မင်္ဂလာခန်းမကိုဝင်ဖို့ရန် အချိန်အနည်းငယ်သာကျန်သည်
သတို့သားဂျောင်ဂုကလဲတဖက်ကအခန်းတခုတွင်
သူနှင့်ထယ်မင်္ဂလာဆောင်ရမှာကြောင့်အရမ်းကိုပျော်နေသည်
ထယ်လဲရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အခန်းတခုတွင် ထိုင်ရင်း
မင်္ဂလာခန်းမထဲဝင်ဖို့အတွက်စောင့်နေသည်
ဂျောင်ဂုအဖေမှ
"သား မင်္ဂလာခန်းမထဲစောင့်နေတော့နော်
ခနနေမင်္ဂလာကျရောက်တော့မှာ ကွ"သူ့သားကိုဂုဏ်ယူအားရစွာနဲ့ပြောနေခြင်း
"ကောင်းပါပြီ အဖေ"
ထယ်ကမိဘမရှိတော့သည့်အတွက်ဂျောင်ဂုအဖေကသာခန်းမထဲဝင်ရန် ဖအေနေရာနေပေးရမည်
(ဒါတွေက Sသိပ်ပြိးသေချာမသိလို့မှားရင်ခွင့်လွှတ်နော်)
ခန်းမဝင်တံခါးကိုဖွင့်ပြီး ဂျောင်ဂုအဖေနှင့်အတူ
ထယ်မင်္ဂလာခန်းမထဲဝင်လာပြီ
မျက်နှာထက် စိတ်ထဲကပါသောအပြုံးတို့နှင့်
ကိုယ်ချစ်ရသူကိုလက်ထပ်ရတော့မယ်
အရမ်းကိုပျော်လွန်းပါသည်
ဂျောင်ဂု သူ့ဆီကိုလျှောက်လာနေသော
သတို့သားလေးအားကြည့်ကာအရမ်းကိုအူတွေအသဲတွေယားမိပါသည်
ဂျောင်ဂုနားကို ထယ်ရောက်ပြီ
ဖာသာမှ
#သတို့သားဂျွန်ဂျောင်ဂု သည် သတို့သားကင်ထယ်ယောင်းအား ကောင်းသည်ဆိုးသည်ဖြစ်စေ သက်ဆုံးတိုင် သစ္စာရှိရှိပေါင်းသင်းပါမည်လား#
"ဟုတ်ကဲ့ ကျွန်တော် ဂျွန်ဂျောင်ဂုသည်
သတို့သားကင်ထယ်ယောင်းအား
ကောင်းသည်ဆိုးသည်ဖြစ်စေ
သက်ဆုံးတိုင် သစ္စာရှိရှိပေါင်းသင်းပါမည်"#သတို့သားကင်ထယ်ယောင်းသည် သတို့သားဂျွန်ဂျောင်ဂု အား ကောင်းသည်ဆိုးသည်ဖြစ်စေ သက်ဆုံးတိုင် သစ္စာရှိရှိ ပေါင်းသင်းပါမည်လား#
"ဟုတ်ကဲ့ ကျွန်တော် ကင်ထယ်ယောင်းသည်
သတို့သား ဂျွန်ဂျောင်ဂုအား
ကောင်းသည်ဆိုးသည်ဖြစ်စေ
သက်ဆုံးတိုင် သစ္စာရှိရှိပေါင်းသင်းပါမည်"
YOU ARE READING
Bad Daddy And Bad Baby
RomanceTaeKook Fic အဆွိရောအမှောင်ရောပါမာပါ🌚👨❤️💋👨 18နှစ်မပြည့်ရင်ဖတ်ဖို့မျှော်လင့်ပါတယ် (Saung ကခုမှ၁၆နော်🙊🙉) (Saung လို့ရေးရတာရှည်လို့ S လို့ဘဲ ကိုယ့်ကိုကိုယ်ပြောမယ်နော်)