက်ဖို့ ခက်ခဲ့တယ်။

Waiting Until 35 Years Old (Myanmar Translation)Where stories live. Discover now