1.2. First Encounter

1.1K 134 8
                                    


"အလကားရနေပေမယ့် တန်ဖိုးအရှိဆုံးအရာက ဘာဖြစ်နိုင်မလဲ?"

မျက်ခုံးတစ်ဖက်ကို အသာပင့်ရင်း မေးလိုက်သောအခါ အညိုရင့်ရောင် မျက်ဝန်းတောက်တောက်များတွင် အရိပ်တစ်ချို့ဖြတ်ပြေးသွားသလို။ မဟူရာရောင် ဆံပင်များကို နဖူးထက်တွင် အသာလှန်တင်ထားသောကြောင့် မကျဉ်းမကျယ်နှင့် ကြည့်လို့ကောင်းသည့် နဖူးပြင်။ လှပသည့်တိုင်အောင် အန္တရာယ်လည်းရှိနိုင်သည့် မျက်ဝန်းများ။ သွယ်စင်းနေသော နှာတံသည် ထိပ်ဖျားတွင် ခပ်လုံးလုံးသဏ္ဌာန်ရှိသည်မို့ ခက်ထန်သည့်အသွင်ကနေ ကွဲထွက်နေသည်။ ပန်းနုရောင်သန်းနေသော နှုတ်ခမ်းဖူးဖူး ပြည့်ပြည့်မှ ထွက်လာသော အသံတို့သည် နူးညံ့သည့်တိုင်အောင် တစ်ချိန်တည်းမှာလည်း အေးစက်မာကျောနေ၏။

"အာ... ဟို... ငါလည်း အစည်းအဝေးမပြီးလောက်သေးဘူးထင်လို့ သခင်လေးကင်မ်ကို အချိန်ဆွဲထားမိလိုက်သလိုဖြစ်သွားရတယ်... ဆောရီး..."

ဟိုဆော့က အနည်းငယ် တိမ်ဝင်သောလေသံနှင့် ပြောသောအခါ ထိုသူသည် ထိုင်နေရာမှ ထရပ်လိုက်သည်။ ထို့နောက် ထယ်ယောင်း ရပ်နေရာဆီသို့ ဦးတည်လျှောက်လာ၏။

အညိုရောင်နှင့်အသားရောင် အကွက်ခပ်စိတ်စိတ်များရှိသော ကုတ်အင်္ကျီနှင့် အနက်ရောင် စတိုင်လ်ဘောင်းဘီကို သပ်ရပ်တိကျစွာ ဝတ်ဆင်ထားသည်မို့ ထိုသူရဲ့ မိုခါးရောင် မျက်ဝန်းများနှင့် အတော်လေး လိုက်ဖက်နေသည်။ နွေရာသီကုန်ဆုံး၍ ဆောင်းဦးကာလသို့ ကူးပြောင်းစပြုလာသည့် ညနေခင်း နေဝင်ဆည်းဆာချိန်များကဲ့သို့ပင်။

"၁၃ မိနစ်..."

"ဘာကြီး?"

မျက်နှာချင်းဆိုင် ရှေ့တည့်တည့် နှစ်ပေလောက်အကွာတွင် ခြေစုံရပ်ရင်း မျက်လုံးများကို စူးစိုက်ကြည့်ကာ ရုတ်တရက်ပြောလာသော စကားကြောင့် ထယ်ယောင်း မျက်မှောင်ကျုံ့မိလိုက်သည်။

"၁၃ မိနစ်နောက်ကျတာရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူက ၁ မိနစ်ရဲ့ တန်ဖိုးကို နားလည်မှာ မဟုတ်ဘူး..."

"ဘာပြောတယ်?"

အရပ်ချင်း မတိမ်းမယိမ်းဖြစ်သည်မို့ သူတို့နှစ်ဦး၏ စူးရှသောအကြည့်များသည် တတန်းတည်းဖြစ်နေသည်။

What's Wrong With My Mr.Kim?Where stories live. Discover now