Soulmates

926 119 7
                                    

ကျွန်တော့်အသက် ၃၀ရှိပြီ။
ဂျေးနှင့်ကျွန်တော် အိမ်ထောင်သက်ကလည်း ၅ နှစ်ရှိသွားပြီဖြစ်သည်။

ကျွန်တော်က Lakers အသင်းနဲ့ဘဲ
စာချုပ်ထပ်ချုပ်ဖြစ်တော့
LAမှာဘဲ ဆက်နေဖြစ်သည်။

ဂျေးကတော့ သူ့ရဲ့ Art တွေက
အနုပညာလောကထဲမှာ
အတော်နာမည်ရလာသည်နှင့်အမျှ
နိုင်ငံတစ်ဝန်းမှာရော
Europe နိုင်ငံတစ်ချို့မှာပါ
Solo Exhibition တွေလုပ်ဖြစ်သည်။

ဂျေးရဲ့ ပန်းချီကားတိုင်းကိုလည်း
ဝယ်လိုမှုအားက အရမ်းများတတ်သည်။
ဂျေးရဲ့ 'The Backdoor' လို့အမည်ပေးထားတဲ့ ပန်ချီကားက USD 20 million dollars နဲ့ လေလံတင်ရောင်းချခဲ့ရသည်။

ပန်းချီပညာကိုနားမလည်ပေမဲ့
ကျွန်တော့်ကို ထိုပန်းချီကားကဆွဲဆောင်ခဲ့သည်။

ဒါပေမဲ့ ဂျေးက ထိုပန်းချီကားကို
ရေးဆွဲနေချိန်က အရမ်းစိတ်ပင်ပန်းနေပုံပေါက်ခဲ့သလို ရေးဆွဲပြီးတော့လည်း
ထိုပန်းချီကားကိုသာ တစ်နေကုန်ထိုင်ကြည့်
နေတတ်သည်။

ဂျေးကရောင်းဖို့ဆုံးဖြတ်လိုက်တော့
ကျွန်တော် သက်ပြင်းချကာ
စိတ်အေးရသည်။

ကျွန်တော် ထိုပန်းချီကားရဲ့နောက်ကွယ်ကအကြောင်းမေးတော့
ဂျေးက ပြုံးပြုံးလေးနှင့် 'မပြောလို့ရလား ဟွန်း' ဟုသာပြောပြီး ကျွန်တော့်ကို
ဖက်ခိုင်းထားသည်။

ဂျေးတစ်ခါမှ အဲ့လောက်ထိ စိတ်ရှုတ်တာ
မမြင်ဖူးတဲ့ကျွန်တော့်အတွက်တော့
ထိုအချိန်က တစ်ကယ်ခြောက်ခြားခဲ့ရသည်။

ဂျေးက ကျွန်တော့်မျက်လုံးကိုကြည့်တာနဲ့
ဘာဖြစ်နေလဲဆိုတာသိပေမဲ့
ဂျေးကတော့ အခုထိခန့်မှန်းရခက်နေဆဲပင်။

တစ်နေ့ကြတော့ ဂျေးက
ကျွန်တော့်ကို အိမ်ပြောင်းရအောင်ဆိုပြီး
ပြောလာခဲ့သည်။

ကျွန်တော့်ရဲ့ Condo က နှစ်ယောက်နေဖို့
အဆင်ပြေပေမဲ့
ဂျေးက အိမ်ပြောင်းရအောင်ဆိုတော့လည်း
ကျွန်တော်တို့နှစ်ယောက်
Beverly Hills မှာဝယ်ထားခဲ့တဲ့
ခြံကို အိမ်ဆောက်ဖို့လုပ်ဖြစ်ကြသည်။

ဂျေးက သူကိုယ်တိုင် အိမ်ဒီဇိုင်းဆွဲပြီးတော့
Interior ကိုလည်း သူအကုန်ပြင်ဆင်သည်။
အစအဆုံး ကျွန်တော်တို့ရဲ့အိမ်အသစ်က
ဂျေးရဲ့ခြေရာလက်ရာတွေဖြစ်သည်။

𝙇𝙀𝙁𝙏  [ COMPLETE ]Where stories live. Discover now