Part-1 (Z+U)

70 6 10
                                    

Zawgyi

အချစ်​ဆိုသည်​မှာ 

မနက်​ခင်းအလင်း​ရောင်​နဲ့အတူ​နေ​ရောင်​ခြည်​က
မန္တ​လေးတစ်​မြို့လုံး​ပေါ်စတင်​ဖြာကျလာချိန်
တစ်​ချို့​ကမနက်​​စော​စောဝမ်းစာအတွက်​လုပ်​ငန်းခွင်​ဝင်​ကြပြီး တစ်​ချို့​တွေက​တော့မန္တ​လေးကျုံးမြို့ရိုး​ဘေးနဲ့မန္တ​လေး​တောင်​​ပေါ်သို့တတ်​ကာကျန်းမာ​ရေးအတွက်​လမ်း​လျှောက်​ကြတဲ့သူ​တွေနဲ့စည်​​နေ​လေတယ်​။

ထိုထဲမှာကကျုံးအ​ရှေ့ဘက်​မှာစက်​ဘီး​လေးရပ်​ပြီးခုံတန်း​လေး​ပေါ်ထိုင်​ကာတစ်​​နေ့တာအတွက်​အားယူ​နေတဲ့​ကောင်​​လေးတစ်​​ယောက်​လည်းရှိ​နေတယ်​။

ထို​ကောင်​​လေးကလက်​ထဲကလွယ်​အိတ်​​လေးကိုပိုက်​ပြီးမျက်​ဝန်းတို့က​ဆွေး​မြေ့​နေ​ယောင်​သန်း​နေ​ပေမယ့်​ သူအဆင်​​ပြေ​အောင်​ကြိုးစား​နေရတယ်​ဆိုတာဘယ်​သူမှမသိ​ပေ...

ရှိုင်းမနက်​အ​စောကြီးထကာစက်​ဘီး​လေးကိုယူပြီးလမ်းထိပ်​ကဘကြီး​အောင်​တို့ဆီက​နေပန်း​တွေသွားယူပြီး​ဈေးချိုမှာ​ရောင်းဖို့အမြန်​ပြင်​​လေတယ်​။

ရှိုင်းကပုဆိုးနက်​ပြာ​ရောင်​အကွက်​စိပ်​ခပ်​နွမ်းနွမ်း​လေးကိုဝတ်​ပြီးအ​ပေါ်ကရှပ်​လက်​တိုအဝါ​ရောင်​​လေးနဲ့လွယ်​အိတ်​​လေးကိုလွယ်​ပြီး စက်​ဘီး​လေးဖြင့်​ဘကြီး​အောင်​ အိမ်​သို့သွား​လေတယ်

''ဘကြီး​အောင်​....ဘကြီး​အောင်​´´

ရှိုင်းအ​တော်​တန်​ကြာ​အော်​တာ​တောင်​ထွက်​မလာ​သေးတာမို့သူလာတာ​စော​နေလားလို့​တွေးတုန်း ပုဆိုးကိုပြင်​ဝတ်​ကာခပ်​သွက်​သွက်​နဲ့အသက်​40​ကျော်​လူကြီးက

''ရှိုင်း​လေး​ရေ ဘကြီး​နောက်​ကျသွားတယ်​...လာလာအထဲဝင်​လာခဲ့´´

ဆိုတာ​ကြောင့်​ခြံတံခါး​လေးကိုတွန်းကာစက်​ဘီး​လေးဖြင့်​ဝင်​လာပြီး အိမ်​​ရှေ့နားက​ရေကန်​နားသွား​တော့

''ဒီမှာရှိုင်း​လေသားအတွက်​ပန်း​တွေ​လေ ​မေမြို့က​ရောက်​တာ​တွေ ပြီး​တော့ဒီမှာပန်းကုံး​တွေ​ရောပဲ´´

အချစ်ဆိုသည်မှာ(Ongoing)Where stories live. Discover now