Zawgyi
အချစ်ဆိုသည်မှာ
ရောင်နီဖြာကျလာတာနဲ့ကျေးငှက်တို့ရဲ့တေးသီသံလေးတွေနဲ့မနက်ခင်းလေပြေညှင်းဟာလိုက်ဖက်ပြီးရှမ်းရိုးမတောင်တန်းကြီးပေါ်မေးတင်ပြီးထွက်ချီပြုနေတဲ့တစ်နေ့တာရဲ့အလင်းရောင်ပေးစွမ်းသူနေမင်းကြီးဟာလဲရောင်ခြည်ဖြာနဲ့အတူပနံသင့်စွာလှပနေလေတယ်....
တစ်နေ့တာ တာဝန်ကိုဆောင်ရွက်ဖို့သူရိန်နေမင်းအပြင် လူသားတစ်ချို့လည်းပါဝင်လေတယ်..
ရှိုင်းထုံးစံအတိုင်းဘကြီးအောင်ဆီကနေပန်းတွေယူပြီး ဈေးချိုမှာပုံမှန်အတိုင်းရောင်းပြီး ကျုံးဘေးနားကခုံမှာထိုင်ပြီးမနက်ခင်းအလှတရားကိုခံစားနေလေတယ်....ကျုံးအရှေ့ကနေထိုင်ရာကနေ အရှေ့မြောက်ထောင့်ဘက်ကိုလှမ်းကြည့်ရင်ဖြစ် မန္တလေးရဲ့အလှတရားစစ်စစ်ဖြစ်တဲ့ မန်းတောင်ရိပ်(သို့)မန္တလေးတောင်ကြီးကိုမနက်ခင်းမြင်ရသည်မှာအလွန်အေးချမ်းလှလေတယ်...ရှိုင်းရဲ့နေ့ရက်တိုင်းကအလုပ်ပြီးရင်းအလုပ်ဆိုတော့သူ့အတွက်အနားယူချိန်ဆိုတာကသီးသန့်မရှိပေ....ရှိုင်းထိုနေရာကနေထပြီး မနက်ခင်းလေပြေကိုလက်ဆန့်တန်းပြီးမျက်လုံးများမှိတ်ကာရှူသွင်းခံစားပြီးထိုနေရာကနေလှည့်ထွက်လာချိန်မထင်မှတ်ပဲလူတစ်ယောက်နဲ့ဝင်တိုက်မိလေတယ်...
အရှိန်မပြင်းပေမယ့်ရုတ်တရက်ဆိုတာကြောင့်လန့်ကာနောက်ပြန်လဲကျတော့ချိန်ရှိုင်းမျက်စိအစုံကိုမှိတ်ချပြီးနာကျင်မှု့ကိုကောင်းကောင်းခံယူဖို့ပြင်ပေမယ့် တကယ်တမ်းသန်မာတဲ့လက်တစ်စုံကခါးထက်ပွေ့ပိုက်ပြီးထိန်းယူပေးထားမှု့ကြောင့်မျက်လုံးအစုံကိုဖွင့်ကြည့်ချိန်မြင်လိုက်ရတဲ့ထိုသူကြောင့်ရှိုင်းမှင်သက်သွားရလေတယ်....
စူးရှတဲ့မျက်ဝန်းတို့နဲ့သေသပ်စွာပေါ်လွင်နေတဲ့မျက်ခုံးတန်းများအပြင် ဖြောင့်စင်းတဲ့နှာတံ တည်တင်းနေတဲ့နှုတ်ခမ်းတို့က ထိုလူသားဘယ်လောက်ချောမောကြောင်းထင်ရှားနေလေတယ်..ရှိုင်းအဖို့ ဒီလောက်ချောမောတဲ့ယောက်ျားမျိုးမတွေ့ဖူးသေးပေ....
YOU ARE READING
အချစ်ဆိုသည်မှာ(Ongoing)
Lãng mạnအချစ်ဆိုတာမိဘတွေကြောင့်မယုံကြည်ခဲ့တဲ့သူ...မင်းနဲ့တွေ့မှအဲ့လောက်တောင်စွဲလန်းချစ်မိသွားရတယ်လို့မထင်ထားမိတာကသူကကိုယ့်ထက်10နှစ်ငယ်တဲ့ကလေးငယ်.... (မင်းစေရာပိုင်) သားရဲ့နှလုံးသားကိုချစ...