Part-1 unicode

2.2K 70 2
                                    

မနက် 7နာရီနိုးလာခဲ့ပြီးဖြစ်တဲ့ဂျွန်ဂျောင်ဂု
ရေမိုးချိုးကျောင်းသွားရန်ပြင်ဆင်နေချိန်အောက်ထပ်မှအမေကလှမ်းနှိုးတယ်

"သားရေနိုးပြီလား"
"နိုးပြီအမေ သားဆင်းလာခဲ့မယ်"

အောက်ရောက်တော့အမေကမနက်စာစားဖို့ခေါ်သည်

"သား လာ စားလေ"
"သား အသစ်ဖွင့်တဲ့ ကော်ဖီဆိုင်က ကော်ဖီသောက်ချင်လို့ မစားတော့ဘူး သွားပြီအမေ"

ကားနဲ့ထွက်လာခဲ့တယ်ကော်ဖီဆိုင်ရောက်တော့ကားပါကင်ထိုးရင်း မြင်လိုက်ရတာက..

💜💜💜💜

မနက်6နာရီကတည်းကထလို့
ပထမနှစ်စတက်ဖို့ ပြင်ဆင်နေသောထယ်ယောင်း.. 6ခွဲလောက်ပြင်ဆင်တာပြီးခဲ့ပြီ

"မေမေ ကျွန်တော်သွားတော့မို့ ကားသော့ရော"
"ဧည့်ခန်းထဲက စားပွဲပေါ်မှာ မနက်စာမစားဘူးလား"
"အပြင်ရောက်မှကိတ်ဝယ်စားတော့မယ် သွားပြီ......"

ကိတ်မုန့်ကိုစတော်ဘယ်ရီအရာသာနဲ့စားနေကျမို့ သူအထက်တန်းကျောက်းပြီးကတည်းကမစားရတာကြာပြီမို့စားနေကျဆိုင်ထဲကိုဝင်ရန်ကားပါကင်ထိုးပြီး ဆိုင်တံခါးဖွင့်ဖို့ တံခါးလက်ကိုင်ကိုင်လိုက်တဲ့အချိန်သူစိမ်းလူတစ်ယောက်မှထယ်ယောင်းလက်ပေါ်ကိုထပ်ကိုင်တာ

"ခဗျားလက်ကို ငါ့လက်ပေါ်ကအမြန်ဆုံးဖယ်ရင်ကောင်းမယ်"
"မဖယ်ဘူးကွာ မဖယ်တော့ဘာဖြစ်ချင်လဲ"
"ဪ......."

ထယ်ယောင်းမှထိုလူကိုထိုးရန်အလုပ်သူ့ထက်လက်မြန်သူ ဂျောင်ဂုမှဝင်ပြီး 6ချက်ဆင့်ထိုးပြီးထိုလူကိုပြောလိုက်တယ်

"နောက်ခါ ငါ့အပိုင်ကိုထိရင်ငရဲရောက်မယ်
ကြားလားစောက်နားက"

ထိုလူမှကြောက်ကာထွက်ပြေးသွားပြီ
ဂျောင်ဂု ထယ်ယောင်းအားလှည့်ကြည့်တော့သူ့နားမရှိအနီးအနားကြည့်မိတော့ကိတ်ဆိုင်ထဲဝင်ပြီးကိတ်ကိုစားနေသည်ဂျောင်ဂုသွားကာ

"ဒီက ဘာဖြစ်သွားသေးလဲ မသိဘူး"
"ဘာမှတော့မဖြစ်ဘူး စိတ်တိုတော့တိုတယ်"
"ဘာဖြစ်လို့လဲ ကိုယ်သူ့ကိုထိုးလိုက်ပြီလေ"
"အဲ့တာကိုဘဲ စိတ်တိုနေတာ ကျွန်တော်ထိုးမှာကို ခဗျားကလုထိုးတာကို"
"ဪ..အဲ့တာကြောင့်ကို ထိုးချင်ရင်ကိုယ့်ကိုထိုးလေ"
"ထိုးမယ် လာခဲ့ ဒီနားကို"

Bad Daddy And Bad BabyDonde viven las historias. Descúbrelo ahora