"မင်းပါးစပ်ကိုပိတ်ထား."
"ရှင်ကရော ဘယ်လောက်များအဖြစ်ရှိလို့ပြောနေရတာလဲ..."
"ဒီကောင်မ ငါ့ကိုများ! "
ခွမ်း!!
ဒုန်း!!
ပစ်ပေါက်သံများရိုက်ခွဲသံများနဲ့ ကျယ်လောင်တဲ့အော်သံတွေပြည့်နှက်နေတဲ့ အိမ်ကြီးရဲ့ချောင်တစ်နေရာမှာ 6နှစ်အရွယ်ကလေးတစ်ယောက်က နားနှစ်ဖက်ကို အုပ်ပြီး ခေါင်းငုံ့ထိုင်နေတယ်...။
အော်သံကျယ်ကျယ်တွေကိုသူကြောက်တယ်...။ပစ်ခွဲသံတွေက စိုးရိမ်မှုတွေနဲ့ကြောက်ရွံ့မှုတွေကိုရောထွေးစေတယ်...။တိတ်ဆိတ်နေတဲ့ညသန်းခေါင်ယံမှာ ဒီတစ်အိမ်သာညံစီနေတယ်...။မနက်ကျရင် ဘာမှမဖြစ်ခဲ့သလို တစ်ယောက်ကိုယ်တစ်ယောက်ဂရုစိုက်မှုမဲ့စွာပဲ မျက်နှာလွှဲနေကြမယ့် ဒီမိသားစုကြီးထဲမှာ သူမပျော်ဘူး...။
ခဏအကြာမှာ အော်ဟစ်နေသံတွေရပ်စဲသွားတယ်..။တံခါးကိုခပ်ကျယ်ကျယ်စောင့်ပိတ်လိုက်တဲ့အသံနဲ့အတူ ကလေးငယ်တစ်ယောက်ရဲ့ ပခုံးနှစ်ဖက်ကလည်းဆက်ခနဲတုန်ခါသွားတယ်...။
"Jeon Jungkook!! "
ခပ်ကျယ်ကျယ်အော်ခေါ်သံကြောင့် သူ့မျက်လုံးတွေဝိုင်းသွားတယ်...။အလျင်အမြန်ထလို့ ခေါ်နေသူစီပြေးရတယ်...။နောက်ကျသွားရင် မိခင်ဖြစ်သူရဲ့အဆုံးမသတ်သေးတဲ့ဒေါသတွေက သူ့စီပုံကျလာမှာသူကြောက်တယ်...။
"Omma..."
ခပ်တိုးတိုးနဲ့မဝံ့မရဲခေါ်တယ်...။လှည့်ကြည့်လာတဲ့ မိခင်မျက်လုံးတွေရဲ့စူးရဲမှုတွေကိုသူကြောက်တယ်...။ခပ်ကုပ်ကုပ်လေးခေါင်းငုံ့နေတဲ့သူ့ကို မိခင်ကသဘောမကျသလိုအကြည့်မျိုးနဲ့ကြည့်တယ်...။
"နင်လာ...ဒီနားလာစမ်း.."
"ဟင်အင်း.."
လက်ယပ်ခေါ်နေတဲ့မိခင်ကိုစိုးရွံ့စွာငြင်းတယ်..။အနားသွားတိုင်း ရိုက်နှက်တတ်တဲ့မိခင်ကိုသူကြောက်တယ်...။
"ငါနင့်ကိုလာလို့ပြောနေတယ်မလား...စိတ်ဓာတ်က ဟိုသူတောင်းစားအိုကြီးလိုပဲ.."
"အား..omma...နာတယ်..နာတယ်.."
နားရွက်တစ်ဖက်ကိုအားပါပါနဲ့လိမ်ဆွဲခံထားရတာမို့ ရုန်းမရစွာပဲ ဆွဲခေါ်ရာနောက်ပါလာတယ်...။ဆွဲလိမ်ခံထားရတဲ့ နားရွက်လေးတစ်ဖက်ကတော့ နီရဲနေမှာအသေအချာပဲ...။ချွန်မြနေတဲ့ လက်သည်းတစ်ချို့ကြောင့်လဲ ခြစ်မိထားတဲ့နေရာတွေက သွေးတွေစိမ့်ထွက်နေမှာလဲ အသေအချာပဲ...။