Ep-3♡.

10.5K 347 7
                                    

Uni❣️

°°°°°°°

" ဝမ်ရိပေါ် အလိုလိုက်လို့ ဆိုးသွမ်းနေတယ်ပေါ့ မနေ့ညကလည်း အိမ်တော်ပြန်မလာဘူး
$#@&$#@$$&$@#&#"

ယဲယဲ ၏ ပေါက်ပေါက်ဖောက်ဖောက် မှုတွေ
ကြောင့် ရိပေါ်သည် ခါးနာနေသည့်ကြားက
နားပူပါခံနေရပြန်
မျက်နှာလေးရှုံ့မဲ့ကာ နေသည်မှာ
ယဲယဲကို ကြောက်လို့တော့မဟုတ်
ချီးလိုသောက်ဘဲနာကြီး ကြောင့်ခါးနာနေခြင်း

ရှောင်ကျန့်မှာ ဆူပုပ်ကာ နေ့လည်စာငုံ့စားနေသည့် ကောင်လေးကို အသဲတယားယား

" ဦး‌ေလးဝမ် ရိပေါ်ကလည်းခုမှကလေးစိတ်ဟာ ကျွန်တော် ဂရုစိုက်ပေးလိုက်ပါ့မယ်"

ဝမ်ဖိုးဖိုး နဲ့ ရှောင်ကျန့်မှာ ဦးလေ အသက်အရွယ်သာ ကွာသဖြင့်ထိုသို့ခေါ်မည်ခြင်း
ဝမ်ကျိလီသည် ရှောင်ကျန့်စကားကြောင့် မျက်လုံးလေးတွေ အရောင်လတ်သွားပြီးဝမ်းသာအားရ

" ဟုတ်သား Mr.Sean ရှိနေတာဘဲ ဒီက
လူဆိုးကောင်ကို ဆုံးမပေးပါအုံးကွယ်"

"ယဲယဲ !!!"

တစ်ချိန်လုံးငြိမ်ကုတ်နေရာက ကောင်ငယ်လသည် မကျေမနပ် ယဲယဲဟု ခပ်ဆူဆူ ထွက်လာသည်။
Sean XiaoZhan သည် တရုတ်ပြည်၏
Top 1 စီးပွားရေး စာရင်းရှင်
အကယ်၍ ရှောင်ကျန့်ကသာ no 2ဆိုမည်သူကမှ no.1 နေရဲကြမည်မဟုတ်
သူ၏ ပါဝါတို့သည် ထို သို့
သမ္မတ ဝမ်က ပါ အားကိုးရသည်ထိ

" ဘာမှ မယဲယဲနဲ့ ဝမ်ငယ်
ယဲယဲ က ဒီနေ့ညဘဲ ဂျပန်သွားရမှာတစ်ပတ်လောက်ကြာမှ မင်းက အိမ်ပြာတော်မှာလည်း
တစ်ယောက်တည်း နေမှမဟုတ်လို့ မင်းကို အဲ့တစ်ပတ်အတွင်းMr.Sean နဲ့ အပ်ခဲ့မယ် "

ဝမ်ကျိလီစကားကြောင့် ရှောင်ကျန့်သည်
ဝမ်းသာအားရဘဲ မျက်လုံးလေးများ ဘလင်းဘလင်းဖြစ်ကာ

" ကျွန်တော့်ကိုစိတ်ချပါ ရိပေါ်ကို မှဲ့တစ်ပေါက်တောင် မစွန်းစေရဘူး"

"ဟဟ မောင်ရင်ကိုယုံပြီးသားပါ"

ရိပေါ်သည် သူ့ကိုရှေ့ထားပြီး အတိုင်အဖောက်ညီနေကြသော ဘဲကြီးနဲ့ ယဲယဲ ကို စိတ်ဆိုးချင်လာပြီ
ဘယ်နှယ့် သူ့မြေးကို ကျားဂူထဲ ပို့ရတယ်လို့
အဲ့တစ်ပတ်အတွင်း ဘဲကြီးက ဥပုဒ်စောင့်ပါ့မယ် ဘယ်သူပြောလည်း ချီးစားပြောတောင်
ဝမ်ရိပေါ်တို့က မယုံဘူး

⚠️ᴍʏ  ᒪⁱᵗᵗˡᵉ  ᴘʀɪɴᴄᴇ ♡. ⚠️[Complete]Where stories live. Discover now