SMILE OR DIE / UNICODE

2.5K 211 29
                                    

REMINDER!!
IT'S JUST FICTION. DON'T TAKE IT SERIOUSLY.

/ Blood warning ⚠️ /
/ Read at your own risk /

" ပြုံးလေ...ဘာလို့ မပြုံးတာလဲ
ကိုယ့်အရှေ့မှာဆို အမြဲ ပြုံးနေလို့ ကိုယ်ပြောထားတယ်မလား "

မြေအောက်ခန်းထဲက ဟိန်းထွက်လာတဲ့ ခပ်ဩဩအသံက ခမ်းနားတဲ့ အိမ်ပေါ်ထိ ပျံ့နှံ့လျက်...

ဆောနူ သူ့ရှေ့က လူကို ရွံရှာမုန်းတီးစွာ ကြည့်လိုက်တယ် ။

" လွှတ်ပေးဖို့ အချိန်တန်နေပြီ မထင်ဘူးလား "

ဆောနူမေးတော့ သူက ခပ်ထေ့ထေ့ပြုံးတယ် ။

" ဘာလို့ လွတ်မြောက်ချင်နေရတာလဲ
ပျော်တယ်မဟုတ်လား...ဆောနူ ကြိုက်တဲ့ ရွှေဒင်္ဂါးတွေနဲ့ နေရတာ "

ခွေးကောင်လို့ ခပ်တိုးတိုး ရေရွတ်လိုက်သည် ။

ရည်ရွယ်သူက ကြားသွားသည် ထင်ပါရဲ့...
အစွယ်ဖြူဖြူတွေကို လှစ်ခနဲ ထုတ်ပြရင်း တစ်ချက်ရယ်သည် ။
သောက်ရမ်း ရူးနေသလောက် သောက်ရမ်းချောတယ် ဆိုတဲ့ ထိုအမှန်တရားကို လက်ခံလာတာ ဆယ်နှစ်ပြည့်ခဲ့ပြီး ။

ဒီမြေအောက်ခန်းထဲ ရောက်နေတာလဲ 10 နှစ်နဲ့ 8 ရက်မြောက်နေ့ပေါ့...တစ်နည်းအားဖြင့် သွက်သွက်ခါအောင် ရူးနေတဲ့ ဒီလူဆီက သူလွတ်မြောက်ရမယ့်နေ့...
သူ့အောက်က ဒင်္ဂါးပြားတွေ 3660 ခုပြည့်တဲ့ နေ့...
အရာအားလုံးပြီးဆုံးမယ့်နေ့...

“ ဘာပဲဖြစ်ဖြစ် ဒီနေ့ ခင်ဗျား ကျွန်တော့်ကို လွတ်ပေးရတော့မှာကတော့ အမှန်တရားပါပဲ ”

Luxury အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ အခန်းထဲမှာ ဘွတ်ဖိနပ်အသံက ထင်ထင်ရှားရှား...
ဒူးတစ်ဖက်ထောက်ချလိုက်ရင်း ဆောနူ့ လက်နှစ်ဖက်က သံကြိုးတွေကို လေချွန်ရင်း ဖြုတ်ပေးနေတဲ့ ထိုလူ...

လွတ်မြောက်သွားသည်နှင့် ဆောနူ လက်နှစ်ဖက်ကို တစ်ချက် ခါထုတ်လိုက်သည် ။ ထုံကျဉ်တဲ့ ခံစားချက်ကြောင့် ဆောနူ လက်ကို ကောင်းကောင်းသုံးလို့မရသေး...

အခန်းအလယ်က ဆိုဖာမှာ သွားထိုင်ရင်း ဝီစကီကို ခွက်ထဲ လောင်းထည့်တဲ့အထိ ထိုလူရဲ့ လှုပ်ရှားမှု မှန်သမျှကို ဆောနူ မမှိတ်မသုံ ကြည့်နေမိသည် ။

SMILE OR DIE | SUNSUN ✓Where stories live. Discover now