[ 3 ] Ego of you

1K 107 12
                                    

Unicode version...

   

ရေမွှေးပုလင်းကို မှန်တင်ခုံပေါ်တင်ပြီး ဂျယ်စေးနဲ့ ဆံပင်ကို အနောက်သပ်ချနေတဲ့ ရှောင်ကျန့်။

ခေါင်းဖီးနဲ့ဆံပင်ကိုလှန်တင်ပြီး ခုံပေါ် ပြန်တင်ရင်း လက်က ကော်လံက ကြယ်သီးကိုတပ်ကာ အပေါ်ကုဒ်ကို ကောက်စွတ်ပြီး ဟန်ပါပါသပ်၍ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်နေတုန်းမှာ အိပ်ယာပေါ်တင်ထားတဲ့ phoneက ခေါ်ဆိုမှု တစ်ခုဝင်ရောက်လာတယ်။

Black suit ကို သေသပ်စွာ ပြင်ဆင်ပြီးတာနဲ့ အိပ်ယာနားကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာပြီး phone ကို ကိုင်ကာ နားရွက်နား ကပ်ရင်း ကော်ရစ်တာဘက် ထွက်လာခဲ့တယ်။

"နှိုးပြီလား ကျန့်"

"ယင်း ကိုယ့်စီဖုန်းဆက်တာ အကြောင်းရှိလို့လား"

လက်က နာရီကို တစ်ချက်ကြည့်ကာ မျက်မှောင်ကျုံ့ပြီး ရှောင်ကျန့်က လက်တစ်ဖက်ကို လက်ရန်းပေါ် ထောက်လို့ ရှန်ဟိုင်းမြို့ကို အမြင့်ကနေ ရှုစားရင်း ဆိုတယ်။

ရေချိုးသန့်စင်ထားလို့ မျက်နှာပုံစံပါမက ပြောဆိုဆက်ဆံသည့် စကားသံကပါ လန်းဆန်းနေတာကို သတိထားမိပုံရတဲ့ ယင်းရူက အသံတိုးတိုးဖြင့် ချိုသာစွာ ရယ်တယ်။

"ဒီနေ့ကရုံပိတ်ရက်ဆိုတော့ ကျန့် ယင်းကို အချိန်ပေးနိုင်မလား"

"ကိုယ်ညနေပိုင်းတော့ အားတယ်ယင်း"

"ok.. ယင်း ကျန့်ရဲ့ အတွင်းရေးမှူးလေးစီကို အချိန်နဲ့ နေရာ ပို့ထားပေးမယ်နော်၊ bye "

"Bye"

Phone ကျသွားတာနဲ့ ဘောင်းဘီအိတ်ထဲ ထည့်ပြီး အိမ်အကူတိုက်ထားပေးတဲ့ ရှူးဖိနပ်ကို စီးရင်း အိမ်ရဲ့ မြေညီထပ်စီ ပုံမှန်ခြေလှမ်းဖြင့် ဆင်းလာပြီး မိသားစုဧည့်ခန်းကို ကျော်ရင်း အိမ်ပြင်ကို ခြေချလိုက်တယ်။

နေသာတဲ့ နေ့တစ်နေ့မှာ စိမ်းလန်းစိုပြေနေတဲ့ ခြံဝန်းကျယ်ကြီးထဲက မြက်ခင်းစိမ်းကို ကြည့်ရင်း အသက်ဝဝရှူတဲ့ ရှောင်ကျန့်က ခြေတံတွေကို အလုပ်စပေးပြီး အိမ်ရှေ့အမိုးအောက်မှာ ထိုးရပ်ထားတဲ့ car စီကို လှမ်းလာခဲ့တယ်

HOW THE LOVE GREW?Where stories live. Discover now