Lovers

1.1K 145 4
                                    

အခုကျွန်တော့် အသက် ၂၀ဖြစ်သည်။
ဂျေးနဲ့ ကျွန်တော်သိတာ ၅နှစ်ရှိသွားပြီ။
ဂျေးကို ကျွန်တော် တစ်ဖက်သတ်ချစ်ခဲ့တာလည်း ၅နှစ်ရှိနေပြီ။

ကျွန်တော် High school မှာတုန်းက
ဂျေးကြောင့် ဘတ်စကတ်ဘောပြန်ကစားဖြစ်ခဲ့သည်။

ဂျေးနှင့် coach ရဲ့ကျေးဇူးကြောင့်
NCAA ရဲ့ full scholarship ရရှိခဲ့ပြီးတော့
ရက်အနည်းအငယ်အတွင်းမှာ
Professional Team Player အနေနဲ့
ကျွန်တော်ပွဲဦးထွက် ကစားရတော့မည်။

ဂျေးကတော့ ကျွန်တော်နှင့်
လက်ရှိမှာ မိုင်လေးထောင်ကျော်ဝေးကာ
ရှိနေသည်။

ကျွန်တော်ကတော့ နယူးယောက်မှာ
တစ်ယောက်ထဲလာနေဖြစ်သည်။

ဂျေးကတော့ Parisက
École des Beaux-Arts မှာ
Fine arts ကို အထူးပြုကာ တက်ရောက်နေသည်။

ဂျေးက ပုံဆွဲရတာ အရမ်းသဘောကျသည်။
ကျွန်တော့်ရှေ့တွင်
စိတ်သက်တောင့်သက်သာနဲ့ ပုံဆွဲသည့်ဂျေးက အမြဲပြုံးရွှင်နေတတ်သည်။

တက္ကသိုလ်တွေ
အသီးသီးမတက်ခင်က
ဂျေးနဲ့ တူတူ ခရီးတိုလေးတွေထွက်ကာ
ပုံထွက်ဆွဲကြသည်။

ကျွန်တော်ကတော့
ဘတ်စကတ်ဘောတစ်လုံးပိုက်ပြီးတော့
ဂျေးနောက်ကို တစ်ကောက်ကောက်လိုက်ကာ ပြုံးနေသည့် ဂျေးကိုသာ
တစ်စိမ့်စိမ့်ထိုင်ကြည့်နေတတ်သည်။

ကျွန်တော် ဂျေးကိုချစ်နေမှန်း
သတိထားမိတဲ့ အချိန်ကလည်း
ကျွန်တော်တို့ နှစ်ယောက်ထဲ Road Trip ထွက်တဲ့ အချိန်ကဖြစ်သည်။

High School Graduation ပြီးတာနဲ့
ကျွန်တော်တို့ မိဘတွေဆီက ခွင့်ပြုချက်ယူပြီးတော့ California က Yosemite Parkကို
Camping ထွက်ခဲ့သည်။

Flight မစီးဘဲနဲ့ ဂျေးရဲ့ ကားနဲ့
နှစ်ယောက်သား Road tripထွက်ခဲ့ကြသည်။
မိုင် ၉၀၀ နီးပါးရှိတဲ့ Highway ခရီးကို
ကျွန်တော် တစ်ယောက်ထဲမောင်းခဲ့ရသည်။
ဂျေးကတော့လမ်းမှာစိတ်ဝင်စားစရာ
တွေ့တိုင်း ကားရပ်ခိုင်းကာ
Sketch တွေထိုင်ဆွဲနေတတ်သည်။

Seattle နဲ့ 15 နာရီလောက်ပဲမောင်းရတဲ့
California ကို ကျွန်တော်တို့နှစ်ယောက်
၂ ရက်ကြာအောင်သွားခဲ့ရသည်။

𝙇𝙀𝙁𝙏  [ COMPLETE ]Where stories live. Discover now