part7.3

19.5K 1.6K 73
                                    

တေး သူ့မေမေပိုင်တဲ့ mall ကိုထွက်လာလိုက်
သည်။mallကိုတော့ဘွားတော်က မကြည့်ပေ
မယ့်လိုချင်တာတွေ သူ့စောက်မျိုးတွေခေါ်ပြီး အလကား လာလာယူသွားတတ်သည်။

"ဖေဖေ ဘာဝယ်ဖို့လဲဟင် "

"ဒါကသားဖွားဖွားပိုင်တာလေ တေးတေးလေးကလိုချင်တာရှိရင်အလကားယူလို့ရတယ် "

"တကယ်လား"

"ဒါပေါ့ကွ "

တေးတေးကိုလက်ဆွဲ ပြီး အပေါ်တက်ပြီး
ဆိုင်တွေလိုက်ကြည့်နေစဉ်မှုံနံ့သာနဲ့တွေ့လေ
သည်။

"အို...တေးဥသြ ပါလား အဟင်း ကိုကိုရောနေကောင်းရဲ့လား ဟင် "

"မနေ့ညကဘဲ တူတူရှိနေတာမလား မှုံနံ့သာ"

"ခ်ခ် တေးဥသြကသိတာလား "

တေးတေးက

"ဖေဖေ အဲ့မမက သူငယ်နာမစင်ဘူးလား
ဟင် ဒါမှမဟုတ်ဉာဏ်ရည်မဖွံဖြိုးတာလား"

"ခွီး..ဟားဟား"

"စောက်ကလေး..နင်ကများငါ့ကို"

"ဟေး lady မင်းငါ့သားကိုပြောစရာမလိုဘူး
မင်းကိုမင်းလဲ ပြန်ကြည့်အုံး ရုပ်ကအိုနေပြီး
ကလေးလိုလိုခွေးလိုလို ဇွတ်ခရု မနေ နဲ့"

"တောက်.... တေးဥသြ နင့်ကို ငါကိုကိုနဲ့တိုင်
မယ် နင်အသားမနာရတာကြာပြီးမလား"

"အရင်ဆုံး နင့်ကောင်မျက်နှာကိုသွားကြည့်
လိုက်ငါပေးထားတဲ့အမှတ်သားက လှနေမှာ
မယားငယ်မရဲ့"

"ဘာပြောတယ်"

"သွားလိုက်ပါအုံးမယ် နော် စစ်ဆေးစရာတွေရှိသေးလို့"

"တောက်!!"

တေး သားကိုဆွဲကာရုံးခန်း ကိုတက်လာ
လိုက်သည်။

"မန်နေဂျာ ခုချက်ချင်းလာခဲ့"

အလုပ်သမားတွေက သူဌေးကိုတစ်ခါမှမတွေ့ဖူးတာကြောင့် မသိကြပေ။ မန်နေဂျာလဲ သူဌေး
ရောက်နေတယ်ဆိုလို့ အခန်းထဲဝင်စဉ်...

"ဒေါ်စိန်မမ ဒီကယူထားတဲ့စာရင်းရှိလား "

"ဟုတ်ကဲ့ ခမျ ရှိပါတယ်"

"ကုန်ကျစရိတ်တွက်ပြီးယူလာပေး သွားတော့ "

သူမန်နေဂျာထွက်သွားတာနဲ့ အလုပ်သမားစာ
ရင်းကိုကြည့်နေလိုက်သည်။သူသတိမထားမိတာက တေးတေး ဟာဖွင့်ထားတဲ့တံခါးကနေ
ထွက်သွားတာကိုပင်။

System ဒေး (Completed)Donde viven las historias. Descúbrelo ahora