Part (23) ❤️Who are you? No no, What are you??❤️

168 28 8
                                    

ဖုန်းထဲမှ ရွှယ်ယမ်တစ်ယောက် ရယ်လျက်ဆိုလာသည်။

"တောက်ကျန်! တောက်ကျန်ပဲ ကျွန်တော့် နာမည်ခေါ်လိုက်ပြီးတော့"

ရှောင်ရှင်းချန်ကမေးလာသည်။

"ငါက တောက်ကျန်မဟုတ်ဘူး! ပြီးတော့ မင်းက ငါသိတဲ့ ရွှယ် .. အားယမ်လည်း မဟုတ်ဘူး!! မင်းကတစ်ကယ်ဘယ်သူလဲ? မဟုတ်သေးဘူး အဲ့လိုမေးရမှာ မဟုတ်ဘူး မင်းက တစ်ကယ်ပဲ ဘာကြီးလဲ?"

ရှောင်ရှင်းချန်၏အမေးကို စုန့်လန်တစ်ယောက် စွန့်အသွားရသည်။ ဖုန်းထဲမှလူအား 'မင်းက လူလား နတ်လား မကောင်းဆိုးဝါးလား' ဟု မေးရမည့်အစား ' မင်းကဘာကြီးလဲ' ဟူသော တိုက်ရိုက်မေးခွန်းကြီးကို ဖန်တီးမေးမြန်းလိုက်သည်။

ရှောင်ရှင်းချန်ကဆက်၍မေးသည်။

"ငါ့ဖုန်းနံပါတ်ကိုရော မင်းဘယ်လိုသိတာလဲ?"

"တောက်ကျန် ခင်ဗျားတစ်ကယ်ကို အရမ်းသိချင်တာတွေများနေတာပဲ! နောက်တော့ တဖြည်းဖြည်းသိလာရမှာပေါ့ ဘာတွေလောနေတာလဲ?"

ရှောင်ရှင်းချန် နောက်တစ်ခွန်း ထပ်မမေးရသေးခင်မှာပင် ဖုန်းချသွားသောကြောင့် ဆက်၍မမေးလိုက်ရ။

စုန့်ဇီချန်းကမေးလာသည်။

"ရှင်းချန် မင်းတစ်ခုခုကိုများ သိနေတာလား? မင်း စောစောကပြောခဲ့တဲ့ အိပ်မက်ဆိုတာ ဘာကြီးလဲ? သူနဲ့ရော ဘယ်လိုပတ်သတ်နေတာလဲ?"

ရှောင်ရှင်းချန်ကဖြေလာသည်။

"အဲ့တာ ငါမသိဘူး! ဒါမဲ့ ငါသိတာ တစ်ခုကတော့ မင်းလည်း ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ငါ့ကို တစ်ခုခု လျှို့ဝှက်ထားတယ်!"

စုန့်ဇီချန်းသက်ပြင်းချမိသည်။

"တောင်းပန်ပါတယ်"

ရှောင်ရှင်းချန်ကပြောလာသည်။

"မင်းသွားနားလိုက်တော့! ငါတစ်ယောက်တည်းနေပါရစေ"

"အာ့ဆိုလည်း မင်းအအေးသိပ်မခံနဲ့! ခဏနေ ဝင်လာခဲ့"

"အင်း" တစ်ခုတည်းသာ ရှောင်ရှင်းချန်ပြန်ဖြေမိသည်။

စုန့်ဇီချန်းတစ်ယောက် အခန်းထဲဝင်လာပြီး ကုတင်ပေါ်ပစ်လဲလိုက်ကာ

♥ကြမ္မာ​စေရာ♥ (Book 2)Where stories live. Discover now