(Unicode)စျေးဝယ်နေရင်းဖြင့်၊ ရှင်ယဲ့ ဒီကမ္ဘာပေါ်ရှိ သိသင့်သိထိုက်သော အခြေခံအကြောင်းအရာများအား မေးမြန်းစုံစမ်းခဲ့သည်။
ဒီကမ္ဘာပေါ်တွင် ပြည်သူများက သူတို့ရဲ့ မြေပေါ်မှ မခွဲမခွာနေထိုင်ကြပြီး၊ လူအနည်းစုကသာ အိမ်ကိုစွန့်ပြီး တခြားအရပ်သို့ ပြောင်းရွှေ့ခြင်းမျိုး ရှိကြသည်။ ခရီးသွားအများစုမှာတော့ နယ်တကာ လှည့်လည်သွားလာကြသည့် ကဗျာဆရာများ၊ ခွန်အားကြီးမားအောင် လေ့ကျင့်ချင်သည့် စစ်သည်များနှင့်၊ အစေခံနှင့် မြင်းများခြံရံကာ သွားလာတတ်ကြသော ချမ်းသာကြွယ်ဝသည့် မင်းမျိုးမင်းနွယ်များပင် ဖြစ်ကြသည်။ ထိုသူများက ပုံမှန် အရက်ဆိုင်များ၊ တည်ခိုခန်းများ၊ လယ်ခင်းများ၊ ရဲတိုက်များ ဒါမှမဟုတ် Churchကျောင်းများတွင် တည်းခိုလေ့ရှိကြသည်။ ထိုနေရာများထဲမှာမှ အရက်ဆိုင် ပတ်ဝန်းကျင်မှာ နုံချာလှပြီး အရည်အသွေး အညံ့ဖျင်းဆုံးဖြစ်လေသည်။ ပုံမှန် ခရီးသွားကဗျာဆရာများနှင့် ဘာသာရေးကိုင်းရှိုင်းသူများကသာ ထိုနေရာတွင် နေတတ်ကြပြီး၊ စစ်သည်များကတော့ သူတို့မြင်းတွေကို ကြည့်ပေးမယ့်လူသာ မလိုအပ်လျှင် အရက်ဆိုင်ထက် အပြင်မှာသာ တည်းကြမည်ဖြစ်သည်။
ရှင်ယဲ့အတွက်ကတော့ အရက်ဆိုင်ကသာ သတင်းများစုဆောင်းဖို့ အကောင်းဆုံးနေရာဖြစ်ေလသည်။ ရှင်ယဲ့မှာ နေရာထိုင်ခင်းများနှင့် ပတ်သက်ပြီး ဂျီးမများတတ်ချေ။ ဘယ်လောက်ပဲ ရှုပ်ပွနေပါစေ သည်းခံပြီး နေနိုင်လေသည်။
ဒီခန္ဓာကိုယ်၏ ရင်ဘတ်မှာ အဝတ်တစ်ခုဖြင့် တင်းတင်းကြပ်ကြပ် ပတ်ထားတာတောင် တော်တော်လေးကြီးနေသေးေလသည်။ အနည်းငယ် ဖောင်းနေသည့်နေရာမှာ သိသာနေသောကြောင့် ရှင်ယဲ့ အဝတ်များပေါ်တွင် ဝတ်ရုံတစ်ခုကို ထပ်ခြုံလိုက်ရသည်။ သူ၏ မြင်းကို ထားရန် နေရာတစ်ခု ရှာတွေ့သွားပြီးနောက် ရှင်ယဲ့ အရက်ဆိုင်ထဲဝင်ကာ ဘီယာတစ်ခွက်မှာလိုက်သည်။ ထို့နောက် ထောင့်တစ်နေရာတွင် ထိုင်လိုက်ပြီး အခြားသူများ ပြောသည့်စကားများကို တိတ်တဆိတ် နားစွင့်နေလိုက်သည်။
ESTÁS LEYENDO
High Energy QR Code [ Myanmar translation ]
FantasíaTitle - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fantasy, Romance Chapters - 251 chapters + 19 extras English trans: by Kiki https://isotls.com/high-energy-qr-code/ I do not own this novel. F...