Part-10(U+Z)

3.4K 283 12
                                    

Zawgyi

လန်ကျန့်တစ်ယောက်..
ရှောင်ကျန့်ကိုအခန်းထဲပွေ့ခေါ်လာပြီး..
အိပ်ယာပေါ်ကိုအသာလေးချပေးပြီး...
မျက်နှာလေးကိုကြည့်လိုက်ပါတယ်...
သူ့ကိုတစ်လမ်းလုံးဆဲတာများရစရာမရှိ..
စောက်ရူးဘုရင် မယားထရူးဘုရင်
ဆဲနည်းပေါင်းစုံနဲ့...
တစ်ခါတလေသူနားမလည်တဲ့စကားတွေပြောသေးတာ

"ဝေ့ရင်း....မင်းကဘယ်လိုဟာလေးလဲ
တဖြည်းဖြည်းနဲ့ငါ့ခံစားချက်တွေသေချာလာပြီထင်တယ်..

လန်ကျန့်လည်းရှောင်ကျန့်မျက်နှာလေးကိုကိုင်ပြီး...
စကားတွေပြောနေမိတယ်...

အတော်ကြာတော့မှ...
လန်ကျန့်လည်းရှောင်ကျန့်ကိုရင်ခွင်ထဲထည့်ပြီး...
အိပ်ယာဝင်လိုက်တယ်...

တိုင်ပတ်နေသူကရွှယ်ယန်...
ရှင်းချန်မင်းကြီးက​ခေါ်ခိုင်းလို့သာ..
ခေါ်လာရတယ်..
ဘယ်ပို့ရမလဲသူမသိ...

"မထူးပါဘူး...
ငါ့အဆောင်ပဲခေါ်သွားမယ်...

အမူးသမားကတော့...
သူ့ကျောပေါ်မှာအိပ်ပျော်လို့...
ရွှယ်ယန်လည်းသူ့အဆောင်ရောက်တော့...
ရှင်းချန်ကိုအိပ်ယာပေါ်တင်ပြီးကြည့်လိုက်တော့

"ပေတေနေတာပဲ...
မဖြစ်ပါဘူး...
သန့်ရှင်းရေးလုပ်ပေးရမယ်...

ရွှယ်ယန်လဲရေဇလုံတစ်ခုနဲ့အဝတ်တစ်ခုယူလာပြီး
ရေပတ်တိုက်ပေးလိုက်တယ်...
တိုက်ပေးရင်းသူတွေးမိတယ်...

"အဟတ်...ငါလဲမင်းနဲ့တွေ့ပြီးဘာတွေဖြစ်လာပါလိမ့်
မလုပ်ဖူးတဲ့အလုပ်တွေလဲလုပ်မိတယ်...

ရွှယ်ယန်ကသက်တော်စောင့်မျိုးရိုးက
သူတို့တွေကဝမ်မင်းဆက်ကဘုရင်တွေယုံကြည်ပြီး
ချီးမြှင့်ခံရသူတွေ...
မျိုးရိုးတစ်ခုလုံးချမ်းသာသူတွေ...
ရွှယ်ယန်ကအလွန်တည်ငြိမ်ပြတ်သားတယ်...
သူများအသားနဲ့ထိတာတောင်မကြိုက်...
ဘယ်သူမှသူ့အနားမကပ်ရဲ...
စဉ်းစားရင်နဲ့ရှင်းချန်ရဲ့
နှုတ်ခမ်းစိုစိုလေးကိုအကြည့်ရောက်သွားတဲ့အခါ...

"နမ်းချင်စရာလေး...
မဟုတ်သေးပါဘူး...
စိတ်လျှော့...စိတ်လျှော့...

ရွှယ်ယန်လည်းလက်ကိုသန့်ရှင်းမလို့ကိုင်လိုက်တော့..

"ဟမ်...ဘာလို့အဝတ်စည်းထားတာလဲ...

System Xiao Lay(ဝေ့ရင်အတွက်လက်စားချေမယ်)//Completed//Where stories live. Discover now