"ဆုံးရှုံးရတဲ့အတွက် မပူဆွေးပါနဲ့....
ပိုင်ဆိုင်ခဲ့ရတဲ့ Memories တွေအတွက် ပျော်ရွှင်ပါ"ဆေးနံ့တွေ မွှန်ထူနေတဲ့ ဆေးရုံရဲ့ တိတ်ဆိတ်လှစွာသော အခန်းအတွင်း ကောင်လေးတစ်ယောက်ဟာ တစ်စုံတစ်ရာကို စောင့်နေသည့်ပုံ... သူ၏မျက်နှာချောချောတွင် မျှော်လင့်ချက်တွေဟာ အထင်းသား...မျက်စိတစ်စုံဟာ သဘာဝအလှတရားကြီးကို မြင်နိုင်စွမ်းမရှိပေမယ့် သူရဲ့ စိတ်အားထက်သန်မှုကြောင့် တောက်ပနေသည်။
နှာခေါင်းထဲကို လာတိုးဝှေ့ကျီစယ်တဲ့ Sakura နံ့သင်းသင်းလေးကြောင့် မထူမပါးနှုတ်ခမ်းလွှာတွေက လေးကိုင်းသဖွယ် ကော့ညွှတ်သည်အထိ ပြုံးမိသည်။
အမြဲတမ်းသူ့ကိုဆို လူကြီးလေးတစ်ယောက်လို ဆုံးမတတ်သူ...သူ့အတွက်ဆို အမြဲအသင့်ရှိပေးတတ်သူ...အချစ်ဆိုတာကို ဘာမှန်းသင်ပေးခဲ့သူ...ဆိုးဆိုကောင်းကောင်း တစ်ဖဝါးမှမခွာ အမြဲရှိနေပေးတတ်သူ..ကား Accident ကြောင့် အခုလို သူမျက်စိမမြင်ရတော့တဲ့အချိန်မှာလည်း မငြီးမငြူလုပ်ပေးတတ်သူ...သူ့နှလုံးသားရဲ့ ပဲ့ကိုင်ရှင်...
သူ့ မြတ်နိုးရာလေး...သူဒီကောင်လေးဆီက အဖြေရတုန်းကဆို ကမ္ဘာပေါ်မှာ သူ့လောက်ပျော်တာ သူပဲရှိမည်။ တစ်လောကလုံးကို ပိုင်ဆိုင်လိုက်ရသလို...
"ကိုယ် လွမ်းနေတာ...."
သူ့ဘက်ကစကားဆိုမိတော့ ရင်ခွင်ထဲတိုးဝင်လာသူလေး...နဖူးလေးပေါ် အနမ်းဖွဖွလေး ပေးရင်းချစ်ရသူရဲ့ မျက်နှာအစိတ်အပိုင်းလေး တွေကို တစ်ခုချည်းထိတွေ့နေမိသည်။ မမြင်ရသော်လည်း အကုန်လုံးအသေးစိတ် မှတ်မိနေသည်မလို့ သူ့အတွက်တော့ အခက်အခဲမရှိ။ နှာတံသွယ်သွယ်လေး၊ မျက်ဝန်းနက်နက်လေး၊ နှင်းဆီရောင်နှုတ်ခမ်းပါးလေး...ပြီးတော့ သူအကြိုက်ဆုံး မှဲ့နက်နက်လေးနှစ်ခု....
"တစ်ပါတ်ကြီးတောင် မတွေ့ရဘူးကွာ...ဘယ်တွေသွားနေတာတုန်း...ကိုယ် ဘယ်လောက်လွမ်းပြီး အထီးကျန်နေရလဲသိလား"
"မာမီ့အလုပ်တွေကို ကူလုပ်ပေးနေလို့ပါ ယွန်းရဲ့..နှုတ်ခမ်းကြီးက ဘာလို့ ထော်နေတာ...ယွန်းက ကလေးလေးလား"
أنت تقرأ
𝙁𝙤𝙧𝙜𝙚𝙩 𝙢𝙚 𝙣𝙤𝙩 (Complete)
أدب الهواةForget me not ပန်းလေးရဲ့ အဓိပ္ပါယ်ကို သိလား... ဘယ်တော့မှ မသေဆုံးသောအချစ်စစ်တဲဲ့..