☁️Unicode☁️

896 81 28
                                    

_☁️_

တဖြည်းဖြည်းမှောင်ရီစပြုလာတဲ့ ပတ်ဝန်းကျင်နဲ့အတူ ခြေလှမ်းတို့ကို ခပ်မြန်မြန် အရှိန်တင်ကာ လျှောက်လှမ်းမိတော့သည်..

ဆောင်းဝင်စမို့ မှောင်စပြုလာသည်နှင့် မနေနိုင်လောက်အောင် အေးတာ‌ေကြာင့်လက်နှစ်ဖက်အား အနွေးထည်ရဲ့ အိတ်ကပ်ထဲ အတင်းတိုးထည့်ထားပစ်သည်..

လမ်းကြားတို့ထဲ ချိုးကွေ့ဝင်လာခဲ့ရင်း ခပ်နွမ်းနွမ်း တိုက်ခန်းငယ်တစ်ခုရှေ့ရောက်တဲ့အခါ ခြေလှမ်းတို့ကို အလိုလို ရပ်တန့်မိသား..

အနည်းငယ်အခုန်မြန်နေတဲ့ နှလုံးသားဟာ အခြေအနေကို ခန့်မှန်းမိသည်ထင်၏..

ဆိုင်းငံ့မနေပါဘဲ အိတ်ကပ်ထဲပါလာသည့် သော့အပိုဖြင့် တံခါးအားခပ်မြန်မြန် ဖွင့်လိုက်သည်..

ချက် !

မီးတွေဖွင့်လျက်သားရှိ‌ေနတဲ့အခန်းငယ်‌ေလးထဲက မြင်ကွင်းကြောင့် အလိုလိုပြုံးလိုက်မိသား..

ခြေသံကိုခပ်ဖွဖွ အနေအထားဖြင့်ထိန်းလျှောက်ရင်း အိမ်ထဲကိုဝင်ခဲ့သည်..

ကျွီ!

အခန်းတစ်ခုရဲ့ တံခါးအား အသာဖွင့်ရင်း အခန်းထဲက အခြေအနေကို အကဲခတ်လိုက်သည်..

ကုတင်ပေါ် တစောင်းလှဲရင်း မှေးနေရှာတဲ့ လူသားလေးအား တွေ့တဲ့ အခါ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ မျက်ဝန်းအိမ်က မျက်ရည်တွေ..

"အကို..သက်သာရဲ့လား.."

"ကုကီး ..ရောက်လာပြီလား.."

အဖျားရှိနေတဲ့ နဖူးပြင်အား ခပ်ဖွဖွနမ်းရင်းကုတင်ပေါ်တက်ကာ  လှဲလျောင်းနေတဲ့ ခန္ဓာကိုယ်လေးကို အနောက်ကနေ သိမ်းကျုံးဖက်ပစ်လိုက်သည်..

" အကို မင်းအတွက် ဟင်းပြန်နွှေးပေးမယ်..ထမင်းစားသွားနော်.."

အင့်!

"အကို ခဏလေး ခဏလေး ဒီအတိုင်းဘဲနေပေးပါ!"

ထွက်သွားဖို့ပြင်နေတဲ့ အကို့ ကိုယ်လေးကို ပိုမို တင်းကြပ်အောင် ပြန်လည်ပွေ့ဖက်ထားမိသည်..

တစတစ တုန်ရီလာတဲ့ လက်တွေဟာ အကို့ကို တင်းကြပ်စွာ ပွေ့ဖက်ထားမိဆဲ..အထိန်းအကွပ်မရှိ ကျဆင်းလာခဲ့တဲ့ မျက်ရည်တွေဟာ အကို့အက်ျမှာ ‌နေရာယူလို့..

🌸အလွမ်းတေးပန်းချီ☁️Opowieści tętniące życiem. Odkryj je teraz