1.3

443 67 5
                                    

စုလင်း ထမင်းစားပွဲရဲ့ ထိပ်ဆုံးအစွန်သိူ့လျောက်သွားလိုက်ပြီး ထိုင်ခုံကိုဆွဲထုတ်ကာ လူအားလုံးရဲ့အကြည့်ကို လျစ်လျူရှုရင်း သက်သောင့်သက်သာ ဝင်ထိုင်လိုက်သည်။

"စုလင်း" ပါးပါးစုက သူ့သားရဲ့နာမည်ကို တိုးတိုးလေးခေါ်လိုက်သည်။။ယခုဖြစ်ရပ်ကြောင့် ပါးပါးစု ခုထိ စိတ်တွေမတည်ငြိမ်နိုင်သေး။

"ကောင်းတယ် ကောင်းတယ် ခုလိုမနက်ခင်းမှာ မင်းပါးပါးတို့နဲ့ မနက်စာလာစားတာ အရမ်းကောင်းတယ်" လို့ပြောရင်း ပါးပါးစု က သူ့သားကြီးရဲ့ တုန့်ပြန်မှုကို အာရုံအပြည့်ပြီး ကြည့်နေလိုက်သည်။

စုလင်းက ထိုင်ခုံကျောဘက်သို့ အနည်းငယ်မှီလိုက်ကာ ပေါင်ပေါ်တင်ထားတဲ့ သူ့လက်ချောင်းတွေက အကျင့်တိုင်း တစ်တောက်တောက်ခေါက်နေလိုက်သည်။

"ပါးပါး, ကျွန်တော် ခုကစပြီးအပြင်ထွက်ပြီး ပါးပါးရဲ့အလုပ်တွေကူပေးချင်တယ်, ပြီးတော့ ကျွန်တော် ခုကစပြီး လူမှုပတ်ဝန်းကျင်တွေမှာလဲ ပါဝင်လှုပ်ရှားသင့်ပြီလို့ထင်တယ်, ကျွန်တော့်အချိန်အများစုကို အခန်းထဲမှာပဲပိတ်လှောင်ပြီး ပါးနဲ့မား တို့ကိုပါလျစ်လျူရှုပြီးအထီးကျန်စွာ မကုန်ဆုံးသင့်ဘူးလို့ကျွန်တော်တွေးမိတယ်"

စုလင်းဟာပြောရင်း ရုတ်တရက် ထိုင်ခုံပေါ်မှ ထကာ ကြမ်းခင်းပေါ်သို့ ရုတ်တရက်ဒူးထောက်ချလိုက်ပြီး

"ကျွန် ကျွန်တော်ကအသုံးမကျတဲ့ တာဝန်မကျေတဲ့ လူဖျင်းလူညံ့တစ်ယောက်ပဲ" ဟုစုလင်းက သူ့ကိုယ်သူအပြစ်တင်သည့်လေသံဖြင့် တောင်းပန်လိုက်သည်။

စုလင်း သူ့ရဲ့ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုကို စိတ်ထဲကနေလအားရစွာချီးကျူးနေတော့သည်။

ထိုချိန်ရုတ်တရက် စားပွဲတစ်ခုလုံး၌ ကြီးမားတဲ့အဖြစ်ပျက်ကြောင့် လူတိူင်းအံ့ဩသွားသည်။

စုလင်းလဲရုတ်တရက်အဖတ်ခံလိုက်ရတာကြောင့် ထိတ်လန့်သွားမိသည်

ပါးပါးစုက ဒူးထောက်နေတဲ့ စုလင်းဆီ သွားလိုက်ပြီး စုလင်းလိုပင် ဒူးထောက်ချကာ သူ့သားရဲ့ ပုခုံးနှစ်ဖက်ကို အတင်းကျပ်ဆုပ်ကိုင်ရင်း သူ့ရင်ခွင်ထဲသို့ဆွဲဖတ်လိုက်သည်။

System... I really don't care (BL) ဘာသာပြန်Where stories live. Discover now