Part-25(U+Z)End

2.6K 144 8
                                    

Zawgyi

18နှစ်ခန့်ကြာပြီးနောက်...

လန်ရှင်းယန်(အိမ်ရှေ့စံ)

လန်ဟွားကျန့်(ကော)

လန်ရှောင်မင်(စစ်သူကြီး)

လန်မေရို(တပ်ချုပ်)

အကြီးဆုံးအိမ်ရှေ့စံလေးကသိပ်ကိုတည်ငြိမ်ပြီး
လန်ကျန့်၏အေးစက်စက်မျက်နှာထားကိုအမွေရထားသူ
အရာအားလုံးကိုဆုံးဖြတ်ချက်ပြတ်သားသူဖြစ်သည်

သို့သော်ထိုတည်ငြိမ် ​အေးစက်မှုများသည် တစ်စုံတစ်ယောက်အတွက်တော့မဟုတ်ခဲ့ပါချေ
လင်းဟွာရုံ...သိပ်ကိုလှပသိမ်မွေ့တဲ့ကောတစ်ယောက်
သူကကောတွေအားလုံးအတွက်တော့စံပြပင်
ကောတွေသိသင့်တက်သင့်တာမှန်သမျှသင်ကြားပေးခဲ့တဲ့
ကောအားလုံးအတွက်တော့ခေါင်းဆောင်ကောင်းပင်
အမြဲပြုံးနေတက်ပြီးအေးချမ်းတဲ့လူသားလေးပင်...

အင်း...လန်ဟွားကျန့်ကတော့ ဝေ့ရင်းရဲ့စပ်စလူးခါမှု
အားလုံးကိုအမွေရထားသူပင်...
သူ့လက်ဆွဲတော်ကမင်ဟွာမင်
မင်ဟွာကားစစ်သူကြီး လန်ရှောင်မင်၏အချစ်တော်ဧကရီလေးပင်

သူတို့နှင့်အတူအပြိုင်မွှေသူကမိန်စုပင်..
နန်းတော်အတွင်းဆူဆူပူပူဖြစ်ပါကထိုအုပ်စု၏လက်ချက်ပင်..တစ်ခါတစ်ရံဧကရီလဲပါဝင်အားဖြည့်တက်သေးသည်...

ည်သူကမျှအပြစ်မဆိုဝံ့ကြပေ..သူတို့နောက်မှာ
အင်အားကြီးသူတွေကရှိနေတာကိုး...

လန်ဟွားကျန့်ကကောအလှလေးဖြစ်တာကြောင့်လိုချင်ကြတဲ့မင်းသားတွေမှတစ်ပုံတစ်ပင်ရှိပါသော်လည်း အချစ်ရေးကိုစိတ်မဝင်စားပေ

'မွှေလို့မဝသေးဟုပြောမြဲသာ..'

နောက်ဆုံးအငယ်ဆုံးလေးကလန်မေရို...
မိန်းကလေးဆိုပေသိတပ်ချုပ်တစ်ဦးဖြစ်နေပေသည်
စစ်တပ်ထဲကမည်သူမဆိုလန်မေရိုအားကြောက်ကြသည်
မည်သူမျှမယှဉ်နိုင်သည့်အမျိုးသမီးတပ်ချုပ်တစ်ဦး

..........
လန်ဟွားကျန့်နန်းဆောင်တွင်ဖြစ်သည်..

"လန်ဟွားကျန့်....ရားးးးးးဒီနေ့တောင်အနောက်ကိုသွားမယ်လို့ပြောထားတာနော်..ပါးပါးအရင်ပြောထားတာနော်
မင်းခမည်းတော်ညီလာခံသွားတာကိုအခွင့်ကောင်းယူပီးထွက်လာရတာလွယ်တယ်ထင်နေလား...

System Xiao Lay(ဝေ့ရင်အတွက်လက်စားချေမယ်)//Completed//Where stories live. Discover now