[ 2 ] You will belong to me...

1K 114 8
                                    

Unicode version...

   
"မင်းအဒေါ်အခုတလော အရမ်းတွေ အလှပြင်ပြီး အပြင်ထွက်နေတယ်နော်"

ပေါင်ပေါ်မှာ အိပ်နေတဲ့ ရိုနာလေးရဲ့ ခေါင်းကို ပွတ်သပ်ပေးရင်း ကလေးဆိုးကြီးလို ဆူပုတ်ပြီး ပြောနေတဲ့ လျူရန်ကောကြောင့် ခပ်နွေးနွေး နေရောင်ခြည်တွေ ကျရောက်နေတဲ့ အိမ်ပေါက်ဝမှာ ထိုင်ပြီး ကြိုးဖိနပ်စီးနေတဲ့ ရိပေါ်က ခပ်ဖွဖွရယ်တယ်

ဖိနပ်စီးပြီးတာနဲ့ မတ်တပ်ထရပ်တဲ့ ​ကောင်လေးက ချည်အပျော့သား အကျီပွပွလေးကို လည်အိုက်အိုက်နှင့် ဖြစ်ပြီး အကျီထဲ နစ်မြုပ်နေအောင် ဝတ်ထားတဲ့ လက်ချောင်းလေးတွေက စက္ကူအိတ်ကို လှမ်းယူတယ်။

"ကော တူမလေးနှစ်ယောက်ကို စိတ်ချမယ်နော်"

"Ok! စိတ်ချထားလိုက် ငါ့ရဲ့ အနာဂတ်သမီးလောင်းတွေကို မျက်စိအောက်ကကို အပျောက်မခံဘူး"

လက်ပြပြီး လှမ်းပြောတဲ့ လျူရန်ကောကို မနိုင်ဘူးဟုသာ ပြောရင်း နှုတ်ဆက်ပြီး အိမ်ပြင်ထွက်လာတဲ့ ကောင်လေးက လမ်းမကျဉ်းကျဉ်းပေါ် အဖြူရောင်ဖိနပ်လေးတွေကို ခြေချစေလိုက်တယ်။

ကတ္တရာလမ်းရဲ့ အလယ်တည့်တည့်မှာ အဖြူရောင် ဆွဲကြောင်းကြီး,မရှိတဲ့ ရိုးရိုးလမ်းမလေးထက်မှာ စိမ်းလွှင့်လွှင့် သစ်ရွက်လေးတွေက အနောက်ဘက်ကို တိုက်ခတ်လာတဲ့ လေအေးတွေနဲ့အတူ တစ်ချို့က လေထဲမှာ စီးမျောကခုန်နေကြတယ်။

တစ်ချို့က ကတ္တရာလမ်းပေါ် ကျရောက်နေပြီး အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်နေကြတယ်။ အပြာရောင်မိုးကောင်းကင်ရဲ့ အောက်ဆုံးအလွှာမှာ တစ်အိမ်နဲ့ တစ်အိမ်ဆက်သွယ်ထားတဲ့ ဝါယာကြိုးတန်းလေးတွေ ရှိပြီး လမ်းထိပ်မှာ ဓာတ်တိုင်ကြီးတစ်တိုင်က နေရာယူနေတယ်။

လေအေးတွေက တဖြူးဖြူးတိုက်ခတ်ပြီး အိုက်စက်စက်ပူစေတဲ့ နေမင်းကြီးဟာ ကောင်းကင်ပေါ်မှာ ထွန်းတောက်နေတဲ့ မြင်ကွင်းက ဒီကနေ့ ရာသီဥတုကို ပြောပါဆို အေးမြနွေးထွေးတဲ့ နေသာသော ရာသီဥတုပါပင်။

ထို့အပြင် တိမ်ကင်းစင်နေတဲ့ ကောင်းကင်ပြာနဲ့အတူ အပြိုင်လှနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။

HOW THE LOVE GREW?Where stories live. Discover now