Unicode

376 29 2
                                    

နေ့လယ်ခင်းအချိန်မလို့ နေလုံးကြီးက ခေါင်းတည့်တည့်တွင် ရောက်နေပြီး မြေပြင်တွင် ကျနေသော အရိပ်များအား ပုတိုသေးငယ်စေသည်။ အရှိန်ဖြင့်ဖြတ်သွားသော မြင်းများကြောင့် ဘေးအနီးရှိ ရှည်လျားသော မြက်ပင်ရိုင်းများမှာ ယိမ်းထိုးကုန်၏။

' ဟီး.....ဟီ.....ဟီး..... '

ကဆုန်ပေါက်သွားသော မြင်းကြောင့် နောက်ကျောတွင် မြှားအိတ်ကိုလွယ်ပြီး လက်တစ်ဖက်တွင် လေးအား ကိုင်ထားသော ဝမ်ရိပေါ်က ကျန်လက်တစ်ဖက်တွင် ကိုင်ထားသော ဇာတ်ကြိုးအား တင်းတင်းဆွဲရင်း မြင်းကို ဒုန်းစိုင်းစီးနေ၏။ မြင်းအားထိန်းရင်း မျက်စိရှေ့မှ သားကောင်အား မြတ်ခြေမပြတ်သွားအောင်လည်း ဝမ်ရိပေါ်၏ မျက်လုံးများက စူးစူးစိုက်စိုက် လိုက်ကြည့်နေသည်။

" ဟောက်ရွှမ်း....မင်းက ဟိုဘက်က ပိတ်ပြီးလိုက် ငါက ဒီဘက်က လိုက်မယ် "

ဝမ်ရိပေါ် လက်ညှိုးထိုးကာ ပြတော့ ဝမ်ဟောက်ရွှမ်းက ခေါင်းညှိတ်ပြကာ မြင်းဇာတ်ကြိုးကို ဆွဲပြီး ဘေးက လမ်းခွဲသို့ ခွဲထွက်သွားသည်။

ဝမ်ရိပေါ်ကတော့ ထိုသားကောင်နောက်မှ တောက်လျှောက် ဆက်လိုက်သည်။
နဖူးတွင် ချွေးများသီးနေသော ရိပေါ် အားကုန်သုံးပြီး ကြိုးစားပမ်းစားနှင့် သမင်အား လိုက်ဖမ်းနေပါသည်။

ဝမ်ရိပေါ် သမင်နောက် လိုက်ရင်း တောနက်နက်ထဲဝင်မိကာ သမင်အား မျက်​ခြေပျက်သွားပြီး ပတ်ဝန်းကျင်မှာလည်း ပုရစ်အော်သံလို ခပ်စူးစူးသံမှလွဲ၍ အကုန်တိတ်ဆိတ်သွား၏။ စီးလာသော မြင်း၏ခွာနှင့် နင်းမိသည့် သစ်ရွက်ခြောက်ကျေသံ တစ်ကျွပ်ကျွပ်သံမှာလည်း ကျယ်လောင်နေသလိုပင်။

ဝမ်ရိပေါ် ဟိုဟိုဒီဒီ ပတ်ဝန်းကျင်အား အကဲခတ်နေတုန်း

' ဝေါင်း.................. '

ကျားဟိန်းသံ။

' ဟီး....ဟီး.... '

အန္တရာယ်ကိုသိသည့် မြင်းက ထဟီးပြီး ကဆုန်ပေါက်ဟန်ပြင်နေသောကြောင့် ဝမ်ရိပေါ် မြင်းလည်ပင်းအား အသာပွတ်ရင်း ပြန်ထိန်းရသေးသည်။

အမှန်တကယ် တုန်လှုပ်သွားသည်မှာ မြင်းတင်မဟုတ်။ ဝမ်ရိပေါ်ပါ တစ်ကိုယ်လုံး တုန်သွားပြီး နဖူးမှ ချွေးများမှာ ခုနကထက် ပိုများလာသလို ခံစားနေရသည်။ ဝမ်ရိပေါ် အရင်က သူငယ်ချင်းများနှင့်အတူ အမဲလိုက်နေကျဆိုပေမယ့် တစ်ယောက်တည်း ကျားကို ရင်ဆိုင်ဖို့ကကျ ရိပေါ်အတွက် ခက်ခဲလွန်းပါသည်။

You've reached the end of published parts.

⏰ Last updated: Oct 02, 2021 ⏰

Add this story to your Library to get notified about new parts!

MY TOXIC BOYWhere stories live. Discover now