( ၅ )

5.4K 1.1K 12
                                    

<Unicode>

၁၃.

ကျွမ့်နန်သည် အဖျားခပ်ပါးပါးလေးသာရှိနေခြင်းဖြစ်ကာ လင်းဝမ် ထင်ထားသလောက် အခြေအနေမဆိုး။ အခန်းတံခါးရှေ့ လဲကျသွားရသော အကြောင်းအရင်းမှာ တစ်လနီးပါးတိုင်အောင် မရပ်မနားဖြင့် အလုပ်ရှုပ်နေရသောကြောင့်သာ ဖြစ်သည်။ အလုပ်အား အင်မတန် စွဲလမ်းသူ ကျွမ့်ရှန့်ရှန်းသည် အိပ်စက်ခြင်းဟူသည်ကို လျစ်လျူရှုခဲ့မိသလောက်ပင်။

လူတစ်ယောက်သည် အဘယ်မှာ ဤမျှ ဆက်တိုက်အပင်ပန်းခံနိုင်ပါမည်နည်း။

လင်းဝမ်သည် မနေနိုင်မထိုင်နိုင် စကားစမိသည်။ အသံထဲတွင်တော့ ဆူပူချင်ဟန်များ စွက်နေလေသည် "ကျွမ့်ရှန့်ရှန်း အလုပ်ဘယ်လောက် ရှုပ်ရှုပ် ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်တယ်"

စကားပြောရာ သူ့ အသံသည် ဖြုတ်သံအလား တိုးညှက်လွန်းသည်။ မာမာထန်ထန်ပြောတောင် တစ်ဖက်လူသည် ဆူပူခံလိုက်ရသလို တွေးမိလောက်မှာ မဟုတ်။ ကျွမ့်နန်သည် ငှက်သိုက်မုန့် အကိုက်ကြီးကြီးတစ်လုပ် ဝါးရသလို ခံစားရသည်။ နူးညံ့ချိုအီ၍ ထပ်ကာထပ်ကာ ပြန်စားချင်မိသဖြင့် ပါးစပ်ထဲ သွားရည်များပါ လျှံကျလာရသလိုမျိုးပင်။ သို့ဖြစ်ရာ ပြုံးပြုံးပင် လင်းဝမ်၏ ဆိုဆုံးမစကားကို နာခံစွာဖြင့် နားထောင်လေသည်။

လင်းဝမ်သည် အဖျားကျဆေးကို ရှာတွေ့ရာ ခဏတွေးကြည့်ပြီးနောက် နောက်လှည့်၍ မီးဖိုချောင်ထဲ ဝင်သွားကာ ကျွမ့်နန် ဝမ်းဗိုက်ထဲ အစာရှိနိုင်ရန် ဆန်ပြုတ်နွေးနွေးလေးတစ်ခွက် ချက်လိုက်သည်။

ကျွမ့်နန်၏ သူဋ္ဌေးသည် သူငယ်ချင်းအရင်းကြီး ဖြစ်လေရာ ကျွမ့်နန်ထံမှ ဖုန်းလက်ခံရသော် အံ့သြတကြီးဖြင့် ဆိုသည် "မင်း ကျွမ့်နန်မှ ဟုတ်သေးရဲ့လား အရင်နှစ်တုန်းက ကားအက်စီးဒန့်ဖြစ်ပြီး ခြေထောက်ကျိုးသွားတာတောင် မရမကအလုပ်လာတက်တာလေ ဗုဒ္ဓရဲ့ သက်တော်စောင့်လေးကျွမ့် ဘယ်ရောက်သွားတာလဲ"

"တိတ်စမ်းပါကွာ" ကျွမ့်နန်သည် သူနှင့် စနောက်ပြောင်နေရန် ဆန္ဒမရှိ "ဒါ အလုပ်ကနေ ဖြစ်လာတဲ့ အဖျားလေ ငါ အိမ်မှာ ရက်နည်းနည်းလောက် နားနေပြီးမှပဲ အလုပ်ပြန်တက်မယ်"

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now