ထူးဆန်းသောအရာ

239 21 0
                                    

He

Part 1

"ဝါးးး လှလိုက်တာ.... "

၉နှစ်ကျော်ကျော် လောက်ဘဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက် ရဲ့
အံသြသွားတဲ့ အာမေဋိတ်သံလေး......

သူအံသြရင်လဲ..အံသြစရာ...

ပင်လယ်ကမ်းခြေရဲ့ ကျောက်ဆောင်နှစ်ခုကြားကထွက်ပေါ်လာတဲ့
အလင်းတန်းလေးတစ်ခု.....

သိပ်ကို လှပဆန်းကြယ်လှတယ်.....

ထိုကလေး ရဲ့ စူးစမ်းလိုတဲ့စိတ်က ထိုအရာကို ကိုင်တွယ်ဖို့နိုးဆော်နေတယ်.......

သူ့ရဲ့ သေးငယ်လှပြီး..နူးညံ့အိစက်တဲ့ လက်ကလေးနဲ့...ထိုအရာကိုထိတွေ့ရန်....ကိုင်လိုက်ချိန်........

***********************
Minnieတစ်ယောက် သူမသူငယ်ချင်းတွေနဲ့...ကမ်းခြေကို အပျော်ခရီးထွက်လာခဲ့တယ်......

ကမ်းခြေဆိုပေမယ့်လည်း..နာမည်ကြီးကမ်းခြမဟုတ်

ပြည်နယ်လေးတစ်ခုရဲ့..လူအသွားအလာနည်းပါးတဲ့..ကမ်းခြေလေးတစ်ခုဆီသို့...

ဒီနေ့က သူမရဲ့ ၂၃နှစ်ပြည့် မွေးနေ့ လေ....

ဒီခရီးကို... သွားဖို့..သဘောမတူပေမယ့်...အချစ်ဆုံးသူငယ်ချင်းနှစ်​ယောက်ရဲ့
ဆန္ဒကြောင့်ထွက်လာခဲ့ရတယ်.....

တစ်ဖြေးဖြေး နဲ့...သူမတို့ရဲ့ ကားငယ်လေးဟာ...ထိုနေရာရဲ့ဟိုတယ်ကို ရောက်လာခဲ့တယ်။

Minnieတို့သူငယ်ချင်းတွေကလည်း ကိုယ့်အထုတ်အပိုးလေးတွေကို သယ်ကာ...ဟိုတယ်ထဲဝင်လာခဲ့တယ်.....

Minnieတစ်ယောက် ခရီးပန်းနေပေမယ့် သူမသူငယ်ချင်းတွေရဲ့..ဆွဲခေါ်မှုကြောင့်...ပင်လယ်ရှိရာသို့စိတ်မပါလက်မပါနဲ့ဘဲထွက်လာခဲ့ရတယ် ။

Yoonက...Minnieရဲ့ လက်ကိုဆွဲကာ....

"လာပါ...lee Minnieရယ်....နင်ကလည်း...ကိုယ့်မွေးနေ့မှာသူငယ်ချင်း တွေနဲ့ ခရီးထွက်တာ...မျက်နှာကြီးက ဘယ်လိုဖြစ်နေတာတုန်း..."

Linaလဲ..yoonစကား ကို ထောက်ခံတဲ့အနေနဲ့...Minnieရဲ့လက်ကိုချိတ်ကာ

"ဟုတ်ပ့...နင်ကလဲ...မသိရင်....ငါတို့ကဘဲ.. နင့်ကို ပြန်ပေးဆွဲမလို့အတင်းခေါ်လာတာကြနေတာဘဲ..."

HeWhere stories live. Discover now