1.4. First Rule

940 132 28
                                    


"ချီးပဲကွာ..."

မနက်က ပုံသွင်းလာသော ဆံပင်များကို ထိုးဖွရင်း ခပ်တိုးတိုးဆဲရေးမိသည်။ ထိုအခါ ဘေးနားက ပတ်ဂျီမင်က ခေါင်းကိုစောင်းပြီး စားပွဲကျော်ကာ လာကြည့်၏။

"ဟာ... မင်း ဘယ်လိုတွေလုပ်နေတာလဲ... သူတို့ပြောထားတဲ့ Criteria (သတ်မှတ်ချက်စံနှုန်း) နဲ့ဝင်အောင် ရွေးလေ... မင်း ရွေးထားတဲ့ CV တွေကိုပြန်ကြည့်အုံး... အကုန် မိန်းခလေးတွေကြီးပဲ... ဒီမှာကြည့်အုံး... ဒီတစ်ယောက်ဆို အရင်အလုပ်အကိုင်က Dancer ကို Tax and Internal Audit (အခွန်နှင့်ဌာနတွင်းစာရင်းစစ်) ဌာနအောက်ကြီး သွားထည့်ပေးထားတယ်..."

ရှည်ရန်ကော... ဆိုသည့် အကြည့်နဲ့ ကြည့်ပေးလိုက်သည့်တိုင်အောင် ထိုသူက သတိထားမိသည့်ပုံမပေါ်သေး။ ကွန်ပျူတာစခရင်ကို လက်ညိုးတထိုးထိုးဖြင့် ဆရာကြီးလုပ်နေ၏။

"ငါ့ဘာသာ ဘာထည့်ထည့်ပေါ့... မင်း မကျေနပ်ရင် ကိုယ့်ဘာသာလုပ်လေ... ငါကတော့ မိန်းခလေးတွေပဲ ရွေးမှာပဲ..."

"မင်းကိုက မဟုတ်တာ... ဒါကို မန်နေဂျာမင် စစ်ရင် မင်းပဲ နှစ်ခါပြန်လုပ်ရမှာ..."

"စောက်ဂရုမစိုက်ဘူး..."

"ဟော်လ်..."

ဂျီမင်က ပြောမနိုင်သည့်ဟန်ဖြင့် လက်ပိုက်ရင်း ရေရွတ်၏။ ဂျီမင်ပြောလည်းပြောချင်စရာ... ရာကျော်သော CV Form များထဲမှ တမင်သက်သက်သက်ပင် မိန်းခလေးများသာ ထယ်ယောင်း ရွေးထုတ်နေခြင်းဖြစ်သည်။ ရုပ်ချောချော၊ အိမ်ထောင်မရှိ၊ အသက်ငယ်ငယ် ကောင်မလေးများကိုသာ ရွေးနေပြီး စိတ်ထဲရှိရာဌာနကို လိုက်တွဲပေးနေ၏။ ဘာ Criteria မှလည်း မဖတ်သလို၊ ဘာ ကိုယ်ရေးရာဇဝင်မှလည်း မကြည့်။ အလုပ်အကိုင် အရည်အချင်းတွေအစား ခါး၊တင်၊ရင်ဆိုဒ်တွေ ရေးထားတာမှ ပိုစိတ်ဝင်စားစရာကောင်းအုံးမည်။

"ဟို... ထယ်ယောင်း-ရှီ နဲ့ ဂျီမင်-ရှီ... ဘာများကူညီပေးရအုံးမလဲ..."

စားပွဲနားသို့ ရောက်လာသော ချိုအီအီအသံနှင့်အတူ မွှေးပျံ့ပျံ့ရေမွှေးနံ့ကြောင့် ထယ်ယောင်းရော ဂျီမင်ပါ မော့ကြည့်လိုက်သည်။ စောနားက စီနီယာတန်းအဖြစ် မိတ်ဆက်လာသော ဂျက်ဆီကာ ဆိုသည့်အစ်မက သူတို့ကို အသာပြုံးပြရင်း မေးလာသည်။

What's Wrong With My Mr.Kim?Where stories live. Discover now