[Unicode]
Disclaimer :
ဤဇာတ်လမ်း ဇာတ်ကောင်များနှင့် အချို့သော သမိုင်းအချက်အလက်များသည် စာရေးသူ၏ ဖန်တီးမှုသာ ဖြစ်ပါကြောင်း ။Theme Song on Media :
SILENCE - Marshmello ft khalid_________________
(၁)
၁၉၈၀ ခုနှစ်… မယ်ဆိုင်… ။
စာရေးဆရာလေးအဲရစ်စ်နယ်လ်ဆင် စိတ်လှုပ်ရှားနေသည် ။
မြန်မာ ထိုင်း လာအို သုံးနိုင်ငံစုံရာ ရွှေတိဂံ ဘိန်းနယ်မြေဖြင့် ကျော်ကြားသော တာချီလိတ်မြို့ဖက်မှနေ၍ မယ်နမ့်ဆိုင်မြစ်ကူးတံတားပေါ်ခြေချလိုက်ရကတည်းက အဲရစ်စ် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည် ။
ထိုစိတ်လှုပ်ရှားမှုသည် လွန်ခဲ့သောငါးနှစ်တာကာလက ချင်းရိုင်စော်ဘွား၏ အဖြစ်အပျက်ကို ကြားခဲ့ရသည့်အချိန်ကတည်းက စတင်သည် ။ မတော်တဆသိလိုက်ရသော ထိုအဖြစ်အပျက်က အဲရစ်စ်၏ စိတ်မြန်လက်မြန်သော အမေရိကန်ဗီဇကို နှိုးဆွလိုက်သည် ။
မယ်ဆိုင်သို့ လာရောက်လေ့လာရန် ခွင့်ပြုချက်ရသည်နှင့် အဲရစ်စ်တယောက်အထုတ်အပိုးပြင်ကာ ထိုင်းနိုင်ငံသို့ လာခဲ့ခြင်း ဖြစ်သည် ။
" မစ္စတာနယ်လ်ဆင် … ဟုတ်ပါသလား… "
ခပ်ဝဲဝဲ အသံလာရာကို အဲရစ်စ် ကြည့်လိုက်သည် ။ အပြုံးချိုချိုနှင့်လူငယ်လေးက အဲရစ်စ်ကို လက်အုပ်ချီကာ နှုတ်ဆက်လာသည်။
" မင်္ဂလာပါ … ကျွန်တော်က မစ္စတာနယ်လ်ဆင်ရဲ့ စကားပြန် ခွန်တာ့ ပါ… "
လူငယ်လေး နှုတ်ဆက်သည့်အတိုင်း အဲရစ်စ် လက်အုပ်ချီကာ ပြန်လည်နှုတ်ဆက်လိုက်သည် ။ လူငယ်လေးက အဲရစ်စ်၏လက်ထဲမှ လက်ဆွဲအိတ်ကိုယူကာ အရောင်လွှင့်စပြုနေသော ဂျစ်ကားလေး၏ အနောက်သို့ ထည့်လိုက်သည် ။
" မနက်စာ စားခဲ့ပြီးပါပြီလား မစ္စတာနယ်လ်ဆင်ခဗျာ… "
" စားခဲ့ပြီးပါပြီ ခွန်တာ့… သွားကြရအောင်ပါ … "
စကားပြန်လေး ခွန်တာ့က ချိုသာစွာပြုံးကာ ဂျစ်ကားလေးကို စက်နှိုးလိုက်သည် ။ ခရီးသည်ခုံတွင် အဲရစ်စ် ဝင်ထိုင်ရင်း ဘေးဘီဝဲယာက်ို ကြည့်နေမိသည် ။
ESTÁS LEYENDO
SILENCE |[Completed]|
Historia CortaI found peace in your violence Can't tell me there's no point in trying I'm at one, and I've been quiet for too long ( SILENCE) start date : 30 September 2021 end date : 3 October 2021