သွန်းဦးမောင်မော်အိမ်ကိုသွားပြီးသွန်း - ဦးလေး
ဦးလေးမောင်မော်က အိမ်ထဲကထွင်လာပြီး
ဦးလေးကြီး - ဟိုတစ်ခါတုန်းကသမီးပါလား။ သွန်းသစ္စာ မလား
သွန်း - ဟုတ်တယ်ဦးလေး
ဦးလေးကြီး - အကူအညီလိုလို့လား
သွန်း - ဟုတ်
ဦးလေးကြီး - ဘာများလဲသမီးရဲ့
သွန်း - ဟိုလေ ဒီကနေ ကျောက်ပန်းပွင့်ရှိတဲ့နေရာကိုဘယ်လိုသွားရမလဲ။ တောလယ်မှရှိတယ်လို့ပြောတယ်။
ဦးလေးကြီး - ဘာ😳😳 ကျောက်ပန်းပွင့်ဆီကိုသွားမလို့။ အဲ့ကိုသွားမယ်ဆိုတော့ မဟုတ်မှ...
သွန်း - ဟိုတစ်ခေါက်ကသွန်းတို့နဲ့စကားပြောနေတဲ့ဆရာမကိုဦးလေးသိတယ်မလား
ဦးလေးကြီး - နှင်းလို့ပြောနေတဲ့ကောင်မလေးမလား
သွန်း - ဟုတ်တယ် ဦးလေးချယ် ကျောက်ပန်းပွင့်မြွေအကိုက်ခံရလို့ ဆေးဆရာကြီးကပြောတယ်။ပန်းကိုရအောင်ရှာ ဒါမှမဟုတ်ရင်မြွေကိုရှာရမယ်တဲ့
ဦးလေးကြီး - သမီးကဘာလို့မြွေကိုမရှာရတာလဲ
သွန်း - မြွေကိုတောင်တစ်ခုလုံးမှာရှာဖို့ဆိုတာမဖြသ်နိုင်ဘူးလေ ပန်းကိုရှာတာပိုတိကျတယ်လေ။ ဦးလေး မလိုက်ပေးရင်တောင် ပန်းရှိတဲ့နေရာလေးကိုပြောပြပေးပါ။
ဦးလေးကြီးကသွန်းကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ
ဦးလေးကြီး - သမီးက ဦးလေးကိုကူညီပေးထားတော့ ဦးလေးလိုက်ခဲ့မှာပါ။
သွန်း - ရပါတယ်ဦးလေးရဲ့ သမီးတစ်ယောက်ထဲသွားပါ့မယ့် ဘယ်လိုသွားရမလဲသာပြောပါ။ သမီးကြောင့်ဦးလေးကြီးကိုဒုက္ခမရောက်စေချင်ဘူး
ဦးလေးကြီးကတစ်ချက်ရယ်ရင်း
ဦးလေးကြီး - ဒီမှာသမီး သမီးလိုကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကို ကူညီတာ သမီးနှလုံးသားကအရမ်းမြင်မြတ်တယ်။ အခုလိုစိတ်မျိုးရှိလို့လဲဦးလေးက ကူညီချင်တာ။ တူတူသွားကြတာပေါ့ ကံတရားနဲ့ကြိုးစားမှုပဲ။ ဘယ်လောက်ပဲကြိုးစားစားကံမကောင်းရင်ဘာမှမဖြစ်နိုင်သလို။ ကံဘယ်လောက်ပဲ ကောင်းကောင်း မကြိုးစားရင်ဘာမှမဖြစ်နိုင်ဘူး။ သွားကြမယ်ဦးလေးသေနတ်ယူလိုက်ဦးမယ်။
CZYTASZ
In The End Of Love💓(unicode version)(Completed)
Romansမြင်မြင်ချင်းအချစ်ဆိုတာကိုယုံကြလားဟင် လူအများစုကမြင်မြင်ချင်းချစ်ရင်စိတ်ကစားတယ်လို့ပဲထင်ကြတာ။ ဒါပေမယ့်သွန်းအတွက်ကတော့ ချယ့်ကိုမြင်မြင်ချင်းချစ်မိသွားတာ။ တစ်ဘဝလုံးအတွက်ရည်ရွယ်ပြီးကိုချစ်မိခဲ့တာ။ ...