Chapter 3,4

7 2 0
                                    


ဌာနချုပ်တွင်Kingနှင့်သူ့တပ်ဖွဲ့တို့ဆွေးနွေးနေကြသည်။Edgarတော့မရှိပေ။အခြားရဲဌာနတစ်ခုသို့ထပ်သွားနေသည်ဟုသိရသည်။ကိစ္စမရှိသေးပါ။
King-အရင်တစ်လကနေစလို့ဒီCaseနဲ့ပတ်သတ်တဲ့Fileတွေ၊အသေးအမွှားထားခဲ့တဲ့ဟာတွေ၊မဆိုင်ဘူးလို့ထင်ရတဲ့ဟာတွေရဲ့Fileတွေအကုန်စုပြီးတူနေတဲ့နေရာတွေထုတ်ထား။အဓိကနေရာဆယ်ခုအများဆုံးရအောင်ရှာထား။ပြီးတော့နေရာတစ်ခုချင်းစီမှာလူပျောက်ခဲ့တဲ့အချိန်တွေရောပဲ။မျက်မြင်သက်သေနည်းနည်းလောက်ရဲ့စကားတွေလဲထည့်စဥ်းစား။ငါခေါင်းမကြည်လို့အပြင်ခဏထွက်လိုက်ဦးမယ်။
ထို့နောက်မှုခင်းတိုက်ဖျက်ရေးဌာနချုပ်ထဲရှိစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၏အကြီးတန်းခေါင်းဆောင်Kingတစ်ယောက်သူ့အိမ်သို့ထွက်လာခဲ့တော့သည်။
............................................................................
Breakoutတွင်။Game Master အသက်ငယ်ငယ်တစ်ယောက်ကသူတို့ရှစ်ယောက်ကိုအနိုင်ရသည့်အထိမ်းအမှတ်ဖြင့်အမှတ်တရလက်ဆောင်များပေးသည်။လည်ဆွဲကတ်၊Breakout Logoပါသောခွက်၊Puzzle အရုပ်ဘူးလေးများချပေးထားသည်။တစ်ယောက်ကိုသုံးခုယူနိုင်စေရန်ဖြစ်သည်။ထို့နောက်20%လျှော့စျေးပေးသောCuponကတ်တစ်ခုကိုလဲချပေးထားသည်။ထိုကတ်မှာတော့တစ်ကတ်တည်း။ကတ်လေးကအမြင်ဆန်းသဖြင့်
Hazelယူကာကိုင်ကြည့်သည်။ထို့နောက်အိင်္ကျီအိတ်ထဲထည့်ထားလိုက်တော့သည်။
Game Master-အနိုင်ရသွားတဲ့အတွက်ဂုဏ်ယူပါတယ်။အောင်မြင်ကြပါစေနော်။
Game Masterပြုံးပြုံးရွှင်ရွှင်ဖြင့်ချီးကျူးကာဆုတောင်းပေးလိုက်သည်။ထို့နောက်စားပွဲခုံအံဆွဲကိုညာဘက်လက်ဖြင့်ဆွဲဖွင့်လိုက်သည်။
Ryan-ကျွန်တော်တို့ကနိုင်သွားပြီလေ။ဘာကိုအောင်မြင်ရဦးမှာလဲ။
ထိုအခါGame Master က အံဆွဲထဲမှပစ္စည်းတစ်ခုခုထုတ်ရင်းပြုံးလိုက်သည်။
Game Master-Islandကိုရောက်တဲ့အခါအောင်မြင်စေဖို့ဆုတောင်းပေးတာပါ။
Kyle-ဟမ်၊ဘာIslandလဲ။
Game Master-Survival Islandပေါ့ဗျာ။Survival Islandပေါ့။
ထို့သို့ပြောနေစဥ်သူတို့သူငယ်ချင်းရှစ်ယောက်၏အနောက်မှဓာတ်ငွေ့များထုတ်လွှတ်လိုက်သည်ကိုတွေ့လိုက်ရသည်။သူတို့ရှစ်ယောက်ကိုဖုံးသွားစေရန်ပမာဏအတော်များများကိုလွှတ်ပေးလိုက်ခြင်းဖြစ်သည်။ထိုဓာတ်ငွေ့ကြောင့်ရှစ်ယောက်စလုံးလေးလံထိုင်းမှိုင်းလာကာမူးလာတော့သည်။Game Master ကတော့အံဆွဲထဲမှထုတ်ထားသည့်Gas မျက်နှာဖုံးကိုစွပ်လိုက်ပြီးတာ့တာလုပ်ပြနေသည်။သူတို့အားလုံးမေ့လဲမသွားခင်နောက်ဆုံးကြားလိုက်ရသောအသံမှာIslandမှာပျော်ရွှင်ပါစေဟူသောအသံသာဖြစ်လေသည်။
............................................................................
ထိုနေ့ည။မှုခင်းတိုက်ဖျက်ရေးတပ်ဖွဲ့မှKing နှင့် Edgar တို့နှစ်ယောက်တပ်ဖွဲ့ကိုယ်စီဖြင့်ရဲဌာနသို့အလျင်အမြန်သုတ်ခြေတင်ရတော့သည်။ရဲဌာနသို့ရောက်သောအခါလူအများရုံးစုရုံးစုဖြစ်နေသည်ကိုထပ်တွေ့လိုက်ရပြန်သည်။
"ကျွန်မသားနဲ့သူတို့သူငယ်ချင်းတွေမနက်ကတည်းကအပြင်သွားမယ်ဆိုပြီးထွက်သွားကြတာ။အခုထိပြန်မလာသေးဘူးနော်။"မိဘဖြစ်ဟန်တူသောမိန်းမကြီးတစ်ယောက်စားပွဲတွင်ထိုင်နေသောစုံစမ်းရေးလက်ထောက်အားငိုမည့်အသံဖြင့်ပြောနေသည်ကိုKing နှင့် Edgarတို့ရောက်ရောက်ချင်းကြားလိုက်ရသည်။သူတို့နှစ်ယောက်ကိုမြင်သောအခါရဲများအနည်းငယ်စိတ်အေးသွားသည်။အဘယ့်ကြောင့်ဆိုသော်ကလေးရှစ်ယောက်၏မိဘများပူညံပူညံလုပ်ကာ လူပျောက်လာတိုင်နေသည့်ဒဏ်ကိုမထိန်းချုပ်နိုင်သောကြောင့်ပင်။အခုတော့အရာရှိများအဖော်ရသွားလေသည်။Kingကအခြေအနေကိုသိလိုက်သည်။
King-ဒီမှာအရမ်းလူတွေအုံနေတယ်။ဘာဖြစ်ကြတာလဲ။လူပျောက်လာတိုင်ကြတာလား။
ထိုအခါKingနှင့်အနီးဆုံးရှိသောမိခင်တစ်ဦးက
"ဟုတ်ပါတယ်။ကျွန်မသမီးလေးနဲ့ကျန်တဲ့သူ့သူငယ်ချင်းတွေအကုန်အခုထိအိမ်ပြန်မလာကြသေးလို့ပါရှင်။"Kingထင်သည့်အတိုင်းပင်ဖြစ်နေတော့သည်။ဌာနအတွင်းရှိရဲများ၊အရာရှိများကိုKingကမျက်နှာရိပ်မျက်နာကဲတစ်ခုလုပ်ပြလိုက်ပြီးထိုသို့ပြောသည်။
King-လူပျောက်မပျောက်မသေချာသေးရင်တိုင်ချက်ဖွင့်လို့မရဘူးခင်ဗျ။ပျောက်သွားတာ24နာရီပြည့်မှအမှုဖွင့်ပြီးရှာပေးရမှာပါ။လုပ်ထုံးလုပ်စဥ်အတိုင်းပေါ့။ခင်ဗျားသားသမီးတွေကBarတို့Clubတို့အထိသွားရင်သွားနေမှာပေါ့။သိပ်မပူနဲ့ဦး။
"အာ၊ဒီကလေးတွေကအဲ့လိုနေရာတွေအထိတော့မသွားတတ်ကြပါဘူး။"
ကလေးအဖေတစ်ယောက်ကဝင်ထောက်သည်။
Edgar-သေချာရဲ့လားဗျာ။သူတို့ပိုက်ဆံတော်တော်များများပါသွားသေးတယ်မလား။
"ဒါတော့ဟုတ်တယ်ဗျ။"
Edgar-ဒီတော့ကျွန်တော်တို့ရဲ့လုပ်ထုံးတွေအရ24နာရီလဲမပြည့်သေးဘူး။ကလေးတွေပျောက်တာတကယ်လဲမသေချာသေးတဲ့အတွက်ပြန်ကြပါဦး။သူတို့ဘယ်အချိန်အိမ်ကစထွက်သွားတာလဲ။
"မနက်10နာရီလောက်ကပါ။"
King-ဒါဆိုအခုမှသူတို့ထွက်သွားတာ12နာရီဘဲရှိသေးတယ်။Clubတွေဘာတွေကအခုလိုအချိန်မှစဖွင့်တာ။မနက်6နာရီလောက်ဆိုပိတ်တယ်။ခင်ဗျားတို့သားသမီးတွေအကြောင်းသေချာမသိသေးဘဲပျောက်တယ်လာလုပ်လို့မရဘူး။သူတို့အချိန်မရွေးပြန်လာနိုင်တယ်။ဒီတော့စိတ်ရှည်ရှည်နဲ့ဝါးခြမ်းပြားကိုင်ပြီးသာစောင့်တော့။အခုတော့အိမ်ပြန်လိုက်ကြပါဦး။
Complainတက်သမျှကိုClubတွေBarတွေနှင့်ကိုင်ပေါက်ကာအကုန်အိမ်ပြန်လွှတ်လိုက်နိုင်ခဲ့သည်။ထို့ကြောင့်ခေါင်းပူနေကြသောရဲအရာရှိများကကျေးဇူးတင်ကြတော့သည်။
King-ကျေးဇူးတင်ဖို့မလိုပါဘူး။ပြဿနာစတက်တော့မယ် ဆိုလို့တန်းထွက်လာတာ။အခုသူတို့ကလေးတွေရဲ့အချက်အလက်တွေယူထားလား။
စစ်ဆေးရေးတစ်ယောက်ကခေါင်းညိတ်ပြသည်။
King-ဟုတ်ပြီ။ငါတို့မလှိမ့်တပတ်နဲ့သူတို့ကိုအိမ်ပြန်လွှတ်လိုက်ပေမယ့်ဒီကိစ္စကလူကုန်ကူးမှုနဲ့ပတ်သတ်နေမယ်ဆိုတာအသိသာကြီးပဲ။မိဘနဲ့လဲဘာအဆက်အသွယ်မှမလုပ်နိုင်ပုံကိုထောက်ရင်ဒီကလေးတွေလူကုန်ကူးခံရဖို့အလားအလာတော်တော်များတယ်။အဲ့ဒီ့တော့မိဘတွေပေးတဲ့အချက်အလက်တွေမှာဘာတွေရှိလဲ။သူတို့မနက်ကဘယ်သွားတာလဲ။အကုန်ပြန်စစ်ဆေးပြီးအခုချက်ချင်းလိုက်ဖို့ပြင်ပါ။
Edgar-ကျန်တဲ့တစ်ဖွဲ့ကလူသွားများတဲ့Mallတွေပန်းခြံတွေရဲ့အသွားအလာမှတ်တမ်းတွေကိုစစ်။မင်္သကာစရာရှိရင်ချက်ချင်းပြောပါ။ငါတို့တပ်ဖွဲ့နှစ်ခုခွဲလုပ်မယ်။
King-ငါ့တပ်ဖွဲ့နဲ့တစ်မိနစ်အတွင်းထွက်မယ်။ကားတွေပြင်ထားလိုက်တော့။
............................................................................
Olivia-ကျွတ်ကျွတ်၊အ....။ငါ့လည်ပင်း။
Oliviaတစ်ယောက်အရင်ဆုံးနိုးလာပြီးထထိုင်လိုက်သည်။မည်သို့အိပ်ပျော်သွားခဲ့လဲမသိပေမယ့်ဇက်စောင်းပြီးအတော်ကြာအိပ်ခဲ့သည်နှင့်တူသည်။လည်ပင်းတစ်ခုလုံးနာနေပြီးဇက်လှည့်လို့မရပေ။သူအိပ်ခဲ့သောနေရာကိုပြန်လှည့်ကြည့်လိုက်ရာညိုနေသောလက်တစ်ဖက်ကိုတွေ့သည်။Scott၏လက်ဖြစ်သည်။သူ့လက်မောင်းအပေါ်တွင်Hazelဖိအိပ်နေသောကြောင့်ထွက်နေသောScott၏လက်မှာနီညိုညိုဖြစ်နေရခြင်းဖြစ်သည်။Oliviaကိုယ်တိုင်ကလည်းScott၏လက်နားမှာပင်ခေါင်းစောင်းကာအိပ်နေခဲ့သည်နှင့်တူပါသည်။အဘယ်ကြောင့်ဆိုသော်ညာဘက်တွင်Scottရှိပြီးဘယ်ဘက်တွင်Miller၏ကျောကုန်းရှိနေသောကြောင့်ပင်။Millerတစ်ကိုယ်လုံးကိုTerrenceကမှီထားပြီးအိပ်ပျော်နေသည်။ဘယ်ညာပြီးနောက်အရှေ့တည့်တည့်တွင်Zuriကကွေးကွေးလေးအိပ်နေပြီးသူ့ခေါင်းတည့်တည့်တွင်Ryanနှင့်Kyleတို့ကျောချင်းကပ်ကာအိပ်ပျော်နေကြသည်။သူတို့တကယ်အိပ်ပျော်နေကြတာလား......။Oliviaလည်ပင်းနာနေသည်ကတစ်ကြောင်း၊ခေါင်းနောက်ကာပင်ပန်းနေသည်ကတစ်ကြောင်းကြောင့်ဘာမှရေရေရာရာမတွေးမိပေ။ဘာကိုမှသေချာမမှတ်မိဘဲနေရာတစ်ခုခုကိုရောက်လာနေသည်ကိုသာသိနေသည်။ထိုသို့ပြောရခြင်းမှာပုံစံအတည်တကျမရှိဘဲအိပ်နေသောသူငယ်ချင်းများကိုမြင်နေရသောကြောင့်ဖြစ်လေသည်။သူတို့အားလုံးသည်ခပ်မှိန်မှိန်အလင်းရောင်ရနေသောလေးထောင့်အခန်းကျဥ်းတစ်ခုထဲတွင်ရောက်နေကြသည်။ဘေးနံရံများကလဲပြောင်များသာ။ဘာမှပိုမမြင်ရပေ။Oliviaလည်းအနားတွင်လက်လှမ်းမီသောMillerနှင့်Terrenceတို့နှစ်ယောက်ကိုလှုပ်နှိုးလိုက်သည်။ဘုတ်ခနဲTerrenceခေါင်းနှင့်ကြမ်းပြင်ရိုက်သွားပြီးအိပ်မှုန်စုံမွှားTerrenceထလာသည်။ထို့နောက့်သူ့လက်ကဖြတ်ခနဲMiller၏မျက်နှာကိုရိုက်လိုက်ရာပါးကိုကိုင်ပြီးMillerပါနိုးလာတော့သည်။ပြီးနောက်မေးလေသည်။
Miller-ဟား၊ငါတို့အခုဘယ်ရောက်နေတာလဲ။
Olivia-ဒါတော့ငါလဲမသိဘူး။ငါဘာမှမမှတ်မိဘူး။
Terrence-အေးနော်။ငါလဲဘာမှမမှတ်မိဘူးအခု။
ထိုစဥ်ကြောင်တောင်တောင်နှင့်Ryanထထိုင်ပြီးသူတို့ကိုကြည့်နေသည်။
Miller-ဟော၊Ryan။မင်းဘာဖြစ်နေတာလဲ။
Ryan-ငါ၊ငါကျောကုန်းနာပြီးပင်ပန်းနေသလိုဖြစ်နေလို့။
Terrence-ဒါနဲ့အခုငါတို့ဘယ်ရောက်နေတာလဲ၊ဘာတွေဖြစ်သွားတာလဲမင်းသိလား။
Ryan-ဟမ်၊အေး။
ထိုသို့ပြောပြီးတစ်ခုခုကိုပြန်တွေးနေသည်။ဘာမှတွေးမိပုံမရပေ။
Ryan-ဟ၊ငါလဲဘာမှန်းမသိတော့ဘူး။ဘာမှမမှတ်မိဘူး။
Terrence-ဒါပေမယ့်ငါသိတာတော့ငါတို့အကုန်လုံးစုနေမိတယ်ဆိုတာပဲ။ငါတို့စုနေဖို့ဆိုအပြင်ထွက်ပြီးလျှောက်သွားတာမှရမှာလေ။
Miller-အေး၊ငါတို့Myanmar Plazaသွားတယ်လေ။
Olivia-ပြီးတော့ရော?။
Miller-Pizzaမှာတယ်လေ။ပြီးတော့Terrenceနဲ့နင်နဲ့ဆိုင်ထဲဝင်လာတယ်။
Terrence-ဘာလို့ငါတို့ကဝင်လာရတာလဲ။အတူလာတာလေMyanmar Plazaကို။
Olivia-နင်နဲ့ငါကDateနေရင်းနဲ့သူတို့နဲ့တွေ့လို့ဝင်လာတာများလား။
Ryan-Dateရအောင်နင်နဲ့သူနဲ့ကရည်းစားတွေလား။
Olivia-ငါလဲမသိဘူးလေ။ဟုတ်လားTerrence။
Terrence-ငါနဲ့ပွဲတစ်ခုသွားတာလားမသိဘူး။လူတွေအုံနေပြီးရုပ်ရှင်မင်းသားတွေတော့တွေ့လိုက်တယ်။
Ryan-ဟေ့ကောင်ရေ။ထ၊ထ။ဒီမှာပြဿနာတက်နေတယ်။
Ryanကသူ့အနားရှိKyleကိုနှိုးလိုက်သည်။တစ်လက်စတည်းZuriကိုပါပုတ်ပြီးနှိုးသည်။
Miller-အေးအေး။ငါလဲမှတ်မိတယ်။ပွဲတစ်ခုကိုငါလဲမြင်ခဲ့တယ်။
Ryan-အော......။အဲ့ဒါဖွင့်ပွဲအခမ်းအနားတစ်ခုပဲလေ။ဆိုင်တစ်ဆိုင်ဖွင့်တာလေ။အဲ့Pizzaဆိုင်ကိုပဲငါတို့ဝင်စားကြတာမဟုတ်ဘူးလား။
Kyle-မဟုတ်ဘူး။ငါPizzaနည်းနည်းပဲစားခဲ့တာ။
Miller-ဟမ်။
Kyle-ငါဘယ်ရောက်နေတာလဲ။ခုဏကပဲစာကြည့်တိုက်ကနေဒီကိုရောက်လာတယ်။
Scott-အား၊အားး၊အားးး။
Scottသူ၏ညာဘက်လက်ကိုဖိကာအော်နေသည်။
Scott-ငါ့လက်ကျဥ်တယ်။ငါ့လက်ကျဥ်တယ်။လုပ်ကြပါဦး။
Scottနှင့်Hazelတို့ပါထလာကြလေပြီ။
Ryan-ငါတို့ဒီကိုဘယ်လိုရောက်လာတာလဲစဥ်းစားပေးကြဦး။
Hazel-ဒါကရောဘယ်နေရာလဲ။ငါဘာမှစဥ်းစားမရဘူး။ခေါင်းအရမ်းမူးနေသလိုပဲ။ပင်ပန်းနေတယ်။
Kyle-အဲ့ဒါငါရောပဲ။
Miller-ငါတို့အကုန်အဲ့လိုပဲ။ဘယ်ရောက်နေတာလဲငါတို့အခုပြန်စဥ်းစားနေတာအဲ့ဒါကြောင့်ပဲ။
Olivia-အေးအေး၊ဆက်ပြောRyan။ငါတို့Pizzaဖွင့်ပွဲရောက်ပြီးတော့ရော။
Ryan-Terrenceနဲ့နင်နဲ့ကရည်းစားတွေမဟုတ်ဘူးလား။
Olivia-မဟုတ်ဘူးထင်တာပဲ။
Terrence-ငါတော့မထင်ဘူး။ဆိုင်ထဲဝင်လာတုန်းကOliviaကိုငါမြင်တယ်။ငါနဲ့အတူဝင်လာတာHazelပါ။သူနဲ့ငါဆိုင်တစ်ဆိုင်သွားနေတာပဲ။
Ryan-Kyle၊Kyle။ဒါနဲ့မင်းခုဏကပြောတဲ့စာကြည့်တိုက်ကဘာလဲ။
Scott-အားးး။ငါ့လက်လှုပ်လို့မရတော့ဘူး။
Kyle-မင်းတို့အားလုံးနဲ့အတူစာကြည့်တိုက်ထဲရောက်နေတာ။ငါအဲ့ဒါမှတ်မိသေးတယ်။ပြီးတော့ဘာတွေလဲမသိပါဘူးကွာ။အိပ်မက်လျှောက်မက်နေတာ။
Hazel-ငါနဲ့Terrenceသွားခဲ့တာBreakoutလေ။Escape Roomကစားခန်းပဲ။
Hazelသူ့လက်ထဲရှိ20%စျေးလျှော့ပေးသောCuponကတ်ကိုကိုင်ရင်းပြောလိုက်သည်။
ထိုစကားအဆုံးတွင်သူတို့ရှစ်ယောက်လုံးဖြစ်ခဲ့သမျှကိုအကုန်ပြန်မြင်လာတော့သည်။သူငယ်ချင်းတွေစုကာစကားပြောချိန်ကစ၍အိမ်မှာဆုံကြ၊Myanmar Plazaလာကြ၊Pizzaစားကြ၊Breakout ထဲဝင်ကြ၊နိုင်သွားကြပုံများအကုန်ပြန်သတိရလာသည်။
Olivia-ဒါဆိုBreakoutကနေငါတို့ဒီကိုဘယ်လိုရောက်လာတာလဲ။
ထိုသို့ပြောလိုက်ချိန်မှာပင်သူတို့အပေါ်မှအခန်းမီးနောက်တစ်လုံးလင်းလာသည်။အတော်မြင့်သောမျက်နှာကြက်ရှိကြောင်းအခုမှသိရတော့သည်။မီးကလဲအလွန်အားကောင်းသောမီးဖြစ်သည်။ထိုမီးလင်းသွားတော့မှသူတို့ရောက်နေသောလေးထောင့်ခန်းမှာမှန်အခန်းဖြစ်ကြောင်းမြင်ရလေသည်။နံရံလေးဘက်လုံးသည်အနည်းငယ်မှောင်သောမှန်ချပ်များကာထားခြင်းသာဖြစ်သည်။ထို့နောက်အခြားအခြားသောမီးလုံးများတစ်လုံးပြီးတစ်လုံးပတ်ပတ်လည်နေရာများတွင်လင်းသွားပြီးသူတို့ရောက်နေသောနေရာကိုကောင်းစွာမြင်လိုက်ရတော့သည်။ထိုနေရာကားလေးထောင့်မှန်ခန်းများများစွာစီတန်းထားသောအခန်းကျယ်ကြီးအကြီးသာဖြစ်တော့သည်။အခြားအခြားအခန်းများတွင်လည်းသူတို့လိုပင်အိပ်ပျော်နေသောသူများ၊ထနေသောသူများကိုတွေ့နေရပြန်သည်။သူတို့၏ဘေးဘက်မှအခန်းများတွင်လည်းလူများရှိသည်။ဒီလောက်နေရာအကျယ်ကြီးထဲလူတွေအများကြီးဘယ်လိုရောက်လာတာပါလိမ့်။
Zuri-ငါတို့ကိုပိတ်ထားတယ်ထင်တယ်နော်။
Terrenceခေါင်းခါလိုက်သည်။
Terrence-ဒီလိုသာဆိုရင်တော့ငါတို့ထွက်ရဦးမှာပါ။အခုတော့ခဏစောင့်ရုံပဲ။
Zuri-ဘာလို့?။
Terrence-ဟိုးဘက်ငါးတန်းလောက်မှာလူတွေတွေ့တယ်။ဒီနံရံတွေကိုတစ်တန်းချင်းဖွင့်ပေးနေတာထင်တယ်ငါတော့။အခန်းတိုင်းကနေလူတွေထွက်နေကြတာလေ။
Hazel-ထွက်မရလဲမှန်တွေကိုခွဲလို့ရမှာပေါ့။အခုတစ်ခုပြောစရာရှိတာကငါတို့ဒီကိုဘယ်လိုရောက်လာရတာလဲ။
Miller-ငါတို့ဘာမှမသိလိုက်ပုံထောက်ရင်ငါတို့အဖမ်းခံလာရတာပဲ။
Kyle-သွားပြီ။ငါတို့မိဘတွေတော့ရဲတွေကိုသွားပြီးလူပျောက်တိုင်တော့မယ်ထင်တယ်။
Miller-အသေအချာပဲဒါကတော့။
Scott-အခုရောက်နေတဲ့နေရာကနေဘာတွေနဲ့ဘယ်လိုလုပ်ပြီးဘယ်လိုထွက်ရမလဲပဲဦးစားပေးစဥ်းစားကြ။ငါတို့ဖုန်းတွေဘာတစ်ခုမှမရှိတော့ဘူး။
Terrence-ကိုယ့်ဘာသာပဲရှာကြံထွက်ဖို့ပဲလုပ်ရတော့မှာပေါ့။
ထိုစဥ်သူတို့တစ်ဖွဲ့အားပိတ်ထားသောမှန်လှောင်အိမ်၏မှန်လေးဘက်လုံးအပြင်ဘက်သို့90°လည်သွားကြသည်။ထို့ကြောင့်နံရံလေးဘက်လုံးပွင့်ကာအပြင်သို့ထွက်နိုင်သွားလေသည်။
Terrence-Hmm၊ဒီလိုဆိုတော့ဘယ်ဆိုးလို့လဲ။
Olivia-Oh...wow..လူတွေအများကြီးပဲနော်။
သူတို့ရောက်နေသောနေရာကြီးကိုသေချာလှည့်ပတ်ကြည့်လိုက်တော့မှအခန်းအကျယ်ကြီးဆိုသည်ထက်ပိုကျယ်သည့်အရွယ်အစားရှိသောကွင်းပြင်ကြီးမှန်းသိလိုက်ရသည်။ထိုကွင်းပြင်ကြီးတစ်ခုလုံးသည်စတုရန်းပုံမြေကွက်လပ်ဖြစ်ပါက အနားတစ်ဖက်ကိုပေတစ်ထောင်ခန့်ရှိနိုင်သည်။ပေတစ်ထောင်ဆိုသည့်အနေအထားမှာရပ်ကွက်လမ်းနှစ်လမ်းထိပ်ချင်းဆက်ထားသောအကွာအဝေးမျှဖြစ်ပြီးအဆုံးနှစ်ဖက်ရှိလူနှစ်ယောက်မမြင်ရလုနီးပါးအကွာအဝေးဖြစ်သည်။ထိုမျှကြီးသောနေရာကျယ်ထဲတွင် လူတစ်ဖွဲ့စာလုံလောက်သော မှန်လှောင်အိမ်အခန်းများ အခန်း100လောက်ရှိနိုင်သည်။တစ်ခုနှင့်ကြားအကွာအဝေးနှင့်မြင်နေရသောအတိုင်းအတာအရအခန်းပေါင်း100ရှိနိုင်ကြောင်းခန့်မှန်းရသည်။မီးများအကုန်ပွင့်ပြီးအခန်းထဲမှလူများလည်းအကုန်အပြင်သို့ထွက်ကြည့်နေကြပြီဖြစ်သည်။ချက်ချင်းပင် "ဒီ............."ဆိုသည့်ကျယ်လောင်ကာ ရင်ဘတ်ထဲကပင်တုန်စေသော အသံအကျယ်ကြီးကိုနေရာပတ်ပတ်လည်မှကြားလိုက်ရသည်။ထိုအသံကရပ်မသွားပေ။ဆယ်စက္ကန့်ခန့်ဆက်တိုက်မြည်နေပြီးမှရပ်သွားသည်။မှန်လှောင်အိမ်များထဲတွင်အိပ်ပျော်နေနိုင်သေးသောသူများကိုနှိုးခြင်းဖြစ်ပေမည်။အသံအကျယ်ကြီးမြည်ပြီးသွားသောအခါမီးများမှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။ထိုမှိတ်တုတ်မှိတ်တုတ်ကခပ်မြန်မြန်ရှိပြီးနောက်ဆုံးတွင်အဝါရောင်များပြောင်းသွားကြသည်။
Miller-ဟမ်၊ဘာလဲဟ။
"ကြွရောက်လာကြသောPlayerများအားလုံးကိုကြိုဆိုပါတယ်။Escape Room မှ အောင်မြင်စွာထွက်လာနိုင်ခဲ့ပြီး Game စွမ်းရည်ပြည့်ဝသော Player များကို The Island မှ ကြိုဆိုပါတယ်ရှင်။"
ပတ်ပတ်လည်မှထိုမိန်းမတစ်ယောက်အသံကိုကြားလိုက်ကြရသည်။တစ်ဆက်တည်းမှာပင်
"စိတ်မကောင်းစွာနဲ့ The Island မှာ အခုလောက်များပြားတဲ့Player တွေကို တည်းခိုစရာပေးရန်နေစရာလုံလုံလောက်လောက်မရှိသေးပါဘူး။ဒါကြောင့်လူစစ်ထုတ်တဲ့Gameလေးဆော့ချင်ပါတယ်။ဘယ်သူတွေကပိုပြီးEscape & Survival Game စွမ်းရည်ပိုရှိလဲပါသိသွားရအောင်ပေါ့။Playerတို့နိုးလာခဲ့တဲ့မှန်အခန်းရဲ့ကြမ်းပြင်ကိုအနက်ရောင်အလွှာတစ်ခုနဲ့အုပ်ထားတာပါ။အဲ့ဒီ့အလွှာအပြားကိုခွာပြီးအောက်မှာဖုံးကွယ်နေတဲ့Puzzleကိုဖြေရှင်းပါ။ပြီးရင်နံပါတ်တစ်ခုပါတဲ့သော့ရလာပါလိမ့်မယ်။အဲ့ဒီ့သော့မှာပါတဲ့နံပါတ်ရှိတဲ့မှန်အခန်းကိုရှာပါ။ပြီးရင်မှန်အခန်းအသစ်ရဲ့ကြမ်းပြင်မှာရှိတဲ့သော့ပေါက်ကိုရထားတဲ့သော့နဲ့ဖွင့်လိုက်ပါ။ဒါဆိုမှန်အခန်းတံခါးပြန်ပိတ်သွားပါလိမ့်မယ်။မှန်ခန်းထဲမှာအများဆုံးလူရှစ်ယောက်သာရှိရပါမယ်။
မှန်အခန်းပိတ်သွားပြီးအထဲမှာရှိနေတဲ့သူတွေကိုသာThe Islandကလက်ခံမှာဖြစ်ပြီးအပြင်မှာရှိနေသေးတဲ့သူတွေကိုတော့လက်ခံမှာမဟုတ်ပါဘူး။သူတို့တွေကိုသတ်ပစ်မှာဖြစ်ပါတယ်။"
'သတ်ပစ်မှာဖြစ်ပါတယ်' ဆိုသောစကားကြောင့်အလန့်တကြားဖြစ်သွားသောလူအများကိုတွေ့လိုက်ရသည်။အကုန်လုံးကမထင်မှတ်ထားသောနေရာသို့မသိလိုက်ဘဲရောက်လာကြကတည်းကရင်တထိတ်ထိတ်ရှိနေကြသည်ဖြစ်ရာ ယခုလိုသတ်ပစ်မည့်အကြောင်းကိုသိလိုက်ရချိန်တွင် ကြောက်လန့်ကုန်ကြသည်။တကယ်လုပ်မလုပ်ကတော့မသိသေးပေ။ဒီလိုနေရာကိုရောက်အောင်ပို့ထားခံရပြီးသောကြောင့်ယုံရင်လဲယုံစရာဖြစ်ပေသည်။
Scott-တကယ်ဟုတ်ရဲ့လား၊ဘာကြီးတွေလဲကွာ။
Hazel-ငါတို့တော့သေတော့မှာပဲ။
Ryan-တကယ်ဆိုလို့ကတော့သွားပြီ။
Miller-ဟုတ်မဟုတ်သိချင်ရင် အရင်ဆုံးနိုင်အောင်လုပ်ပြီးစောင့်ကြည့်ရတာပေါ့ကွာ။
Zuri-တကယ်ဆိုရင်လဲလူတွေအများကြီးသေကုန်ကြတော့မှာပေါ့။
Miller-အေးပေါ့။ဒီလိုလူသတ်ကွင်းကြီးထဲရောက်အောင်ထည့်ထားပြီးဒီလိုအပြင်အဆင်တွေရှိနေတယ်ဆိုကတည်းကတကယ်လုပ်မယ့်အနေအထားပဲ။
Terrence-ငါတို့မှာအချိန်မရှိဘူး။ကြမ်းပြင်ကိုခွာကြမယ်။
"နေရာရှာသည့်ကစားပွဲအား10စက္ကန့်နေလျှင်စတင်တော့မှာဖြစ်ပါတယ်။ငါးမိနစ်အတွင်းမှန်အခန်းအသစ်ထဲရောက်နေရမှာဖြစ်ပါတယ်ရှင့်။"
ထိုသို့ကြေညာချက်အပြီးတွင် '10,9,8'ဟူ၍စတင်ရေတွက်သည့်အသံပေါ်ထွက်လာတော့သည်။
Kyle-ဟေး၊ဟေး။ငါတို့တော့သေတော့မှာပဲ။။ဘယ်လိုလုပ်ကြမလဲ"
Scott-မင်းပါးစပ်ပိတ်ထားစမ်း။မင်းကြောက်နေမှငါတို့အကုန်ဒုက္ခရောက်ကုန်မယ်။
Zuri-ဟုတ်တယ်ဒါတော့။နင်ကြောက်နေမယ့်အစားလာကူစဥ်းစားပေါ့။
"ကစားပွဲ...စတင်ပါပြီရှင်။"ထို့နောက်မီးများမှိန်သွားတော့သည်။အစကလင်းနေရာမှ50%လျော့သွားသည့်သဘောဖြစ်သည်။အရမ်းကြီးမမှောင်ပေမယ့်အမြင်အာရုံအတွက်အခက်အခဲဖြစ်စေသည်။ထို့အပြင်သူတို့မှန်လှောင်အိမ်၏မှန်နံရံလေးဖက်လုံးပေါ်တွင်အနီရောင်LEDမီးဖြင့်အခန်းနံပါတ်ပေါ်လာသည်။နံပါတ်23ဖြစ်သည်။
ဒီသူငယ်ချင်းရှစ်ယောက်အဖွဲ့မှာ ကြမ်းပြင်အားပိတ်ထားသောအပြားကြီးကိုလှန်ထုတ်ပြီးအပြင်တွင်ပစ်ချထားလိုက်သည်။သူတို့တင်မကဘဲကျန်လူတွေအကုန်လုံးထိုသို့လုပ်နေကြသည်ကိုတော့တွေ့နေရသေးသည်။အတော်လဲဆူညံနေပါ၏။
အပြားကြီးမရှိတော့သောအခါကြမ်းပြင်တွင်Puzzleတစ်ခုပေါ်လာတော့သည်။Puzzleအပြင်ဘေးတွင်ကပ်ရပ်ရှိနေသည်မှာသော့ပေါက်တစ်ပေါက်။သူတို့အခန်းကိုလာရမည့်အဖွဲ့ဖွင့်ရမည့်သော့ပေါက်ဖြစ်လေသည်။Puzzleလေးကတော့လွယ်သည်။1ကနေ 15အထိရှိသောနံပါတ်အပြားလေး15ခုကိုအစဥ်လိုက်ဖြစ်အောင်နေရာရွှေ့ပေးရမည့်ကလေးကစားစရာလေးသာဖြစ်သည်။သို့သော်အကွက်အလွတ်တစ်ကွက်ရှိရဦးမည်။ယခုမှာတော့ထိုအကွက်အလွတ်မရှိဘဲလေးထောင့်ကွက်တစ်ခုကထပ်ပိတ်ထားသည်။ထိုလေးထောင့်ကွက်ပျောက်သွားအောင်အခြားPuzzleတစ်ခုကိုဖြေရှင်းရဦးမည်နှင့်တူသည်။
Terrence-ဒီမှာတစ်ခုပိတ်နေတယ်။ငါတစ်ခုမှရွှေ့လို့မရဘူး။
Olivia-ဟဲ့၊ဟဲ့။ဟိုတခြားအဖွဲ့တွေဆီမှာရောမတူတဲ့Puzzleရှိမလားသွားကြည့်ကြမလား။
Miller-အတူတူပဲ။ဒီကလှမ်းကြည့်တောင်မြင်ရတယ်။
ဟုတ်ပေသည်။အခြားအခန်းမှလူများကလည်းခေါင်းများဟိုလှည့်ဒီလှည့်နှင့်သူများတွေကိုပြန်ကြည့်နေကြပြန်သည်။
Ryan-ဒီတစ်ကွက်ပိတ်နေတာကိုဖွင့်ဖို့တခြားတစ်ခုအရင်စလုပ်ရဦးမှာပေါ့။
Scott-ဒါလေးကဘာအကွက်လေးလဲ။
ကြမ်းပြင်ရှိပုံဖော်ထားသောသစ်သားလေးထောင့်ကွက်လေးအားScottလက်ညှိုးဖြင့်ထိထားပြီးပြောလိုက်သည်။သူကဖိပါဖိလိုက်သေးသည်။ထိုအခါPuzzleအကွက်ရှိဘယ်ဘက်အောက်ဆုံးမှနံပါတ်8တစ်ကွက်အောက်သို့ဝင်သွားလေသည်။ဒီတော့Puzzleကိုစဆော့လို့ရသွားတော့သည်။ဒီနေရာမှာတော့Terrenceကျွမ်းသည်။1ကနေ7အထိရွှေ့လို့အပြီးမှာတော့ရပ်လိုက်ရသည်။
Terrence-အဲ့ဒီ့8ကိုငါကဒီနေရာမှာထည့်ရမှာလေ။သူကမြုပ်နေတော့ဘယ်လိုလုပ်မလဲ။
Scott-ငါဖွင့်ပေးလိုက်မယ်လေ။
ထို့နောက်ဖိထားရာမှလွှတ်လိုက်ရာ8တစ်ကွက်အပေါ်ပြန်တက်လာသည်။အဲ့ဒီ့တော့အကုန်ပြည့်သွားပြီးရွှေ့မရပြန်ဖြစ်သွားတော့သည်။
Ryan-ဟိုအပိတ်တစ်ကွက်ကိုရွှေ့လို့ရလား။
Terrence-ဒီဘာနံပါတ်မှမပါတဲ့အကွက်လား။ရွှေ့လို့ရတယ်လေ။
Ryan-နံပါတ်8ကိုခဏမြှုပ်လိုက်ပြီးအဲ့အပေါ်မှာပြောင်တစ်ကွက်ကိုတင်လိုက်ပါလား။8ကိုပြန်ဖော်လိုက်ရင်တွန်းသွားမယ်ထင်တယ်။
Miller-စမ်းကြည့်လိုက်လေ။
Scottလည်းအကွက်ကိုပြန်ဖိလိုက်ပြီးTerrenceကRyanပြောသလိုလိုက်လုပ်ကြည့်လိုက်သည်။
Terrence-Scott၊လက်ဖယ်ကြည့်လိုက်။
ထိုအခါပြောင်အကွက်ထဲသို့နံပါတ်8တစ်ကွက်ဝင်သွားတော့သည်။အမှန်တကယ်တော့တွန်းလိုက်ခြင်းဖြစ်သည်။သို့ပေမယ့်နံပါတ်အကွက်များကသေးနေပြီး ပြောင်အကွက်အောက်တွင်နေရာတစ်ခုရှိသောကြောင့်ကွက်တိကျကာဝင်သွားတော့သည်။ထို့ကြောင့်ပြောင်အကွက်နှင့်နံပါတ်8တစ်ထပ်တည်းဖြစ်သွားပေသည်။ဤသို့ဖြင့်သာမန်အတိုင်းPuzzleပြီးသွားတော့သည်။
နောက်ဆုံးနံပါတ် 11,12,14,15တို့ကိုရွှေ့လိုက်ပြီးသောအခါအကွက်အလွတ်တွင်အပေါက်တစ်ပေါက်ပေါ်လာလေသည်။ထိုအပေါက်ထဲတွင်သူတို့သော့ရှိသည်။နံပါတ်မှာ64။
Terrence-64တဲ့နံပါတ်က။
ဘေးပတ်ပတ်လည်ကိုနဂိုကတည်းကကြည့်နေသောHazelကမှန်အခန်းနံပါတ်များကိုရေနေသည်။
Hazel-ငါတို့က23နော်။ဒါဆိုဒီကနေလေးတန်းကျော်ပြီးရင်63ကိုရောက်မယ်။သူ့ဘေးမှာရှိတာ64ပဲ။
Zuri-မြန်မြန်။ငါတို့အမြန်သွားမှပဲအခန်းထဲမှာအေးဆေးနေရမှာ။
Kyle-ဟုတ်တယ်၊လာလာ။သွားကြမယ်။
အခန်းများ၊လူများကြားထဲရှစ်ယောက်လက်ချင်းတွဲကာအတော်ဝေးဝေးလျှောက်သွားသောအခါသူတို့ဝင်ရမည့်အခန်းကိုတွေ့လေသည်။ထိုအခန်းထဲရှိအဖွဲ့မှာ လူငါးယောက်အဖွဲ့ဖြစ်သည်။သူတို့ကစကိုမစရသေးပေ။ကြမ်းပြင်ရှိအကွက်ကိုဖိရမယ်မှန်းရှာမတွေ့သောကြောင့်ဖြစ်သည်။ထို့ကြောင့်Millerနှင့်Ryanတို့ကသွားကူညီပေးလိုက်ရသေးသည်။ထိုအဖွဲ့ရသောနံပါတ်မှာတော့ 9ဖြစ်သည်။အခန်းနှစ်ခန်းအသွားအပြန်လုပ်ပေးထားခြင်းမဟုတ်ပေ။ဤသို့ဖြင့်သူတို့သူငယ်ချင်းရှစ်ယောက်လုံးအခန်းနံပါတ်64ထဲရောက်သွားကြလေသည်။Kyleကိုသော့ဖွင့်ခိုင်းလိုက်ပြီးမှန်တံခါးများပိတ်သွားသောအခါအတူတူထိုင်နေကြတော့သည်။
Hazel-ဒါကြီးကအဆင့်မြင့်လိုက်တာ။
Olivia-Kyleကတော့အငြိမ်မနေနိုင်ဖြစ်နေလေရဲ့။
Miller-ဒီလိုအချိန်မှာစိတ်လှုပ်ရှားနေရလို့လေ။ငါတို့လောလောလတ်လတ်သိထားရတာတော့အခုဒီကိုရောက်လာရတာငါတို့အဖမ်းခံလာရတာပဲ။သူတို့ကစားနည်းတွေဆော့ပြီးပျော်နေရမှာတော့မဟုတ်ဘူး။ငါတို့ကမ္ဘာမှာတော့မိဘတွေကလူပျောက်တိုင်နေကြလောက်ပြီ။
Scott-အေးနော်။ဘယ်လောက်ကြာအောင်ငါတို့အိပ်ပျော်နေခဲ့လဲမသိဘူး။
Ryan-ပြီးတော့ရော၊ငါတို့ဘာဆက်လုပ်ကြမလဲ။
Terrence-ဘာကိုဘာဆက်လုပ်မလဲမေးတာလဲ။အခုဒီမှာတကယ်သတ်မလားမသတ်ဘူးလားရင်တထိတ်ထိတ်ဖြစ်နေပြီ။
Ryan-ပြီးတော့ရော။
Terrence-ပြီးတော့ဘာလဲငါလဲမသိဘူး။ဘယ်လိုပဲဖြစ်ဖြစ်ဒီကစားနည်းပြီးတဲ့အခါငါတို့ဘယ်ရောက်နေတာလဲ၊ဘယ်အချိန်ရှိပြီလဲသိရအောင်လုပ်ရမယ်။ဖုန်းတွေတစ်လုံးမှမရှိတော့ဘူးမလား။
Miller-အေးလေ။ဘယ်သူ့ဖုန်းရှိသေးလို့လဲ။
Terrence-ငါတို့တော့သေတော့မှာပဲ။
"ကစားပွဲပြီးဆုံးရန်ဆယ်စက္ကန့်သာကျန်ပါတော့တယ်။"
ထို့သို့ကြေညာချက်အပြီးတွင်'9,8,7,6'ဟုရေတွက်သံများကပ်ပါလာတော့သည်။နောက်ပြီးမီးများမှာလည်းမှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြပြန်သည်။ထိုမီးမှိတ်တုတ်ကြားမှမြင်ရသလောက်ကတော့အပြင်တွင်မည်သည့်ကစားသမားမျှမရှိတော့ပေ။အကုန်လုံးသက်ဆိုင်ရာအခန်းသို့လုံလုံခြုံခြုံရောက်သွားကြသည့်အနေအထားရှိသည်။သို့သော်ဟုတ်ရောဟုတ်ပါ့မလား..........။

Avalon [Scarlet Island]Where stories live. Discover now