🥀ပိုင်ဆိုင်ခွင့်🥀အပိုင်း(၅)

513 72 8
                                    


Unicode

ဟိုး...အဝေးကြီးက စွန်လေးတစ်ခုဟာကြိုးလေးတွေ
နဲ့ဆက်သွယ်ထားတယ်...ဒါပေမဲ့ကြိုးကလျော့လွန်းနေတဲ့
အခါ...ထိုစွန်လေးသည်ကိုယ်နဲ့တစ်ဖြည်းဖြည်း...
ဝေးကွာလာတယ်..တစ်ချိန်တည်းမှာဘဲ..တစ်ခြားစွန်..
တစ်ခုတိုက်စားသွားတဲ့အခါ...စွန်လေးသည်..လေနှင်ရာ
သို့သာပါသွားသည်။ဒါပေမဲ့ရပ်သွားခြင်းမရှိ...ဆက်ပြီးပျံ
သန်းနေခဲ့တယ်..သူရဲ့ပိုင်ရှင်ဆီပြန်ရောက်လိုသော်ငြားပေါ့
ငယ့်အဖြစ်ကထိုစွန်လေးနဲ့တူလွန်းတယ်မလား...ဦး
ငယ်ဘယ်လိုဘဲမေ့ပစ်နိုင်အောင်...ကြိုးစားခဲ့...
ငယ်မမေ့နိုင်ခဲ့ဘူးမေ့ပစ်ဖို့ကြိုးစားတိုင်း...
ပိုပြီး‌တွေ့ချင်လာတယ်ဝေးရာကိုသာ..ထွက်လာခဲ့ပေမဲ့
စိတ်ကတော့်ဦးဆီဘဲရောက်နေခဲ့သည်..။

"ဟိုလေးငိုင်နေပြန်ပြီလား.."
သူ့အနားသို့ရောက်လာသောကိုကိုကပြုံးပြီး..
ခေါင်းအားခပ်ဖွဖွပုတ်ကာမေးနေသည့်..ကိုကိုရင်ခွင်ထဲ
တစ်ကယ်ကို.ပြိုလဲလိုက်ချင်မိသည်...ဒါပေမဲ့..

"......."
ကျွန်တော်ဘာစကားမှမဆိုမိ...စကားကိုမပြောချင်တာဆို
ပိုမှနိသည်...ရင်ထဲကမွန်းကျပ်လွန်းလို့..ဘာစကားမှ
မပြောပါရ‌စေနဲ့ကိုကိုရယ်..
နားလည်သည့်ကိုကိုကတော့်..သူ့ရင်ခွင်ထဲထည့်ပြီး..
နှစ်သိမ့်ပေးနေသည်။

"ဟိုလေး...အပြန်အလှန်မရှိတဲ့အချစ်အတွက်နဲ့...
ဝမ်းနည်းမနေနဲ့.....သူကမချစ်ရင်ကိုယ်က...လိုက်ပြီး
ဝမ်းနည်းစရာမလိုဘူး....အချစ်ကချိုမြိန်တယ်လို့လူတိုင်း..
ပြောကြပေမဲ့..တစ်ဖက်ကခါးသီးမှုကိုမသိတဲ့လူတွေ...
အများကြီးရှိတယ်..ဆိုတာသူတို့မသိဘူး။"

"ဟင့်အင်း ...ငါသူ့ကိုမေ့နိုင်ဖို့အချိန်တစ်ခုဘဲလိုတာကိုကို"

"အချိန်ကဟိုလေးထင်သလို မလုံလောက်ဘူးဆိုတာကို
လည်းသိတယ်မလား...'

ကိုကိုကိုပြောတာမှန်လား..မှားလားဆိုတာ...တစ်ကယ်မသိ
တော့်ပေ..အအေရေးကြီးတာကတဖြည်းဖြည်းမေ့နိုင်ဖို့
သာဖြစ်သည်...။

"ညနေ...ကိုကိုလာခေါ်မယ်ပြင်ထားနော်.."

"Omm"
ပွဲတစ်ခုအားတက်ရန်ပြောထားသောကိုကိုကြောင့်
မလိုက်ချင်လည်းလိုက်ရပေမည်။

🥀ပိုင္ဆိုင္ခြင့္🥀(Complete)Where stories live. Discover now