Chapter 5

5 0 0
                                    

Edgar၏တပ်ဖွဲ့နှင့် King ၏တပ်ဖွဲ့တို့ ရောက်သောနေရာတူညီမှုရှိပြီး တိုင်ပင်ကာ အလုပ်ပိုလုပ်နိုင်သွားကြသည်။အလှည့်ဖြင့်အပြင်စောင့်၊အတွင်းစောင့်၊CCTVစစ်ကြသဖြင့် တစ်နေရာတည်းတွင်အချိန်မကုန်ဘဲအလုပ်ပိုတွင်ဟန်ရှိလေသည်။ခေါင်းဆောင်နှစ်ယောက်မှာJunction Cityရှိ လုံခြုံရေးတာဝန်ခံများနှင့် ဆက်သွယ်ထားပြီးသားဖြစ်သဖြင့် ရောက်သည်နှင့်Control Roomသို့ဦးတည်သွားကြတော့သည်။ထိုနေရာတွင် လူအဝင်နှင့်အထွက် နေရာကိုသာအရင်ဆုံးစစ်သည်။တစ်နာရီတည်းနှင့်ဖွင့်ချိန်မှစ၍ပိတ်ချိန်ထိရှိသောလူအဝင်အထွက်များကိုကြည့်ပြီးရန်အထိKingကအလျင်စလိုဖြစ်နေသည်။Edgarကအကြံပေးရသည်။
Edgar-ဒီကCCTVအစောင့်သုံးယောက်ကိုအရင်ကြည့်နေခိုင်းထားလိုက်မယ်။တစ်ယောက်တစ်နာရီခြားRecordတွေကိုကြည့်။ဒါဆိုတစ်နာရီမှာ သုံးနာရီစာပြီးမယ်။အဲ့လိုဆိုပေမယ့်မလောက်ဘူးလေ။ဒီတော့အတူဝင်ကြည့်လိုက်ရင်တစ်နာရီမှာ ငါးနာရီစာပြီးမယ်။သုံးနာရီဆို အကုန်ကြည့်လို့ပြီးမှာပါ။
King-ကောင်းပြီလေ။ဒီနေ့အတွက်CCTVမှတ်တမ်းတွေကိုတော့နောက်နေ့မှကြည့်ကြတော့။တိုက်ရိုက်လုံခြုံရေးကိုပဲပိုတင်းတင်းကြပ်ကြပ်သွားလုပ်ကြ။
ထိုအခါလုံခြုံရေးခေါင်းဆောင်နှင့်Managerကပြောသည်။
Manager-ဆရာတို့ကရော၊အခုပြီးရင်ဘယ်ကိုသွားရဦးမှာလဲ။
King-ဒီမှာပြီးတာနဲ့ Myanmar Plaza ကိုသွားဦးမယ်။အဲ့ဒီ့မှာလဲအခုလိုစစ်ရမှာပဲ။
Edgar-ဒီမှာအများဆုံးလေးနာရီပဲနေမှာပါ။
Manager-ဟုတ်ကဲ့။ဒါဆိုခွင့်ပြုပါဦး။
ပြီးနောက်Manager ဆိုသူထွက်သွားသည်။King နှင့် Edgar တို့လည်း လတ်တလောပျောက်သွားသောကလေးရှစ်ယောက်လာသွားနိုင်မည့်Mallများကိုတစ်ခုချင်းရှာရန်ဆုံးဖြတ်ပြီးခက်ခက်ခဲခဲလုပ်ရပါတော့သည်။
:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:
Island တွင်အားလုံးကိုနေ့လည်စာကျွေးပြီးနောက်ကိုယ့်အဖွဲ့နှင့်ကိုယ်နေခိုင်းထားသည်။ထိုသို့နေပြီးနောက်တစ်ဖွဲ့ချင်းကိုအဝတ်အစားတစ်စုံစီလိုက်ပေးကာခေါ်သွားသည်။သူတို့နေရမည့်နေရာကိုလိုက်ပြရန်ပင်။တိုက်ခန်းဆန်ဆန်ဖြစ်ပြီးနှစ်ခန်းတွဲတိုက်များ တန်းစီနေသောအဆောက်အအုံများ၊အနီရောင်မှစ၍ခရမ်းရောင်၊အစိမ်းရောင်၊အဝါ၊အပြာတိုက်များစွာရှိသည်။တိုက်အရှေ့မျက်နှာစာတွင်လဲ စာလုံးအချို့ရေးထားသည်။အနီတိုက်ပေါ်တွင် L,ခရမ်းရောင်တိုက်ပေါ်တွင် U,အစိမ်းပေါ်တွင်1,ထိုသို့များစွာရေးထားသည်။ဘာတွေမှန်းတော့မသိ။
:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:
Miller၏ညီ၊Trevor။ဆိုင်မှLaptopပြန်ရလာပြီဖြစ်သည်။သူ့အကိုMillerကဆူထားသဖြင့်ပေါက်ကရလျှောက်မလုပ်မိစေရန်You Tube နှင့် Facebook သာဝင်လေသည်။Facebookတွင်လူပျောက်Postများအတော်တွေ့နေရသည်။သို့သော်Trevorမြင်နေကျ။ယခုသူ့အကိုaccountထဲဝင်နေခြင်းပင်။ထို့ကြောင့်Millerနှင့်တကွအခြား7ယောက်ကိုTagထားပြီးလူပျောက်ကြေညာထားကြောင်းအ​ခြားFriendများကShareထားသည်။သိပ်တော့မထူး။Notificationများလဲ သုံးဆယ်ကျော်လောက်ရှိနေသည်။Chat box တွင်လဲလာပို့ထားသောစာများရှိသည်။Trevorဝင်မကြည့်။Millerကစည်းကမ်းရှိရန်၊သူများ၏Privacyကိုအလေးထားရန်သင်ပေးထားသောကြောင့်ဖြစ်သည်။
Trevor-အကိုကြီးဘယ်ကိုများရောက်နေတာလဲ။သူတို့သူငယ်ချင်းတွေဘယ်ကိုသွားပါလိမ့်။
Trevorရောက်တတ်ရာရာများလျှောက်စဥ်းစားသည်။လမ်းတွင်ရပ်ကာပြန်ပေးဆွဲသွားပြီး ပိုက်ဆံတောင်းမလား။တို့ဆေးနဲ့ဖမ်းသွားမလား။ယခုခေတ်တွင်တို့ဆေးဆိုသောလှိမ့်လုံးကြီးများရှိနေသေးသည်။ပြန်ပေးဆွဲမည်ဟုတ်မဟုတ်တော့Trevorမသိ။သူ့ဦးနှောက်ကလေးသေးသေးလေးနှင့်စဥ်းစားသည်။ကုတင်ပေါ်ထိုင်ကာLaptopကိုရှေ့ချရင်းစဥ်းစားသည်။တစ်ဖက်ကMiloဘူးလေးကိုင်ထားလျက်။
Trevor-ကိုကြီးသူငယ်ချင်းတွေနဲ့သွားခဲ့တဲ့နေရာမှာတင်ပျောက်တာနေမယ်။
သူ့ဘာသာပြောရင်းMiloကိုပိုက်နှင့်သောက်လိုက်သည်။
Trevor-ဒါဆိုဘယ်ကိုများသွားပါလိမ့်။
ထိုစဥ်Trevor၏အကြည့်ကLaptopဖန်သားပြင်ပေါ်သို့ရောက်သွားသည်။Miller၏Facebook accountရှိပြီး News feedဖွင့်ထားကြောင်းတွေ့ရသည်။
Trevor-ဘယ်ကိုများသွားပါလိမ့်။
ပြောရင်းTrevorမျက်ခုံးမြင့်တက်သွားသည်။မျက်လုံးပိုကျယ်သွားသည်။ပါးစပ်တွင်Miloဘူးမှပိုက်ကတန်းလန်း။အာရုံကတစ်နေရာတည်းတွင်ရောက်နေသဖြင့်Miloဘူးလွတ်သွားပြီးပိုက်ကိုသာစုပ်နေကြောင်းသူမသိတော့။အမြန်ပင်LaptopရှိMouse padပေါ်တွင်လှုပ်ရှားလိုက်ပြီး Click အနည်းငယ်နှိပ်လိုက်ရာ.......။
Trevor-ဟော!
:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:
Clyde-ပြင်ပအချိန်ကတော့နေ့လည်12နာရီရှိနေပါပြီ။
Playerတွေအားလုံးအဖွဲ့လိုက်တိုက်ခန်းထဲနေနေရာမှTVပေါ်ရှိClyde၏သတိပေးသံကိုကြားလိုက်ရသည်။
Ella-ပြင်ပအချိန်ကဘာကိုပြောတာလဲမသိဘူး။
Clyde-အခုမင်းတို့တွေမဲပေးရတော့မယ်။ဘာGameကိုကစားမှာလဲ။ခဏနေရင်ဆော့ရမယ့်Gameအဖြစ် Game သုံးမျိုးထဲက မဲအများဆုံးတစ်ခုကိုငါတို့ရွေးမယ်။ဒါကြောင့်TV Screenကိုထိပြီးမဲပေးရမယ်။
ထိုသို့ပြောပြီးနောက် Screen ပေါ်တွင် Game ခေါင်းစဥ်သုံးခုပေါ်လာသည်။
The Room စက်ရုံတစ်ခုလိုDecorateထားသောအခန်းတစ်ခု၏အပြင်ပုံကိုပြထားသည်။
Capture The Flag အလံတိုင်လေးခုပုံသာပြထားသည်။ကျန်တာဘာမှမပါ။
Labyrinth Hunt ဝင်္ကပါတစ်ခုပုံပြထားသည်။လက်တွေ့ဆောက်လုပ်ထားသောအရာကြီးပင်။
Kyle-ဒီထဲမှာဘယ်ဟာမှသာမန်ဖြစ်မယ်လို့ငါမထင်ဘူး။
Miller-ဘယ်လိုမျိုးလဲ။
Kyle-Capture The Flag ဆိုတာကိုငါတို့နားလည်သလောက်ကတော့ အဖွဲ့နှစ်ဖွဲ့က တစ်ဖက်ကအလံကိုယူပြီးကိုယ့်အသင်းဆီပြေးလာရတာပဲ။အလံတိုင်နှစ်ခုရတဲ့အဖွဲ့ကနိုင်မှာလေ။အခုပုံပြထားတာကအလံတိုင်လေးခုတောင်။
Hazel-အေးနော်။
Ryan-ဒါဆိုနာမည်နဲ့တင်သိသာတာပေါ့ Labyrinth Hunt ဆိုတဲ့အတိုင်း ဝင်္ကပါထဲပတ်ပြေးရဦးမယ်။
Zuri-နောက်ကလိုက်သတ်ဦးမယ်ဆိုတဲ့သဘောရောပါတာပေါ့ဟာ။
Terrence-ငါတို့မသိနိုင်မယ့်အရာကိုလဲမရွေးသင့်ဘူးလေ။
Scott-အဲ့ဒါဆိုဘယ်ဟာကိုလွယ်မယ်ထင်လဲ။Randomရွေးလိုက်ရမှာပေါ့။
Terrence-ငါတို့ပဲရှိတာမဟုတ်ဘူးလေ။ငါတို့Voteတစ်ခုက မသိမသာလေးပဲ။တခြားသူတွေကဘာကိုVoteလဲလဲမသိရဘူး။
Olivia-ကြာလို့။တစ်ခုခုကောက်နှိပ်လိုက်။
Kyle-ဟ၊ဟ၊ဟ၊ခဏနေပါဦး။အခုချက်ချင်းVoteပေးရမှာမှမဟုတ်တာ။
Olivia-ငါတော့The Room ကလွယ်မယ်လို့ထင်တာပဲ။စက်ရုံThemeနဲ့ Puzzle အခန်းတစ်ခန်းဖြစ်မှာပေါ့။
Clyde-အချိန်သုံးမိနစ်ရမယ်။Voteမပေးတဲ့အဖွဲ့ကိုချက်ချင်းလာပြီးပစ်သတ်ပါမယ်။
Terrence-Wow,wow။ကြမ်းပြီဟ။
Miller-အကုန်လုံးကအတူတူပဲဖြစ်နိုင်တယ်မလား။
Scott-နောက်ဆုံးဝင်္ကပါကဒီလောက်သိသိသာသာကြီးဆိုးရွားမယ့်ပုံပဲဟာကို။ဘယ်လိုလုပ်အတူတူဖြစ်နေမှာလဲ။
Hazel-ဒါနဲ့အလံတွေကလဲငါတို့သိသလိုမဟုတ်နိုင်ဘူးပဲမလား။
Terrence-ဒါဆိုThe Room ကိုပဲရွေးလိုက်ကြမလား။
Ryan-အဲ့ဒါအဆင်ပြေလောက်တယ်။ချကွာ။
Miller-Okပါ။ဒါဆိုနှိပ်လိုက်ပြီ။
ဤသို့ဖြင့် ခဏအကြာ........သုံးမိနစ်ပြီးနောက်။
Clyde-သုံးမိနစ်ပြည့်ပြီးတော့ ငါတို့Vote 89 ခုရလိုက်ပါတယ်။မင်းတို့မှတ်မိမှာပေါ့ အရှေ့ချိန်တုန်းက မှန်လှောင်အိမ်အခု100နဲ့Puzzleတစ်ခုကို။အဆုံးသတ်မှာ မှန်လှောင်အိမ်90နဲ့ အဖွဲ့ 90ကျန်တယ်မလား။
Zuri-ဟယ်ဟုတ်သား။အခုvoteတွေ90ရှိရမှာပေါ့။
Hazel-တစ်ဖွဲ့အသတ်ခံလိုက်ရတာလားမသိဘူး။Voteမပေးလို့ဆိုပြီး။
Clyde-အစောပိုင်းတုန်းက အဲ့ဒီ့Voteမပေးတဲ့ သုံးယောက်အဖွဲ့က Island ကနေထွက်ပြေးသွားပါတယ်ခင်ဗျာ။Whoa!!!!
Clydeလက်ခုပ်တီးရင်းပြုံးကာပြောနေသည်။
Miller-ဟာ????
စိတ်ပျက်၊မထင်မှတ်၊အံ့သြသွားသောအသံမျိုးဖြစ်သည်။
Clyde-အခုတော့အဲ့ဒီ့အဖွဲ့မရှိတော့ပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်တစ်ခြမ်းပြတ်သွားလို့အောက်ပိုင်းပဲကျန်ခဲ့တဲ့ကောင်လေးရယ်၊မပြေးရဲတော့ဘဲငါတို့ဖမ်းမိသွားတဲ့နှစ်ယောက်ရယ်ပဲကျန်ပါတော့တယ်။ကဲ၊ကျန်ခဲ့တဲ့နှစ်ယောက်ကိုအရေခွံခွာလိုက်ကြရအောင်။အဟမ်း၊Mr.Clydeရဲ့နေအိမ်တော်ကနေတိုက်ရိုက်Liveလွှင့်ပြမှာဖြစ်လို့ TVနားကမခွာကြနဲ့နော်။
ထိုသို့ပြောပြီးမြင်ကွင်းပြောင်းသွားသည်။ဆေးရုံခန်းလိုလိုနေရာမျိုး။ခွဲစိတ်ဆရာဝန်လိုလိုလူနှစ်ယောက်ကဆေးထိုးအပ်များ၊ဓားများကိုရေနွေးတွင်ပြုတ်နေသည်။ထိုစဥ်အခန်းထဲသို့Clydeဝင်လာသည်ကိုတွေ့လိုက်ရသည်။သူဝင်လာပြီးမှ ဆေးရုံကုတင်နှစ်ခုပေါ်ရှိအဝတ်များကိုဆွဲဖယ်လိုက်ရာ တုံးလုံးချွတ်ခံထားရသော ကောင်မလေးနှစ်ယောက်ကိုတွေ့ရတော့သည်။
ထိုနှစ်ယောက်ကိုပက်လက်လှန်ထားပြီးလက်နှင့်ခြေထောက်များလှုပ်မရအောင်ကုတင်တွင်ချည်ထားသည်။ပါးစပ်ကိုလဲတစ်ခုခုနှင့်စည်းထားပြန်သည်။
Clyde-ဟား။မိန်းကလေးတွေလား။ငယ်ငယ်ချောချောလေးတွေပဲနော်။ဒါဆို ခုဏကကောင်လေးက ဒီထဲကတစ်ယောက်ရဲ့ရည်းစားထင်တယ်။ဟုတ်လား။
Clyde မိန်းကလေးတစ်ယောက်ကိုအနားကပ်ပြီးမေးသည်။ထိုကောင်မလေးကတော့ငိုသာငိုနေသည်။ကြောက်လွန်း၍ငိုနေခြင်းဖြစ်ကြောင်းသိသာပါသည်။Clydeကတော့ဆန့်ကျင်ဘက်။ပြုံးစိစိနှင့် Psychopath တစ်ယောက်သဖွယ် ကြောက်စရာကောင်းနေသည်။
Clyde-ဒါဆိုခုဏကတစ်ပိုင်းပြတ်သွားတာဒီကောင်မလေးရဲ့ရည်းစားလား။Sorryပါနော်။သေသွားတာစိတ်ကောင်မကောင်းဘူး။အဲ့ဒီကောင်လေးရဲ့ခါးနဲ့ခြေထောက်ပဲကျန်တော့တယ်၊ကြည့်မလား။
ကောင်မလေးတွေကတော့ငိုနေဆဲ။
Clyde-ကောင်လေးရဲ့Bodyယူလာခဲ့။
ထို့ကြောင့်ဆရာဝန်လဲသွားယူလာပြလေသည်။ယူလာသည်မှာလဲအမှန်တကယ်ပင် အပေါ်ပိုင်းပြတ်နေသော အလောင်းကြီးဖြစ်သည်။မိန်းကလေးနှစ်ယောက်ငိုသံများပိုကျယ်သွားရတော့သည်။
Clyde-TVကြည့်နေကြတဲ့ပရိတ်သတ်များခင်ဗျာ။Clydeတင်ဆက်နေဆဲပါ။ခုဏကအရေခွံခွာမယ်လို့ပြောခဲ့တာသိတယ်မလား။ဒါပေမယ့်မိန်းကလေးတွေဖြစ်နေတော့မရက်စက်ချင်တော့ဘူး။ဒါကြောင့်Voteပေးခိုင်းမယ်။ဒီကောင်မလေးတွေကို လူအရှင်လတ်လတ် ဘာမှမထိမခိုက်ဘဲအကောင်းတိုင်း ရောင်းစားလိုက်ရမလား။အရေခွံခွာရမလား။မင်းတို့TVပေါ်ကနေVoteပေးကြ။မပေးရင်မင်းတို့ကိုပါလာသတ်မယ်။
ထို့နောက် Vote ပေးရန်ထပ်ပေါ်လာတော့သည်။
Playerများငိုင်နေကြလေပြီ။အတွေးထဲဝယ် ဒီနေရာကဘာကြီးလဲ၊ငရဲတွင်းကြီး၊ငါတို့ပြေးလို့မရတော့ဘူး၊Psychoကောင်ကြီး။ပြီးနောက်ခြေထောက်ခွေကျသွား၊Shocked၊စကားတောင်မပြောနိုင်။
အားလုံးအတူတူပင် ကောင်မလေးများကိုရောင်းစားဖို့သာVoteပေးလိုက်ပါသည်။89ခုလုံး။
Clyde-ဟုတ်ပြီကွာ။ဒါဆိုမေးလိုက်ပါဦးမယ်။ကာယကံရှင်တွေရဲ့သဘောထားကရော။မင်းတို့နှစ်ယောက်လုံးကိုရောင်းစားလိုက်ဖို့သဘောတူရင်ငိုတာပိတ်။ဆက်အသံထွက်နေရင်သဘောမတူဘူးလို့ပဲမှတ်မယ်။
ထိုအခါကောင်မလေးတစ်ယောက်ရှိုက်နေရင်းအသံအတင်းပိတ်ယူနေသည်။ကျန်တစ်ယောက်ကတော့ငိုနေဆဲ။
Clyde-ဟမ်၊ဟိုကောင်မလေး။မင်းရောင်းစားမခံဘူးပေါ့။ငိုတာရပ်လိုက်လေ။
ထိုကောင်မလေးကမရပ်ဘဲအတင်းငိုကာခေါင်းခါသည်။
Clyde-ကဲ၊ဒါဆိုဟိုတစ်ယောက်ကို ပြန်ခေါ်သွားလိုက်တော့။ဒီကောင်မလေးနဲ့ငါနဲ့ရှင်းရမယ်။
ထို့ကြောင့်ဆရာဝန်တစ်ယောက်လဲရောင်းစားခံမည့်ကောင်မလေးကိုအခန်းထဲမှထုတ်သွားတော့သည်။ပြီးသောအခါ......
Clyde-ကောင်မလေး၊သေသွားတာမင်းရည်းစားထင်တယ်။အရှက်နဲ့သိက္ခာအတွက်အသေပဲခံလိုက်မယ်ပေါ့။ငါလဲမင်းရဲ့အရှက်တရားကြောင့်ဘာမှလုပ်မှာမဟုတ်ဘူး။
ထိုကောင်မလေးကိုClydeအဝတ်နှင့်ပြန်အုပ်လိုက်ပြီး ကုတင်ကိုဆွဲလာသည်။အခန်း၏တခြားတစ်ဖက်အထိဆွဲလာပြီးကုတင်ကိုစင်ပေါ်တွန်းတင်လိုက်သည်။စင်နှင့်ကုတင်ကွက်တိဖြစ်သဖြင့်ကုတင်မှဘီးလုံးများကိုခေါက်လိုက်လို့ရသွားတော့သည်။ထိုစင်၏အဆုံးတွင်တံခါးပေါက်ရှိသေးသည်။Clydeထိုတံခါးပေါက်ကိုဖွင့်ပြီးဘေးနားမှPressure barကိုလှည့်လိုက်သည်။Gasထုတ်သောအသံထွက်လာ၏။ပြီးနောက်အနားရှိမီးခြစ်ဆံကိုခြစ်လိုက်ပြီးထိုတံခါးထဲပစ်ထည့်လိုက်ရာဝုန်းခနဲမီးများတောက်သွားသည်။Gasကမှုတ်နေသဖြင့်မီးများတိုးနေလေသည်။ထိုအခါကောင်မလေးကိုအုပ်ထားသောအဝတ်ဖယ်ပြီးClydeကိုယ်တိုင်ထိုကောင်မလေးအားမီးထဲတွန်းထည့်လိုက်ပါတော့သည်။ပါးစပ်စည်းထားသဖြင့်ကောင်မလေးအော်သံတော့သေချာမကြားရပေ။Clydeလှည့်မကြည့်ဘဲအေးဆေးပြန်ထွက်လာလိုက်တော့သည်။ယခုမှသေချာသိလိုက်ရသည်။ထိုအရာကြီးကမီးသဂြိုလ်သောစက်ဖြစ်လေသည်။
အရာအားလုံးတိတ်ဆိတ်။ဘယ်သူမှဘာမှမလုပ်နိုင်ကြတော့ဘဲ မြင်နေရသည့်အရာများကိုလက်ခံနိုင်အောင်အရင်ကြိုးစားနေရသည်။သူတို့ရောက်နေသည့်နေရာမှာ လူငယ်ထိန်းသိမ်းရေးစခန်းမဟုတ်။ထောင်မဟုတ်။ငရဲခန်းသာဖြစ်လေသည်။
!ဒီ..........!
Playerအားလုံး၏အခန်းဝမှထိုအသံကျယ်ကြီးမြည်လာသည်။ခုဏကVoteထားသောGameကိုဆော့ရတော့မည်။
Clyde:အားလုံးအခန်းပြင်ထွက်၊တိုက်အောက်ဆင်းနေပေးကြပါ။ပထမဆုံးGameဖြစ်တဲ့The Roomကိုဆော့ဖို့လာခေါ်ပါလိမ့်မယ်။
:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:
Miller၏ညီဆီကိုEdgarနှင့်Kingတို့ရောက်လာကြပြီဖြစ်သည်။LaptopထဲရှိMessenger Group Chat တွင်Millerတို့8ယောက်အဖွဲ့ဘယ်ကိုသွားကြမလဲပြောထားသည်များအတိအကျပါဝင်လေသည်။Myanmar Plaza:Breakout.နေ့လည်1နာရီခွဲအချိန်အပူတပြင်းရောက်အောင်သွားပြီးBreakoutကိုစစ်ဆေးရေးဝင်ပါတော့သည်။ကျန်တစ်ဖွဲ့ကMillerတို့ပျောက်သွားသည့်နေ့အတွက်CCTVမှတ်တမ်းများကိုတစ်နာရီစီစစ်ဆေးနေသည်။Kingနဲ့ရဲနှစ်ယောက်ကBreakout မှာ။
King-ငါတို့ကစုံစမ်းရေးတွေပဲ။ငါကစုံစမ်းရေးဌာနရဲ့အကြီးတန်းခေါင်းဆောင်King။မင်းတို့ငါမေးတာကိုအမှန်အတိုင်းဖြေဖို့လိုလိမ့်မယ်။
Staff-ဟုတ်ကဲ့၊မေးပါခင်ဗျ။
ထိုစဥ်Breakoutကိုလာသောသူများနှင့်ဖြတ်လျှောက်သွားသူများကအထူးအဆန်းအနေနှင့်လှည့်ကြည့်သွားကြသေးသည်။
King-မင်းတို့ဆီကိုဒီကလေး8ယောက်လတ်တလောလာကစားသွားသေးတယ်မလား။ပြောရင်းပင်8ယောက်လုံး၏ပုံကိုထုတ်ပြလိုက်သည်။
Staff-ဟုတ်လောက်မှာပါ။လာတဲ့လူတွေကလဲများတော့သေချာမသိဘူးဗျ။
King-မင်းတို့ဆီမှာRecordတွေဘာတွေရောရှိလား။
Staff-အဲ့လိုမျိုးတော့မရှိပါဘူး။
ထိုခဏအတွင်းမှာပင်Kingဆီကိုဖုန်းဆက်လာသည်။
Edgar-အဲ့ဒီ့ကလေးတွေBreakoutထဲဝင်သွားတဲ့CCTV မှတ်တမ်းတွေ့ပြီ။ပြန်ထွက်လာတာကိုတော့မတွေ့ရဘူး။
King-ဟုတ်ပြီ၊ဒါဆိုအမြန်လာခဲ့။
ပြောရင်းဆိုရင်းKingဖုန်းချလိုက်ကာသူ့ရဲနှစ်ယောက်ကိုခေါ်ပြီးBreakoutထဲအတင်းဝင်ချသွားတော့သည်။Powerတွေရှင်းပြနေသောသူ၊လာဆော့သည့်သူများကိုဖယ်ကာ Gamemaster ရှိရာနေရာကိုအတင်းတိုးတိုက်ကာသွားသည်။
CCTVအခန်းတစ်ခုတွေ့ပြီးလူလေးယောက်နှင့်အသက်ကြီးသောGame Masterတစ်ယောက်ကကြည့်ရှုနေသည်။
Kingသေနတ်ထုတ်ကာချိန်လိုက်သည်။ထို့ကြောင့်ပါလာသောရဲနှစ်ယောက်ပါကျန်လူများကိုသေနတ်နှင့်ချိန်လိုက်သည်။
King-ဒီကိုလာကစားတဲ့ကလေး8ယောက်ပျောက်သွားတယ်။ယောကျ်ားလေး5ယောက်။မိန်းကလေး3ယောက်။
Game Master-သူတို့တခြားနေရာသွား......
စကားပင်ဆုံးအောင်မပြောလိုက်ရ။
King-ဒီနေရာကိုဝင်လာတဲ့CCTVမှတ်တမ်းရှိတယ်။ပြန်ထွက်သွားတာမတွေ့ရဘူး။အခုချက်ချင်းစုံစမ်းစစ်ဆေးရေးလုပ်မယ်။ချက်ချင်းပိတ်၊အခုလိုက်ခဲ့ပါ။
Game Master-ဝရမ်းပါလို့လား။
"Bang"ကြမ်းပြင်ကိုသေနတ်နှင့်ပစ်လိုက်သည်။
King-သေနတ်ပါတယ်။အခုချက်ချင်းလိုက်ခဲ့ရမယ်။
Game Masterလဲခပ်ပြုံးပြုံးဖြင့်လက်မြှောက်လိုက်ကာနံရံကိုထုလိုက်သည်။လျှို့ဝှက်ခလုတ်လားမသိ။ဆုံလည်နံရံဖြစ်သွားကာထိုအပေါက်ထဲမှGame Master ဝင်ပြေးသွားသည်။တခြားရဲတစ်ယောက်ကသေနတ်နှင့်ပစ်လိုက်ရာရှပ်ထိသွားသည်။လက်မောင်းကိုဖိအုပ်ကာပြေးသွားတော့သည်။ချက်ချင်းပင်လိုက်ကြည့်ကာပြေးလိုက်သော်လဲဲကြမ်းပြင်တွင်ကျခဲ့သောသွေးစက်များကိုသာမြင်ရပြီးဘာမှမရှိတော့။အရှေ့တွင်လမ်းပိတ်နေလေပြီ။နံရံကြီးသာရှိတော့သည်။ထိုနေရာတွင်လျှို့ဝှက်တံခါးများရှိနေမလားလိုက်ရှာသော်လဲမတွေ့။ထူးဆန်းစွာပျောက်ဆုံးသွားလေသည်။
Edgar၏အဖွဲ့လဲရုန်းရင်းဆန်ခတ်ဝင်လာသည်။သေနတ်ဖောက်သံကြားလိုက်ရသဖြင့်လူများလဲအလန့်တကြားဖြစ်ကုန်ကြသည်။Plaza၏Managerလဲအပြေးအလွှားလာရသည်။ရဲများကသေနတ်များနှင့်။
Edgar-ဘာတွေဖြစ်သွားတာလဲ။
King-အဲ့ဒီ့ဘဲတစ်ကောင်မွှေသွားပြီးထွက်ပြေးသွားတာ။ဒီနံရံမှာတံခါးပေါ်လာပြီးတော့လေ။ပြီးတော့သေနတ်မှန်သွားသေးတယ်။လိုက်ကြည့်တာသွေးစက်တွေကဒီမှာတင်ဆုံးသွားပြီးလူပါပျောက်သွားတယ်။
Edgar-လျှို့ဝှက်တံခါးတွေရော။
King-အေး၊ကြည့်ပြီးပြီ။မရှိဘူး။မင်းအဲ့ဒီ့Managerကိုမေးကြည့်လေ။ဒီနေရာမှာဘာအခန်းလွတ်တွေရှိသေးလဲလို့။ပူးပေါင်းပြီးမကူညီဘဲထိမ်ချန်ထားတာရှိရင်လက်မောင်းထဲကျည်ဆံဝင်ပြီးမှအချုပ်ထဲပို့ပစ်မယ်။
Kingစိတ်တိုနေပြီဖြစ်သည်။Game Masterကအစရှာမရအောင်ပျောက်သွားသည်။မေးနေတုန်းမှာတင်ကလန်ကဆန်ပြောကာထွက်ပြေးသွားသဖြင့်ဒီBreakoutမှတစ်ခုခုပါဝင်ပတ်သတ်နေမှန်းသိသာပေသည်။သူတို့လက်ချက်မကင်းသဖြင့်ထွက်ပြေးကြောင်းသေချာလေပြီ။ကျန်ခဲ့သောလူများကိုသာဖမ်းသွားကာ စစ်ဆေးရရမည်။ယခုခုလောလောဆယ်တော့ဒီနေရာကိုပိတ်ပစ်ရမည်ဖြစ်လေသည်။
King-တပ်ဖွဲ့တွေအားလုံးဒီကသံသရှိသူတွေကိုဖမ်းခေါ်သွားကြ။အခုစခန်းကိုပြန်မယ်။
:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:
The Room
စက်ရုံကြီးတစ်ခု၏အစိတ်အပိုင်းများပါဝင်သောအခန်းများဖွဲ့စည်းမှုတစ်ခုဖြစ်သည်။အခန်းတစ်ခန်းတည်းဆိုလျှင်ဘာမှမထူးခြား၊အခန်းအကုန်ပေါင်းလိုက်လျှင်တော့ စက်ရုံကြီးတစ်ခုဖြစ်သွားပေသည်။ထိုအခန်းများတစ်ခုချင်းစီကိုအဖွဲ့လိုက်ဝင်ရမည့်ပုံရှိသည်။
Clyde-မင်းတို့အားလုံးရွေးထားတဲ့The Room ကိုတော့ရောက်လာပြီ။ဒီတော့စည်းမျဥ်းစည်းကမ်းတွေရှင်းပြရမယ့်အချိန်ပဲပေါ့။
ထိုသို့ပြောပြီးClydeဂုဏ်ယူသည့်ဟန်ဖြင့်ခန့်ခန့်ကြီးပြုံးနေသည်။သူဖန်တီးထားသောGameလေလားမသိပေ။
Clyde-အခုGameက Puzzle Gameသပ်သပ်ပါ။သိပ်တော့စိတ်မပူကြပါနဲ့။Ruleတွေပြောပြမယ်။
1.ဒီအခန်းတွေမှာ နံပါတ်တွေရှိတယ်။အခန်းဝမှာရေးထားတယ်။အဲ့ဒီအခန်းထဲကိုဝင်ကြည့်ရင် အခန်းရဲ့တကယ့်နံပါတ်အစစ်ကို အခန်းထဲကနံရံပေါ်မှာတွေ့ရလိမ့်မယ်။အခန်းစုစုပေါင်းကတော့ 100။
2.မင်းတို့တစ်ဖွဲ့ချင်းစီကိုလဲနံပါတ်တွေပေးထားတယ်။Gameပြီးတဲ့အချိန်မှာအားလုံးကိုယ့်အဖွဲ့နံပါတ်နဲ့တူတဲ့အခန်းကိုရောက်နေရမယ်။
Ella-မရောက်ခဲ့ရင်ရော။
Clyde-ဆန္ဒမစောပါနဲ့ အေးဆေးပေါ့၊ပြောပြမှာ မပူနဲ့။
3.အခန်းနံပါတ်နဲ့ အခန်းထဲကနေ Mission ပေးတဲ့နံပါတ်ကမတူဘူးဆိုတာသိထားကြပါ။အခုဟိုကောင်မလေးရဲ့အဖွဲ့နံပါတ်က 8 လို့ပဲ ထားလိုက်။သူအခန်းတွေပတ်ရှာရင်းနဲ့ အခန်းနံပါတ် 14 ထဲဝင်သွားတယ်ပဲပြောကြရအောင်။အဲ့ဒီအခန်းနံပါတ်14ထဲကနံရံပေါ်မှာ နံပါတ်8ရှိနေမယ်ဆိုရင် သူတို့အဖွဲ့နိုင်မယ်။မရောက်နိုင်ခဲ့ရင် မင်းတို့ရှိနေတဲ့အခန်းပေါက်ကွဲသွားလိမ့်မယ်။အဲ့ဒီအခါမင်းတို့အဖွဲ့သေမယ်။အကယ်၍ပေါက်ကွဲသွားတဲ့အခန်းက တခြားအဖွဲ့ဝင်ရမယ့်အခန်းဖြစ်နေပြီးတော့သူတို့ရဲ့အခန်းမရှိတော့တဲ့အခါ တခြားအဖွဲ့လဲရှုံးလိမ့်မယ်။
4.ဒါပေမယ့်.......ဒါပေမယ့်လဲ တစ်ဖွဲ့ရှုံးရင် အကုန်လုံးရှုံးမယ်။အကုန်သေပါမယ်။တစ်ဖွဲ့မှာအခန်းဝင်ကြည့်ခွင့် 50 ပဲရမယ်။ဟုတ်ပြီနော်။

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

Avalon [Scarlet Island]Where stories live. Discover now