Unicode version...
"boss စုံစမ်းခိုင်းတဲ့ ကိစ္စသိရပါပြီ"
လှိုင်းလေးလို ကူးခတ်သွားတဲ့ အသံသာသာလေးနဲ့ ထိုအမျိုးသမီးလေးက သူမရဲ့ အရှေ့မှာဘက်က ပုခုံးရှည်ရှည် ကျောပြင်တောင့်တောင့်နဲ့ ပုရိသတစ်ယောက်ကို ခပ်တွေတွေလေး မျှော်စင်ငေးလို့ ဖြေသံကို ဂရုတစိုက်နားစွင့်တယ်။
ဖြေသံပြန်ပေးခြင်း အလျှင်းမဲ့စွာဘဲ ဆေးလိပ်တိုကို မီးသတ်ခွက်နှုတ်ခမ်းပေါ်တင်လို့ လှည့်ကြည့်လာတဲ့ ထိုပုရိသကောင်းက မျက်ဝန်းတွေ ကျဉ်းထားပြီး အကြည့်စူးစူးတွေက ပျိုမဒီအပေါင်းတို့၏ နှလုံးထဲကို အချစ်မွှန်းပြီး သေဆုံးစေနိုင်လောက်တယ်။
ကြေးမှုန်တစ်ချပ်လို ကိုယ့်ရဲ့ ရူပကာကိုတောင် ဝေဝါးစွာ ပြန်မြင်နိုင်လောက်အောင် ဖိနပ်တိုက်သမားရဲ့ ပြောင်မြောက်တဲ့ လက်ရာအောက်မှာ တောက်လင်းနေတဲ့ ဖိနပ်ကို ဝတ်ထားတဲ့ ခြေတံရှည်ရှည်တစ်စုံက သူမရဲ့ အရှေ့ကို ဦးတည်နေတယ်။
ခြေတစ်လှမ်းတိုင်းက အေးစက်မှုတို့ အလုံးအရင်း ကိန်းအောင်းနေပြီး ဖိနပ်တစ်စုံ သူမရဲ့ရှေ့လာရပ်တဲ့ အခါမှာတော့ အသက်အောင့်လိုက်မိတယ်။ မေးလေးမော့လို့ တင်ငေးဖူးတဲ့ ၆ပေ၃လက်မခွဲ အရပ်ပိုင်ရှင်က မိန်းကလေးတိုင်းရဲ့ နှင်းဆီခိုင်လေး
ပျားရည်လို ချိုမြိန်တဲ့ အတွေးလောကစီ အခြေချမိတဲ့ သူမက tattoo တွေ အပြည့်အဝနေရာယူနေတဲ့ လက်တစ်ဖက်ရဲ့ လက်ဖျောက်တစ်ချက်တီးသံမှာ အသိပြန်ကပ်ပြီး အပြာတလဲလဲဖြင့် ခေါင်းငုံ့သွားတယ်
ဒီလောကမှာ ရှောင်ကျန့်ရဲ့ ဇနီးလောင်းကဘဲ ရှောင်ကျန့်ကို မော်ကြည့်ခွင့်ရှိမယ်။
"Boss စုံစမ်းခိုင်းတဲ့ သတင်းသိရပါပြီရှင့်"
ရင်ထွေးပွေ့ထားတဲ့ မီးခိုးရောင် File ကို ကမ်းပေးပြီး အနက်ရောင်မျက်မှန်ကိုင်းလေးကို ပင့်တင်လို့ အစီရင်ခံနေတဲ့ သူမကို ချက်ချင်းအကြည့်လွဲသွားတဲ့ ရှောင်ကျန့်က ကမ်းပေးလာတဲ့ File ကို လှမ်းယူရင်း file ရဲ့ ချိတ်(ဂျိတ်) ကို ဖြုတ်တယ်။
YOU ARE READING
HOW THE LOVE GREW?
FanfictionXiao Zhan × Wang Yibo Xiaobo~~ If you love me,you will be hurt babe... Start publish date - [ 24.9.2021 ]