အပိုင်း(၁)

1.6K 94 4
                                    

👹👹နတ်ဆိုးကြီးရဲ့
        ခေတ်သစ်ကြင်ယာတော်💕💕

💘💘 Yizhan 💘💘

💕💕 Short fic 💕💕

📝📝 Part I 📝📝

ငယ်စဉ်ထဲက မိဘတွေမရှိ ညီကိုမောင်နှမမရှိ အပေါင်းအသင်းမရှိပဲ ကြီးပြင်းလာရတဲ့ လူငယ်လေးဝေ့ရင်း

သိတတ်စအရွယ်ထဲက သူ့နားမှာဘယ်သူမှမရှိ

ခလေးသဘာဝအတိုင်း အပေါင်းအသင်းလိုချင်လို့ထားခဲ့ပေမဲ့

သူပေါင်းတဲ့သူတိုင်း နောက်နေ့ဆိုတနည်းမဟုတ်တနည်းနဲ့သေနေတာ‌တွေ့ရတော့တယ်

နောက်ပိုင်းမှာ သူ့တွင် ဘယ်သူမှရှိမနေတော့ သူ့အနားမည်သူမျှမကပိရဲတော့တဲ့အတွက်ကြောင့်ပေါ့

သူ့အကြောင်းလည်း မည်သူမျှမကောင်းမပြောရဲကြပေ

မမြင်နိုင်တဲ့အရာတခုသူ့ကိုစောင့်ရှောက်နေသည်ဟုအားလုံးကယုံကြည်နေကြတယ်

နေရေးစားရေး ဝတ်ရေးအတွက်လည်းမပူရ

လိုချင်တဲ့အချိန်တိုင်း တွေးလိုက်ရုံနဲ့ အဆင်သင့်ပင်

ဒါတွေဘာကြောင့်ဖြစ်မှန်း သူ15နှစ်အရွယ်ကစာတစောင်ကြောင့်သိခဲ့ရတယ်

အရင်ကပျော်ရွှင်သမျှဟာ ထိုအချိန်မှစပျောက်ကွယ်သွားတော့တယ်

အချိန်တိုင်းသတ်သေဖို့သာအမြဲကြိုးစားခဲ့တော့တယ်

သို့ပေမဲ့သူမအောင်မြင်ခဲ့ပေ

လူတွေနေတဲ့ကမ္ဘာမှာနေနေရသော်လည်း သူ့အတွက်သည်းခြားခွဲထွက်နေသလိုပင်

တယောက်ထဲအမြဲအထီးကျန်နေတော့တယ်

သူ့အတွက်အဖော်ကသောက်နေကြဆေးလိပ်များသာ

ဒီနေ့ကတော့ သ့ဘဝရဲ့ ပြောင်းလဲမှူကြီးစတင်မဲ့ညတညပေါ့

မှောင်မိုက်နေတဲ့ လကွယ်နေ့တညမှာ ဝေ့ရင်းတစ်ယောက် ကွန်ဒို အပြင်ဘက် ဝရံတာကိုထွက်ကာ ဆေးလိပ်ဖွာလျက်ရှိတယ်

သူမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကိုကြည့်ကာသဘောကြလျက်ရှိတယိ

"""မင်းတို့ဘဝကိုငါသိပ်သဘောကြတာပဲ

လေနှင်ရာအရပ်ကို လွတ်လပ်စွာ အငွေ့ပြန်သွားကြတယ်

နတ်ဆိုးကြီးရဲ့ခေတ်သစ်ကြင်ယာတော်(Completed)Where stories live. Discover now