Unicode
နေရောင်ခြည်လေးများဖြာကျ နေသည့်
မနက်ခင်းတခုတွင် ကြေးစည်သံချို"အေး"လေးများက ထွက်ပေါ်လာသည်။ဈေးသည်များမှာလဲ သူ့တို့ဖောက်သည်ရရန် ဆိုင်ကိုအသေအချာ ခင်းကျင်း ပြင်ဆင်နေကြသည်။မြန်မာဘုရားဖူးများကမူ ဈေးဆိုင်များကို တချက်လောက်သာ စွေကြည့်ပြီး ဘုရားဖူးရန် အမှတ်တရဓာတ်ပုံ ရိုက်ရန်သာ ဗျာ များနေကြသည်။ထို့ကြောင့်ဈေးသည်များကလဲ ကမ္ဘာလည့်ခရီးသွားများကိုသာ မျှော်ရသည်။မနက်နေရောင် နွေး"လေးအောက်မှ ရွှေစည်းခုံစေတီတော်ကြီးကလဲ ကျတ်သရေရှိလှပေသည်။ကလေးဆော့စရာမြေအိုးလေးများ မြန်မာ့ရိုးရာ ပစ်စည်းများရောင်းချနေသည့်ဆိုင်များကလဲ စည်ကားလွန်းလှသည်။ထိုအချိန်ကားအင်ဂျင်သံနှင့်အတူ ကားကြီးတစီး သည် ကားများရပ်သည့်နေရာတွင် ရပ်လိုက်သည်။ဈေးသည်များလဲ ထိုအင်ဂျင်သံရှိရာသို့လှမ်းကြည့်မိလေသည်။ကားပေါ်မှဆင်းလာသည်များမှာ torist(ကမ္ဘာလှည့်ခရီးသွား)များ ဖြစ်သောကြောင့် ဈေးသည်များ ရုတ်"သဲ"ဖြစ်သွားသည်။ထိုစဉ် ခပ်လတ်"လူငယ်တစ်ဦးက ကင်မရာတစ်လုံးကိုကိုင်လျက် ဈေးဆိုင်တန်းများအနားသို့ ချဉ်းကပ်လာသည်။ဆိုင်များက စည်ကားလွန်းလှသဖြင့် ဘယ်ဆိုင်မှဝယ်ရမလဲဆိုတာ ရွေးချယ်ရခက်လွန်း၏။ထိုနိုင်ငံခြားသားလဲ ဝယ်သူသိပ်မရှိတဲ့ ဆိုင်လေးကို မျက်စိကျသွားသည်။ထိုလူလဲ ထိုဆိုင်လေးဆီသို့ ဦးတည်သွားသည်။ဆိုင်လေးရှေ့သို့ရောက်သောအခါ ရောင်းနေသည့် မြန်မာ့ရိုးရာ ပစ်စည်းများကို မျက်စိ ကစားလိုက်သည်။မြန်မာ့ရိုးရာ ပစ်စည်းများမှာ လှပသေသပ်စွာရှိနေတာကြောင့် ၂ မိနစ်ခန့် မလှုပ်မရှပ်ဘဲ စိတ်ဝင်စားစွာ ကြည့်နေမိသည်။ခပ်ရွယ်"မိန်းကလေးတယောက်၏ စကားသံ အေး"လေးကို ကြားရမှ သတိပြန်ဝင်လာေ
တာ့သည်။
"Hi Which One Would You Like To Buy?"
ဈေးရောင်းသူမှာ မြန်မာမိန်းကလေးဖြစ်သော်လဲ ငယ်စဉ်ထဲက မိဘများနှင့်အတူ နိုင်ငံခြားသားများကို ဈေးရောင်းလာ သဖြင့် English စာကို ထမင်းစားရေသောက်လောက်တော့ပြောနိုင်သည်။ထိုနိုင်ငံခြားသားလဲ ယွန်းထည် ပစ်စည်းလေးတခုကို လက်ညိုးထိုးရင်း
"How Much Is This?"
"This Is 3500 kyats"
"Is that normal Price?"
"Yeah I don't Ask For Much"
ဟု မိန်းကလေးငယ်က ပြုံးရင်းပြောလိုက်သည်။နိုင်ငံခြားသားလဲ မိန်းကလေး၏မျက်နှာပေါ်လိမ်းထားသည့် အဝါရောင်အနှစ်များကို သတိထားမိသွား ဟန်တူသည်။
"What's that on your Face?"
ဟု မေးလိုက်သည်။
"That's Call Thanakhar"
ဟုဆိုကာ ရောင်းရန်ချထားသည့် သနပ်ခါးတုံးများမှ တခုကို ယူကာ ပြလေသည်။နိုင်ငံခြားသားလဲ သနပ်ခါးကိုသဘောကျသွားဟန်တူသည်။ထို့ကြောင့် ယွန်းထည်လေးနှင့်သနပ်ခါးတုံးလေးကို ဝယ်လိုက်သည်။ပြီးတော့ ဘုရားထဲဝင်သွားသည်။ မိနစ်၃၀ခန့်ကြာသော် ကားကြီးလဲ ဘုရားဝင်းအတွင်းမှာ မောင်းထွက်သွားတော့သည်။နောက်နေ့မှာတော့ ထိုဈေးသည်မိန်းကလေးလဲ ဗူးဘုရားသို့ ဈေးဆိုင်ခင်းရန် မနက်အစောကြီး ထွက်လာသည်။မနက် ၈:၀၀ ခန့်မှာတော့ ဈေးဆိုင်များ စုံလင်နေပြီဖြစ်သည်။ဗူးဘုရား နားမှမြစ်ရဲ့အလှကိုကြည့်နိုင်ရန် အငှားစက်လှေမောင်းသမားများကလဲ အသင့်ဖြစ်နေလေပြီ။အကြော်သည်များကလဲ ပုစွန်ကြော်များ ဗူးသီးကြော်များ စသည်ဖြင့်စုံလင်စွာရောင်းချနေကြသည်။အကြော်နံ့လေးများမှာလဲ မြန်မာဘုရားဖူးများအပြင် ကမ္ဘာပတ်ခရီးသွားများကိုပါ ဆွဲဆောင်နေသည်။တိုက်ဆိုင်စွာပင် မနေ့က ရွှေစည်းခုံဘုရားမှာ တွေ့ခဲ့သည့်နိုင်ငံခြားသားလူငယ် လဲ ဗူးဘုရားသို့ရောက်လာခဲ့သည်။ထိုလူငယ်လဲ လိုက်လံကြည့်ရှူရင်း မနေ့က တွေ့ခဲ့သည့် ဈေးသည်မိန်းကလေးကို တွေ့သွားပြန်သည်။ယခုတခါတော့ ထိုမိန်းကလေးက သဲပန်းချီလေးများ ရောင်းချနေသည်။ထိုလူငယ်လဲ မိန်းကလေး၏ဈေးဆိုင်လေးသို့ ဦိးတည်သွားနေသည်။ထိုလူငယ်ကိုမြင်တော့ မိန်းကလေးက မှတ်မိသည်ဟု ဟန်အမူအရာနှင့်တကွပြုံးပြသည်။နိုင်ငံခြားသားလဲ မြစ်ကြီးရဲ့အလှကိုနောက်ခံထားပြီး ဗူးဘုရားကို ရေးဆွဲထားသည့် သဲပန်းချီကားလေးကို သဘောကျသွားသည်။ထိုပန်းချီကားလေးကို လက်ညိုးထိုးပြလိုက်ရာ မိန်းကလေးက ၆၀၀၀ကျပ် ဟု ပြန်ဖြေလိုက်သည်။ထိုလူငယ်လဲ ပန်းချီကားကိုဝယ်ယူပြီး ဘုရားရင်ပြင်ပေါ်တွင် လေ့လာနေသည်။ထို့နောက် စက်လှေများကို မျက်စိကျသွားပြီး စက်လှေများရှိရာသို့လျှောက်လာခဲ့သည်။ထို့နောက် စက်လှေကိုငှားလိုက်သည်။လူပြည့်သည်အထိ ၅မိနစ်ခန့်သာစောင့်လိုက်ရသည်။ထို့နောက်လူပြည့်ပြီမို့ စက်လှေလဲ မြစ်ကြီးထဲသို့ စတင်ထွက်ခွာလာသည်။ဆောင်းတွင်းရဲ့နေရောင်နွေး"လေးအောက်မှာ မြစ်ကြီးရဲ့အလှတရားကို ပိုခံစားလို့ကောင်းနေသည်။ရက်အတန်ကြာသော် ထိုလူငယ်လဲ သူ့နေရပ်ဖြစ်သည့် Norway ကို ပြန်သွားခဲ့သည်။သူ့အိမ်သို့ရောက်သော် မြန်မာနိုင်ငံမှ ဝယ်လာသည့်ယွန်းထည် ပစ်စည်းလေးကို မှန်ဗီရိုထဲတွင် သိမ်းဆည်းလိုက်သည်။သဲပန်းချီကားလေးကိုမူ ဧည့်ခန်း တွင် ဘောင် တပ်ကာ ချိတ်ဆွဲထားလိုက်သည်။သန့်ရှင်းသပ်ရပ်နေသော ဧည့်ခန်းလေးမှာ သဲပန်းချီကားလေးကြောင့် ပိုပြီး လှသွားသည်။
YOU ARE READING
Bagan Sunset(One Shot)
RomanceOne Shot ပါ ဝတ္ထုအရှည်ကြီးတွေဖတ်ရမှာပျင်းတယ်ဆိုရင်တော့ ဒီ One shotလေးကိုဖတ်ကြည့်ဖို့ Recommendပေးချင်ပါတယ်။ ဖူးစာဆိုတာ ပုံပြင်တခုလို ဖြစ်ကောင်းဖြစ်နိုင်မယ်။ဘဝဆုတောင်းတွေကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်မယ်။အမှတ်တမဲ့ တွေ့ဆုံရာနေကလဲ ဖူးစာရှင်ကို ရှာတွေ့ချ...