One Short (Uni)

12 1 0
                                    

1980 ခုနှစ်... မေလ

နွေရာသီ ကျောင်းပိတ်ရက်လေးတစ်ခု......။

သာယာလှတဲ့ မနက်ခင်းလေး တစ်ခုမှာ ကောင်လေးတစ်ယောက် ငိုနေခဲ့တယ်။
ဘာလို့ ငိုတာလဲဆိုတော့ သူ့ငှက်လေး သေသွားခဲ့လို့တဲ့။

"အဟင့် ရွှတ် ဟင့်....အီး.... ရွှတ်"

"ဟေ့ကောင်လေး ဘာလို့ငိုနေတာလဲ"

"ဘယ်သူလဲ"

ငိုနေရင်းက လှည့်ကြည့်မိတော့ ကောင်လေးတစ်ယောက် ရွှေဝါရောင် ဆံပင်အုပ်လေးက လေးပေါ်မှာ လွင့်နေ၏။ ရုပ်ကလည်း ဘိုဆန်သည့်ပုံ ။

ခန့် သိလိုက်ပါပြီ ဒီကောင်လေးဟာ ဖေဖေ ပြောဖူးတဲ့ကပြားလေးမှန်း။

"ဘာလို့ ငိုနေတာလဲဟင်"

ထွက်ကျလာသော မြန်မာ စကားသံဟာ အပီအသ မဟုသော်လည်း နားလည်နိုင်သည်။

"ငါ....ငါ့ ငှက်လေး..သေသွားလို့.....ရွှတ်"

"Oh ! really !? "

"ဟမ်...မင်း ဘာပြောလိုက်တာလဲဟင်"

"ohh, sorry မင်းမှနားမလည်ပဲကို ငါ့ပါးပါး
ပြောဖူးတယ် တစ်ချို့လူတေက ငါတို့ စကားကို နားမလည်ဘူးတဲ့ မင်း‌ကော နားမလည်ဘူးလား "

"အင်....အင်းး"

"အော် ဟုတ်ပါပြီ မင်းနာမည်ဘယ်လို ခေါ်လဲ"

"ငါ ...ငါ့ နာမည် ခန့်မင်းသက်"

"Wow! Your name is very cool ! "

ခန့် နားမလည်‌သော်လည်း ပြုံးက ပြောလာသည့် ထိုကောင်လေးရဲ့ အသံကြောင့် သူပါ လိုက်လံ ပြုံးမိသည်။

"အမ် .. မင်း နားမလည်ကကော "

"ငါလား ..... စောဒန်နီ ...တဲ့ "

____________________________

ခန့် မနက်အစောကြီး ထကာ ရွှေခဲ လေးကို မြုပ်ထားတဲ့ နေရာသို့ ထွက်လာခဲ့၏။

(ရွှေခဲဆိုတာ အပေါ်က ပြောထားတဲ့ ငှက်လေးနော် )

အိမ်‌နဲ့ မလှမ်းမကမ်းလေး လျှောက်လာပြီး နောက် မြေမြုပ်ထားသော သစ်ပင် နေရာသို့ ရောက်လာ၏။

ဤတွက် သစ်ပင်ကို မှီကာ မျက်လုံးများမှိတ်ကာ အိပ်နေသူတစ်ယောက် ။ အနီးကပ် ကြည့်မှ သူနဲ့ မနေ့က တွေ့ခဲ့သည့် ဟိုကောင်လေးမှန်း သိ၏။

သူ့ ထံပါးမှ Where stories live. Discover now