2

340 51 32
                                    

[Unicode]

ပထမ​​​နေ့​ကျောင်းတက်ရက်က​​​တော့ ဂျီမင်းအတွက်ဘာ ပြဿနာမှ သိပ်မရှိခဲ့..။ မင်ယွန်းဂီဆိုတဲ့
ချစ်ဖို့​ကောင်းတဲ့ သူငယ်ချင်း အသစ်လည်းရလိုက်တယ်​လေ..။ မင်ယွန်းဂီဆိုမှ သူ့မှာ ဘာ အခက်အခဲ​တွေများရှိလဲမသိဘူး..။ ​

နေ့လည်ကလည်း ဘယ်သွားခဲ့လည်း​တော့မသိ အတန်းထဲပြန်​​ရောက်​တော့ ပါးဖြူဖြူနုနုက တစ်​ယောက်​ယောက် စုတ်ကိုင်ခဲ့သည့်ဟန် နီရဲ​နေသည်..။
သူလည်း အခုမှ စသိသူဖြစ်လို့ စည်း​ကျော်သလိုဖြစ်မှာစိုး၍ မ​မေးမိ..။

"Jimin~ah! Hyung တို့ Supermarket ခနသွားရ​အောင်​လေ..အိမ်မှာဘာမှမရှိဘူး
​နောက်​နေ့​တွေ စာများလာရင်အချိန်​ပေးနိုင်မှာမဟုတ်လို့ကြို၀ယ်ရမယ်"

တစ်​ယောက်တည်းစာအနည်းငယ် ပြန်​လေ့လာရင်း​တွေး​နေတုန်း Hyung ၀င်လာမှ​အ​တွေးတို့က
ရပ်တန့်သွားသည်..။

"ဟုတ်ကဲ့ Hyung! သွားကြတာ​ပေါ့"

"အင်း"

Hyung နဲ့ အတူ ကုန်တိုက်၌ လိုတာအကုန်၀ယ်ဖြစ်ကြသည်..။ ဟင်းချက်​ကောင်းတဲ့ Hyung က ဘာ​တွေ၀ယ်ဖို့ လိုမလဲဆိုတာ​ကောင်း​ကောင်းသိသည်​လေ..။ ပြီး​​နောက်သူတို့ ညစာကို အပြင်မှာဘဲ စားဖြစ်ကြသည်..။

တိုက်ခန်းပတ်ဝန်းကျင်သို့ပြန်​တော့ ည​နေ ၇ နာရီ​ကျော်​နေပြီဖြစ်သည့်အတွက် အ​တော်အသင့် ​
မှောင်​နေ​လေပြီ..။
ထိုစဥ် ကားလမ်းတစ်ဖက်ကိုကြည့်မိ​တော့ ​
​လောလောလတ်လတ် ရင်းနှီး​နေသည့် လူသား​​​လေး..။

"Hyung Hyung! ကားရပ် ကားရပ်"

"ဟင်! ဘာဖြစ်တာလဲ"

Hyung အ​မေးကိုမ​ဖြေ​တော့ဘဲ ကားကို လမ်း​ဘေးချရပ်သည်နှင့် ထိုလူသား​လေးဆီသားဆင်း​ပြေးသွားလိုက်သည်..။

"Yoongi~ah! ​နောက်ကျ​နေပြီကို တစ်​ယောက်တည်းဘာလုပ်​နေတာလဲ?"

"​​အော် ဂျီမင်းနား~ ဒီ ဒီတိုင်းပါဘဲ အိမ်မပြန်ချင်​သေးလို့"

"ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး​ပြေးဆင်းသွား
ရတာလဲ? လမ်းမကြီးကို ​မှောင်က​​မှောင် ကား​တွေ
ကလည်း အများသားနဲ့"

Fall In Love With Busan Boys Onde histórias criam vida. Descubra agora