Zawgyi 🌳🌳

141 11 16
                                    

" တောင်.. "

"Hello ရှမ်းအိုးစည်နှင့်မန္တလေးသား
ရေးတဲ့ Author လေးရေ "

ကျွန်တော် Fb မှာ ဆဲနေတုန်း ဝင်လာတဲ့
စာလေး တကြောင်း ...ဘယ်သူပါလိမ့်
ဘာပဲဖြစ်ဖြစ် ဝင်ထူးလိုက်ပါအုံးမယ်လေ

" ဟုတ်ဗျ "

" တောင် "

ထပ်ဝင်လာတဲ့စာလေးက

"အရမ်းဂုဏ်ယူပါတယ်ဗျ
အရမ်းသဘောကျပါတယ်
ရှမ်းအိုးစည်လေးကို..."

"ကျေးဇူးပါဗျ "

"ကိုယ်တိုင်ဝင်ပြီးသရုပ်ဆောင်နေရသလို
ခံစားရတယ် ဘဲကြီးကို လဲ ကြွေလိုက်တာဗျာ "

ကျွန်တော့်နှုတ်ခမ်းတို့ သဘောကျမှုကြောင့်
ကွေးညွှတ်သွားရတယ် ။ကိုယ့်ဖန်တီးမှုလေးကို ခုလိုသဘောကျကြောင်းလာပြောခံရတဲ့
ခံစားချက်လေးက သိပ်ကြည်နူးဖို့ကောင်းတာပဲ

"သဘောကျပေးလို့ ကျေးဇူးပါဗျာ "

"ဟုတ် ဟီးဟီး ပြီးတော့လေ
ရှမ်းပြည်အကြောင်းဆိုလဲ ရှမ်းပြည်ကိုရောက်သွားသလို တကယ်ခံစားရတယ်ဗျာ "

"ကိုယ့်သူငယ်ချင်းကတောင်ကြီးကလေ
အဲ့တာမို့ နေရာအစုံပါတာ "

"မန္တလေး အပိုင်းလေးတွေကိုလဲ ကြိုက်လိုက်တာ ကိုယ်တိုင်ရောက်သွားသလိုပဲ "

"ကိုယ် က မန္တလေးသားပါဗျ "

"ကျနော်ကလေ မန္တလေးသားမဟုတ်ပေမဲ့
မန္တလေးမြို့ကို အရမ်းချစ်တယ်ဗျ "

မန္တလေးသားလေးကိုရော မချစ်ဘူးလားလို့ပြန်မေးချင်တဲ့ ဗရုတ်သုတ်ခစိတ်တွေကို
ကြိုးနဲ့ တင်းတင်းပြန်ချည်ထားရတယ် ။
တော်ကြာ ရှမ်းအိုးစည် ရေးတဲ့ Author က
နှာဘူးကောင်လို့ နာမည်ကြီးသွားမှဒုက္ခ

"ကျနော်က ရှမ်းကပြား ဆိုတော့ ရှမ်းပြည်အကြောင်း ပါတာလေးကို အရမ်းသဘောကျနေတာ မန္တလေး မှာရော ရှမ်းပြည်မှာပါ
အမှတ်တရတွေ ရှိခဲ့ဖူးတော့လေ "

ဒီကောင်လေး သူ့ရည်းစားကို လွမ်းသွားတာများလား ကျွန်တော် အတွေးတို့မဆုံးသေးဘူး
စာထပ်ဝင်လာတယ်

"ပိုက်ဆံ သာရှိရင်လေ ရုပ်ရှင်ထုတ်ရိုက်ပစ်ချင်တဲ့ အထိပဲ တကယ်စိတ်ရင်းအမှန်ပါ "

ကုက်ကို (Kokko 🌳)Donde viven las historias. Descúbrelo ahora