Part-2

290 55 7
                                    

Yoongi သတိပြန်လည်လာတော့ ခေါင်းမူးနေသေးသဖြင့် မျက်စိမှိတ်ကာ ပြန်အနားယူဖို့ လုပ်လိုက်တဲ့အချိန်တွင်

"ဒုတိယ သခင်လေး သတိပြန်ရလာပြီ.. ဒုတိယ သခင်လေး သတိပြန်ရလာပြီ"

ဆူညံနေတဲ့ အသံတွေကြောင့် Yoongi ကောင်းကောင်းအနားမယူလိုက်ရလို့ အဲ့သခင်လေးဆိုသူကို စိတ်ထဲက ကျိန်ဆဲတုန်းရှိသေးတယ်။ သမားတော်ဆိုတဲ့ အသက်ကြီးကြီး အမျိုးသားက Yoongiလက်ကို ဆက်ခနဲဆွဲပြီး လက်ကောက်ဝတ်က သွေးခုန်နှုန်းကို စမ်းပါလေရော။

အဲ့အခါကျတော့မှ တစ်ခုခုမှားနေမှန်း Yoongi သတိထားမိတော့တယ်။ Yoongi လက်ရှိရောက်နေတဲ့ နေရာက ဆေးရုံတစ်ခုရဲ့ အပြင်အဆင်မျိုး ရှိမနေဘဲ ရုပ်ရှင်ရိုက်ကွင်းတစ်ခုနဲ့ တူနေသည်။ ၁၇ရာစုအချိန်တုန်းက အနောက်ဥရောပနိုင်ငံရဲ့ အထက်တန်းစား လူချမ်းသာတွေရဲ့ အိမ်အပြင်အဆင်တွေနဲ့ တူနေပြီး အနားမှာရှိတဲ့ လူတွေကလည်း အဲ့ခေတ်က ပုံစံတွေအတိုင်း ဝတ်ထားကြသည်။

"ငါ ဘယ်ရောက်နေတာလဲ"လို့ Yoongi မေးမယ့်စကားက အခန်းထဲဝင်လာတဲ့ လူသုံးယောက်ကြောင့် ပျောက်ရှလို့သွားသည်။

အဲ့သုံးယောက်ထဲက ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးရဲ့မျက်နှာကြောင့် Yoongiမှာ ပြောစရာစကားမရှိ ဖြစ်သွားရတယ်ဆိုလျှင် ပိုမှန်လိမ့်မည်။ အဲ့မိန်းကလေးမှာ ငွေဖြူရောင် ဆံသားရှည်ကို ပိုင်ဆိုင်ထားတဲ့ အလွန်တရာလှပတဲ့ မိန်းမလှလေး ဖြစ်နေပေမယ့် မျက်နှာကတော့ Yoongiနဲ့ ချွတ်စွပ်တူနေပုံမှာ Yoongi မိန်းကလေး versionလို့တောင် ပြောလို့ရလောက်တယ်။

"ဘာလို့အဲ့လောက်ထိ ညီမလေးကို တစ်ခါမှ မမြင်ဖူးတဲ့အတိုင်း ထူးဆန်းတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေရတာလဲ?"

Yoongiနဲ့ ချွတ်စွပ်တူတဲ့ မိန်းကလေးမှ ပြောလာသည်။

'!! ညီမ? ငါ့ညီမက ငါနဲ့ ကျား/မ versionပြောင်းရုံလောက်ထိ ရုပ်ချင်းဆင်ကြတာမှ မဟုတ်ကြတာ.. လုံးဝမဖြစ်နိုင်ဘူး!! ဧကန္တ သူ မျက်နှာခွဲစိတ်လိုက်တာများလား?'

Yoongiတစ်ယောက် ကိုယ့်ဘာသာ့ကို အတွေးများနေတဲ့အချိန်မှာ ဝင်လာတဲ့ လူသုံးယောက်ထဲက အသက်ကြီးကြီး ယောကျာ်းကြီးက သူ့ကို စိတ်ပျက်သလို ကြည့်ပြီး ပြောလာသည်။

Oh Sh*t! I Became Villian's BrotherOnde histórias criam vida. Descubra agora