2015,May 3
အားလုံးငြိမ်ကြတော့ ကျောင်းတက်နေပြီ ကျောင်းသားအသစ်နဲ့မိတ်ဆက်ပေးမယ်
Hello Guys! I'm John and I'm from United Kingdom
သြရှရှအသံလေးကြောင့် Louis တစ်ယောက် စားပွဲပေါ်မှောက်နေရာမှ ထကြည့်မိလိုက်သည်။ ကြည်ပြာရောင်မျက်လုံး ရွှေရောင်ရောင်ဆံပင်နဲ့ ကောင်လေးက သူ့ကိုကောင်းကောင်းဖမ်းစားနိုင်ခဲ့သည်။
John, Louis ဘေးမှာထိုင်လိုက်နော်
ထိုကောင်လေးဘေးသို့ရောက်လာသည့်တိုင် Louis တစ်ယောက်ငေးကြည့်မိနေတုန်း သူဝန်ခံပါတယ် ဒီကောင်လေးအပေါ်ခံစားချက်တွေရှိနေပြီဆိုတာ
Lunch Break
Louis ဘာတွေတွေးနေတာလဲ မဟုတ်မှလွဲရော London Boy လေးအကြောင်းထင်တယ်
အွန်း ဟုတ်တယ် Harry သူနဲ့တွေ့ပြီးကတည်းကတစ်မျိုးဖြစ်နေတာ ငါ့ကိုသူနဲ့ပတ်သက်တာတွေစုံစမ်းပေးဦး
ကျောင်း Canteen တွင်တစ်စုံတစ်ယောက်ကြောင့်ပြုံးနေတဲ့ကောင်လေးရှိသလို စာသင်ခန်းထဲမှာလည်း တစ်စုံတစ်ယောက်ကြောင့်ပြုံးနေတဲ့ ကောင်လေးတစ်ယောက်ရှိလေတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာသင်နှစ်တစ်ဝက်ရောက်လာခဲ့သလို John နဲ့ Louis တို့လည်းရင်းနှီးလာခဲ့သည်။ American look ဖြစ်တဲ့ Louis ကလည်း ကောင်မလေးတွေကြားရေပန်းစားသလို British Look ဖြစ်တဲ့ John ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်လာခဲ့တယ် ကောင်လေးနှစ်ယောက်ကတော့ ခံစားချက်များစွာဖြင့်
Louis, weekend မှာအားရင် ငါနဲ့အတူ hang out ထွက်ကြမလား
Sure! အိမ်ကစောင့်နေလေ ငါလာခေါ်လိုက်မယ်
Louis တစ်ယောက် John ပေးတဲ့လိပ်စာအတိုင်း ထွက်လာခဲ့သည်။ အိမ်ရှေ့အရောက် Louis တစ်ယောက် အံ့သြနေမိသည်။ သူတို့ကျောင်းက Madrid မှာကြေးအမြင့်ဆုံးကျောင်းဖြစ်လို့ လာတက်တဲ့သူတွေက အထက်တန်းလွှာထဲကဆိုတာသိပေမယ့် John တို့အသိုင်းအဝိုင်းက သူထင်ထားတာထက် ပိုကြီးနေခဲ့တယ်
Louis, အိမ်ရှေ့ရောက်တာတောင်ငါ့ကိုမပြောဘူး Rosie က ခြံရှေ့မှာလူတစ်ယောက်တွေ့တယ်ဆိုလို့ မင်းများလားလို့လာကြည့်တာ လာခဲ့လာ ငါအစောကမှ အိပ်ရာထလို့ဘာမှမပြင်ရသေးဘူး