( ၁၂ )

5.7K 1.1K 75
                                    

<Unicode>

၂၇.

နှစ်ရက်တိတိ တိုင်ခဲ့ချေပြီ။

ကျွမ့်နန်သည် လင်းဝမ်တံခါးဘေး ဒူးကွေးထိုင်ကာ လက်ထဲမှ ပို့စ်ကတ်ကို တံခါးမြောင်းကြားထဲ ထိုးထည့်နေလေသည်။ ပို့စ်ကတ်အရေအတွက်သည် အရင်လို တစ်နေ့နှစ်ခါ မဟုတ်တော့၊ တစ်နေ့ N ခါ ဖြစ်နေ၏။ ကျွမ့်ရှန့်ရှန်းသည် အထဲဝင်ခွင့်ပိတ်ခံထားရ၍ ပြောချင်တာမှန်သမျှကို ချရေးကာ လင်းဝမ်အိမ်ထဲ ထိုးထည့်နေပေသည်။

လင်းဝမ်ကား လူကြောက်တတ်သည်၊ ထိရှလွယ်သည်၊ အရေပြားမှာ စက္ကူတစ်ချပ်အလား ပါးလွှာလွန်းလှသည်။ တစ်ချက်တို့ထိမိရုံဖြင့် ပြိုလဲကျသွားနိုင်သည်။

သို့ဖြစ်ရာ ဖြစ်ကြောင်းကုန်စင် သိသွားတည်းက လင်းဝမ်သည် ကျွမ့်နန်ကို ထွက်မတွေ့တော့။ ရှဥ့်ငယ်ရှန့်ရှန်းကား သစ်ပင်ထဲ ရှက်ရှက်ဖြင့် လုံအောင် ပုန်းကွယ်ကာ ထင်းရှုးသီးအကြီးကြီးတစ်လုံးဖြင့် အခေါင်းပေါက်ဝကို ပိတ်ဆို့၍ အလည်လာသော ငှက်ကြီးအား ဝင်ခွင့်မပေးတော့။

ကျွမ့်နန်သည် သူ၏ ပါးစပ်ပုတ်ကြီးကြောင့် နောင်တရနေမိကာ လင်းဝမ်အိမ်တံခါးရှေ့ ခြေသုတ်ခုံတွင် ထိုင်ချရင်း သူ ဘယ်လိုပုံပေါက်နေပြီမှန်း အာရုံစိုက်မနေနိုင်။ နံဘေးမှ ပို့စ်ကတ်ကို ဆွဲယူကာ မျက်မှောင်ကြုံ့ရင်း စာပါးမိလေသည်။

'ကြောင်ကလည်း ကိုယ့်အပိုင် လူကလည်း ကိုယ့်အပိုင် ဒါကို ဘာလို့ တစ်ခုကိုမှ မြင်ခွင့်မရှိနိုင်ရတာလဲ'

'လူကို မြင်ခွင့်မရတောင် ကြောင်ကို မြင်ခွင့်ပေးသင့်တယ်မဟုတ်ဘူးလား'

'ဘာလို့ ကိုယ့်ကို အိမ်ထဲ ဝင်ခွင့်မပေးရတာလဲ ကြောင်ကိုပဲ ကြည့်မယ်လေ လူမကြည့်ပါဘူးလို့ သစ္စာဆိုတယ်'

တစ်ကတ်ပြီးတစ်ကတ် ထည့်နေသည့်တိုင် ဘာမှ မကြားရ။

ကျွမ့်နန်သည် နှာခေါင်းကို ပွတ်သပ်ကာ အချိန်ကို ကြည့်လိုက်သည်။ အိမ်ပြန်အိပ်ချိန် ရောက်နေချေပြီ။

သူ ထရပ်တော့မည့်အချိန်တွင် A2401 အခန်းတံခါးမှာ တင်းကြပ်စွာ ပိတ်နေရာမှ ရုတ်တရက် တုန်ခါလာလျက် ပွင့်လာတော့သည်။ SAL မီးသည် တံခါးအဖွင့်နှင့်အတူ မှိတ်သွားခဲ့ရာ အခန်းထဲမှ အလင်းက အပြင် ဖြာကျလာလေသည်။ ကျွမ့်နန်သည် တံခါးနားတွင် ဘာမှ မခံစားရသည့်အလား ထိုင်နေကာ အလင်းဘက်ကျောပေးထား၍ မျက်နှာကို ရှင်းလင်းပြတ်သားစွာ မမြင်နိုင်သော လူငယ်လေးအား မော့ကြည့်သည်။

အိမ်နီးချင်းချစ်သူ〖 Completed 〗Tahanan ng mga kuwento. Tumuklas ngayon