Flash back
ရား!!!!! လီဒိုဟွန်း!!!! မင်းနာဖို့သာပြင်ထား
အရင်မိအောင်ပဲဖမ်းပါဦးကွာဂျပုလေးရာ မင်းခြေတံတိုတိုလေးတွေနဲ့ငါ့ကိုမိမယ်ထင်နေတာလား။
ရား!!!!!! မင်းကိုငါသတ်ပစ်မယ်။
အပြစ်ကင်းတဲ့၁၀ကျော်သက်အရွယ်ကောင်လေးနှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်စရင်းပြုံးပျော်နေကြတယ်။
အိမ်နီးချင်းတွေဖြစ်သည့်အပြင်မိဘတွေကပါရင်းနှီးတာကြောင့်ငယ်ပေါင်းတွေဆိုလည်းမမှား။အရပ်အနည်းငယ်ပုတဲ့ဂျောင်ဝူးဆိုတဲ့ကောင်လေးကိုအရပ်ခပ်မြင့်မြင့်ဒီုဟွန်းဆိုတဲ့ကောင်လေးကအမြဲစနောက်တက်ပြီးသူတို့ရဲ့ငယ်ဘဝကပျော်စရာအမှတ်တရတွေနဲ့သာပြည့်နှက်နေခဲ့တယ်။ အဲ့နေ့ကသာသူတို့ရန်မဖြစ်ခဲ့ရင်ဒီလိုဖြစ်လာမှာမဟုတ်သလိုထိုကောင်မလေးကလည်းသူတို့ဘဝထဲရောက်မလာခဲ့သင့်ဘူးဂျောင်ဝူး!!! မင်းဒါဘာအချိုးချိုးတာလဲ
ငါဘာလုပ်မိလို့မင်းကဒေါသထွက်နေရတာလဲ
မင်းတစ်ကယ်ပဲမသိတာလားမသိချင်ယောင်ဆောင်နေတာလား။
မင်းပြောနေတာတွေငါတစ်ခုမှနားမလည်ဘူး
အဲ့တာဆိုပြောပြရမှာပေါ့ မင်းငါကြိုက်နေတဲ့ကောင်မလေးနဲ့တွဲနေတဲ့ကိစ္စကိုပြောနေတာကွ
အော် ဘာများလဲလို့ ငါကတွဲချင်လွန်းလို့မဟုတ်ဘူး မင်းကောင်မကငါ့ကိုတမ်းတမ်းဆွဲဖြစ်နေလို့ငါကတွဲပေးလိုက်ရတာ။
မင်း!!!!
စိတ်လျှော့ပါကွာမင်းကလည်းမင်းလိုချင်ရင်ပြောပေါ့ငါပေးပါ့မယ်ကွာ
ခွပ်!!
လူစိတ်မရှိတဲ့ကောင်
ကောင်းလေးတစ်ယောက်ကမျက်ရည်တွေနဲ့လှည့်ထွက်သွားတဲ့အဖြစ်ကိုအထိုးခံလိုက်ရလို့မြေပြင်ပေါ်လဲနေတဲ့ကောင်လေကတော့မသိခဲ့ပေ။
ငါ...ငါသူ့ကိုထိုးလိုက်မိတာလား...ဟာကွာ!!
မင်းငါ့ခံစားချက်တွေကိုမြင်အောင်ကြည့်ပေးလို့မရဘူးလား
ငါးမင်းကိုချစ်နေရတာပင်ပန်းလာပြီကွာ မင်းကလိင်တူချင်းသဘောမကျတာသိပေမဲ့မသိမသာရောသိသိသာသာရောဖွင့်ဟနေတဲ့ငါ့ခံစားချက်တွေကိုမြင်မယ်လို့ထင်ခဲ့တာ။ ငါတစ်ကယ်မှားခဲ့တာပဲ၊ ငါမင်းကိုထက်မချစ်မိအောင်ကောင်မလေးတစ်ယောက်ကိုလိုက်ပြန်တော့လည်းမင်းကအဲ့ကောင်မလေးနဲ့ငါ့ရှေ့မှာတွဲပြတယ်၊ မင်းငါ့ကိုအသေသတ်ချင်နေတာလားငါ့နှလုံးသားတစ်ခုလုံးစုတ်ပြတ်သတ်နေပြီကွ။မင်းနဲ့ငါ့ကြားမှာကာဆီးထားတဲ့အရာသာမရှိရင်မင်းငါ့အနားကိုရောက်လာမယ်မလား။ ဟုတ်တယ်ငါတို့နှစ်ယောက်ကြားမှာကာဆီးနေတဲ့အရာကိုဖျက်ဆီးပစ်ရမယ်။

YOU ARE READING
Psycho Killer (Complete)
Acciónမင်းလိုသူငယ်နှပ်စားလေးကငါ့ကိုသတ်မယ်ပေါ့ မင်းသိပ်တော်တယ် ၁၅နှစ်တောင်ရှိပြီနော်