အဘွားဖြစ်သူလက်ထဲက ဖုန်းကို
ဆော့ဂျွန်းအလျင်အမြန်လုယူလိုက်ရင်း ပိတ်ချလိုက်သည်။"ဒါဘာလုပ်တာလဲ အဘွား!!"
"အဘွားက မြေး အိပ်နေလို မနိုးရက်တာနဲ့
ဖုန်းကိုင်ပေးလိုက်တာလေ ""မလုပ်နဲ့ ၊ ကျတော် ကိုယ်ရေးကိုယ်တာနဲ့
ပတ်သတ်တာမှန်သမျှဝင်မပါနဲ့ ဘယ်ဖုန်းလာလာလဲ မကိုင်ပေးနဲ့ ""ဆော့ဂျွန်းရယ် အဘွားက "
"အာ့ကိစ္စထားလိုက်တော့ ~အခု ကင်မ်ဆော့ဂျင် ဘယ်မှာလဲ သူဘယ်ထွက်သွားပြန်ပြီလဲ?"
အဝင်ကော ထပ်ဝင်နေသည့်
လက်ထဲက ဖုန်းလေးကိုစက်ပိတ်ကာ စာူပွဲခုံပေါ်ချရင်း အိမ်မှာရှိမနေတဲ့ ဆော့ဂျင်ကိုမေးသည်။" အဘွားလဲ အပြင်ခဏသွားလိုက်တာနဲ့ မသိလိုက်ဘူး ဆော့ဂျွန်းရယ် "
ထိုအချိန် တံခါးဖွင့်သံနဲ့အတူ အိမ်ထဲရောက်လာခဲ့တဲ့ ဆော့ဂျင်နဲ့ ဟိုဆော့။
ဆော့ဂျွန်းကို မမြင်သေးခင်အထိ အပြုံးတွေ
ဝေဆာလျက်ရှိနေပေမယ့် အိမ်အတွင်းရှိလူတွေကို မြင်တွေ့သွားချိန်မှာတော့ဆော့ဂျင်မျက်နှာလေးဟာ ဇီးရွက်လောက်သာသာဖြစ်သွားရင်း ဟိုဆော့အကျီစလေးကို ဆုပ်ကိုင်ထားမိလိုက်သည်။
"ကင်မ်ဆော့ဂျင်!!!!"
ဆော့ဂျွန်းရဲ့ ကျယ်လောင်လှတဲ့အော်သံကြောင့် တုန်တက်သွားတဲ့ ကိုယ်ငယ်လေး။
"အကို!!! "
"ဘယ်ကို ခြေရှည်ခဲ့ပြန်ပြီလဲ ဟမ်!!!"
"..........."
"ငါမေးနေတယ်လေ ၊ကင်မ်ဆော့ဂျင်!!!!!'
"ကျ~~ကျတော် အိမ်ထဲမှာနေရတာ
မွန်းကြပ်လာလို အာတာ ~~အာတာ
ဟိုဆော့ကို အပြင်လိုက်ပို့ဖို့ ပူဆာခဲ့မိတာပါ "အကိုဖြစ်သူကို ကြောက်ပေမယ့် ဟိုဆော့အပြစ်မဖြစ်အောင် ဖုံးကွယ်ပေးသည်။
"မွန်းကြပ်တယ်~~မင်းက !!!
ဆော့ဂျင်ခေါင်းလေးသာ ငြိမ့်ပြမိတော့
ခပ်သဲ့သဲ့ရယ်သံ ဆော့ဂျွန်းဆီမှ ထွက်ပေါ်လာသည်။" အပြင်ထွက်လာပြီးတိုင်း အရည်ရွဲလာတက်တဲ့
မင်းက
အိမ်မှာနေရတာ မွန်းကြပ်တယ်ဟုတ်လား!!!"
YOU ARE READING
Same But Different ☑️ Complete
Fanfictionမင်းကသူမဟုတ်မှန်းသိပေမယ့် ကိုယ်အနားက ထွက်သွားခွင့် မပြုနိုင်ခဲ့ဘူး ၊ မင်းကို သူထက်ပို ချစ်သွားလိုထင်ပါရဲ့ ။