"ဒါဆိုရင် သူတို့က သိပ်လှတာပဲလား""ဒါပေါ့ မင်းသားလေးရဲ့ အချို့ဆို သူတို့ရဲ့
လှပမှုကြောင့် ရူးသွပ်သွားကြသတဲ့""အစ်မတော်ရဲ့ လှပမှုတွေထက်တောင်ပိုပြီးတော့လား"
စိတ်ဝင်တစား မေးမြန်းနေသည့်
မင်းသားငယ်လေးရဲ့ မျက်လုံးအိမ်တွေဟာ
ကြယ်စင်တွေကဲ့သို့ ဖြိုးဖြတ်လင်းလက်နေသည်။အဖြူစွတ်စွတ်ဝတ်ရုံလွှာနဲ့ မင်းသားလေးဟာ လောကကိုအေးချမ်းစေသည့်
စန္ဒာလမင်းကဲ့သို့ မျက်နှာကလေးကပင်
မြင်ရသူ ရင်ကိုအေးချမ်းစေသည်။အများသူငါကလေးတွေလို မိခင်
ရင်ခွင်၌ချွဲနွဲ့မှုတို့အတိမရှိ၊ပြေးလွှားဆော့ကစားမှုတို့ထက် စာအုပ်စာပေများနှင့် မွေ့လျော်အချိန်ကုန်နေတတ်သည်။လက်ထဲစာအုပ်တစ်အုပ်ရှိနေလျှင် ကမ္ဘာတစ်ခုလုံးကိုပါလျစ်လှူရှုထားနိုင်သည့် ရေမြှေ့သခင်အရှင်၏သားငယ်။"အထိန်းတော်ယန် သားတော်ကိုဘာအကြောင်းကြောင့်များ တားမြစ်ထားတဲ့အယုတ်အညံ့တွေအကြောင်း ပြောပြနေရသလဲ!"
တံခါးကိုအလျင်တဆောဖွင့်ပြီး
ီနီရဲနေသော မျက်သားအစုံနဲ့
သူ့အား ဒေါသတကြီးဆူပူအော်ဟစ်လာသည့်
အရှင်မ။တစ်ချိန်တစ်ခါကလို နူးညံ့ခြင်းအလျဉ်း
ပြီးသည့်အရှင်မနှင့်မတူတော့ပြီ။နဖူးပြင်ပြေပြတွေင် ချွေးစတို့နေရာယူထားပြီး ပြင်ပြင်ဆင်ဆင်ဝတ်လေ့မရှိတာကြာပြီဖြစ်သော ဝတ်ရုံတို့ကလဲ ဖိုသီဖက်သီ။ဆံစတို့သည်လဲ မသေမသပ်။"မယ်မယ်ဘုရား သားတော်အတင်းမေးလို့
ယန်ယန်က ပြောပြနေတာပါ"စာဖတ်စားပွဲရှေ့ထိုင်နေဆဲ သားတော်ဟာ
သူမ၏ဖရိုဖရဲပုံစံကို သာမန်မြင်တွေ့နေကျ မြင်ကွင်းကဲ့သို့ အာရုံမစိုက်ပဲ ခပ်အေးအေး
ဝင်ဖြေလာသည်။"သားငယ် မယ်မယ့်ဆီလာပါအုံး"
,
အထိန်းတော်ယန်အား မာန်မဲနေရာမှ
ဂရုစိုက်ပေးခြင်းတို့ကင်းကွာလျက်ထားခဲ့မိသော
သားငယ်ထံ လက်တို့ဖြန့်ကားလျက် ရင်ခွင်ကို
ဖွင့်ဟလိုက္မိသည်။ထိုင်နေရာမှ ဝတ်ရုံတို့ကိုလက်ဖြင့် ဖြန့်ဖြူးအောင်ပြင်ဆင်ပြီး သူမဆီလှမ်းလာသည့်သားငယ်။အရင်ကလို ချစ်စဖွယ်အမူအရာတို့ ကင်းမဲ့နေသည့် သားငယ်ဟာ သူမတို့၏အပူဇောတွေကို နားလည်သည့်အလျောက် သူမဆီလာရန်ငိုယိုပူဆာခြင်းတို့ပင်မရှိ။ငယ်ငယ်ရွယ်ရွယ်နှင့် လူကြီးတစ်ယောက်ကဲ့သို့ရင့်ကျက်နေသည်ကို သူမရင်ထဲမကောင်းမိသော်လဲ အဘယ်သို့တတ်နိုင်မည်နည်း။
![](https://img.wattpad.com/cover/285967166-288-k276378.jpg)
YOU ARE READING
野花雪月(Wild Flower And Snow Moon)
Ficción históricaᴴᵉ ᵗᵃᵘᵍʰᵗ ᵐᵉ ʰᵒʷ ᵗᵒ ˡᵒᵛᵉ ᵇᵘᵗ ⁿᵒᵗ ʰᵒʷ ᵗᵒ ˢᵗᵒᵖ