အခန်း 224။ တစ်ညအိပ်
[MM T/N: စာဖတ်သူတို့ကို အရင်တစ်ခေါက်ကတည်းက မေးထားခဲ့တဲ့ အဖြေဆန္ဒလေးတွေအရ Chinese origin လိုက်ရှာပြီး ဆင်ဆာအပိုဒ်တွေကို Google translate နဲ့ အတတ်နိုင်ဆုံး စာချောအောင်နဲ့ အဆင်ပြေအာင် ပြန်ပေးထားပါတယ်၊ အဲ့အပိုဒ် မရောက်ခင်နဲ့ အပြီးမှာ Warning sign ‼️ WARNING ‼️ ပြထားပေးတဲ့အတွက် မကြိုက်သူတွေအနေနဲ့ ကျော်ဖတ်လို့ရနိုင်ပါတယ်။]
အဝတ်မှတဆင့် အောက်ကနေ ထွက်နေသည့်အပူဓါတ်ကိုတောင် ဖုန့်ရှီ ခံစားနိုင်လုလုပင်။
ခေါင်းဆောင်က ဟိဝင်နေတာလား? အာ ... ဟုတ်သေးပါဘူး၊ ခေါင်းဆောင်က တကယ်တော့ တောင်နေတာပဲ?
ဖုန့်ရှီက တောင့်တင်းသောအမူအယာနှင့် မော့ကြည့်လိုက်တော့ ကြယ်တာရာကြီးတစ်ခုလုံးကို ထည့်သွင်းထားသလိုမျိုးထင်ရလောက်အောင် နက်ရှိုင်းမှောင်မိုက်နေသည့် ခေါင်းဆောင်၏မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်း တိုက်ရိုက် ဆုံသွားလေတော့သည်။ ထိုမျက်လုံးတွေက သူမြင်ဖူးသမျှလူတွေထဲ အလှဆုံးသော မျက်လုံးတွေပဲဖြစ်သည်၊ ဒါပေမဲ့ ဒီအခေါက်မှာတော့ သူတို့တွေက နက်နက်ရှိုင်းရှိုင်းတပ်မက်မှုတွေနှင့် ပြည့်လို့နေသည်။၏
"အာ ... ကျွန်တော် မရည်ရွယ်ပါဘူး ..." ဖုန့်ရှီက ဝန်ခံလိုက်သည်။ သူ့ခေါင်းဆောင်ကို သူ တမင် 'ကလူ၏သို့ မြှူ၏သို့' လုပ်လိုက်တာမဟုတ်ဘူးလေ။
"ရှောင်ရှီ ဒါကို တာဝန်ယူရမယ်၊" ငရဲမင်းကြီးက သူ့ခေါင်းအနောက်ကို ကိုင်ထားလိုက်ပြီး သူ၏ ကြည်လင်ရှင်းသန့်သောအသံက 'တပ်မက်မှု' တွေ စွက်နေသည့် အသံရှရှအဖြစ် ပြောင်းသွားကာ သွင်ပြင်ကလည်း ပုံမှန်ထက် ပိုပြီး စွဲဆောင်မှု ရှိနေလေသည်။
ဖုန့်ရှီက ထို စွဲမက်ဖွယ်အသံကြောင့် ရုတ်တရက် ကလိကလိဖြစ်သွားရကာ တံတွေးမမြိုချဘဲ မထိန်းနိုင်တော့ပေ။
ဒါပေမယ့် အခုပဲ ခေါင်းဆောင်ကပြောတာက သူတို့က နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ကို တစ်နာရီအတွင်း ထွက်သွားကြတော့မယ်လို့ ပြောတာ မဟုတ်ဘူးလား။ တကယ်လို့ သူတို့အဲ့တာလုပ်မယ်ဆိုရင် နှစ်နာရီက မလောက်လောက်ဘူးလေ၊ ဟုတ်ဘူးလား?
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...