1

554 58 13
                                    

•Unicode•

"Jimin~ah! စောစောအိပ်တော့နော်..မနက်ဖြန် အတန်းရှာရမှာနဲ့ ဘာနဲ့ဆို စောစောသွားမှရမှာ"

"အင်းပါ! သိပါတယ် Hyung ကလည်း"

ကိုယ့်အိပ်ခန်းကို ဝင်ခါနီး စောစောအိပ်ရန်
မှာနေသော သူ့ရဲ့ Hyung မဟုတ်သော
Hyung ကြောင့် ဂျီမင်း မျက်လုံးများ ပိတ်သည်အထိပြုံးမိသည်..။

Hyung နာမည်က Jeon Jungkook လေ..။
သူနဲ့ Hyung က Busan ကနေ Seoul သို့ ကျောင်းတက်ရန် အတူလာခဲ့ခြင်းပင်..။ ငယ်ငယ်ကတည်းက အတူကြီးပြင်းခဲ့သည့်
အလျောက် တစ်ယောက်နှင့်တစ်ယောက်
ညီအစ်ကို အရင်းတွေလို ချစ်ခင်ကြသည်..။

Seoul မှာကျောင်းဝင်ခွင့်ရအောင် လုပ်နိုင်ခဲ့သဖြင့် Hyung အဖေနှင့် သူ့အဖေ နှစ်ယောက်ပေါင်းပြီး
သူတို့နှစ်ယောက်နေရန် ကျောင်းနှင့်မနီးမဝေး၌ တိုက်ခန်းတစ်ခုဝယ်ပေးထားခြင်းပင်..။

သူတို့နှစ်ယောက်လုံးက Busan ၌ ချမ်းသာသည့် မိသားစု ၏ သားများဖြစ်သော်လည်း အကောင်းစား Condo တို့ ကျောင်းသွားရန် ကားအသစ်တို့ ဝယ်ပေးဖို့တော့ မပူဆာခဲ့..။ Hyung ရဲ့ ကားက သူတို့နှစ်ယောက် ကျောင်းသွားကျောင်းပြန် အဆင်ပြေနေပြီကိုး..။

အိပ်ယာပေါ်ရောက်သာနှင့် မျက်စိမှိတ်ပြီး အိပ်ပျော်ဖို့ကြိုးစားမိသည်..။ ကျောင်းအသစ်မှာ လူအသစ်တွေနဲ့ဆုံရမှာဖြစ်လို့ ရင်တော့ခုန်မိသား..။
သူက အထက်တန်းဒုတိယနှစ်ဖြစ်ပြီး Hyung က အထက်တန်းနောက်ဆုံးနှစ်ဖြစ်သည်..။

Busan မှာလိုမဟုတ်သည့်အတွက် Busan တုန်းကလို ပေါ့ပေါ့ဆဆနေလို့တော့မရတော့..။ နေရင်လည်း Hyung က Busan က မေမေတို့ဆီ ဖုန်းဆက်ပြီးတိုင်လိမ့်မည်..။ ထို့ကြောင့် ကျောင်းအသစ်၌သူငယ်ချင်း
အသစ်တို့နှင့်အတူ တစ်နှစ်ပတ်လုံး
ကြိုးစားရမည်ဟု စိတ်ဆုံးဖြတ်ထားသည်..။

ထိုအတွေးများ၏ တွေးရင်းနှင့်ပင် အချိန်နည်းနည်းကြာတော့ သူ အိပ်ပျော်သွားခဲ့သည်..။

မနက်ရောက်တော့ Phone မှ Alarm
မြည်သံကြောင့် အိပ်ရာထ ရေချိုးခန်းဝင်ပြီး အပြင်ထွက်တော့ Hyung က မနက်စာတောင်ပြင်ပြီးနေပြီ..။

Fall In Love With Busan Boys Where stories live. Discover now