Part 4

591 91 4
                                    

Unicode version

3 days later..

မနက်အစောကြီးထပြီး စျေးသွားကာ အထုတ်တွေဆွဲပြီး အိမ်ပြန်လာခဲ့သည်။

နောက်ကျရင် စျေးမှာက ဘာမှမကျန်တော့ဘူးလေ။

မထချင် ထချင်နဲ့သွားပြီး
ဝယ်လာခဲ့လိုက်သည်။ဟင်းအိုးတွေ တအိုးပြီး တအိုး ချက်လိုက် ပြုတ်လိုက် ကြော်လိုက်ဖြင့် သူ့အခန်း တခုလုံး ဟင်းနံ့များနဲ့ မွှေးကြိုင်နေသည်။

"ကဲ ပြီးပြီ... အမလေး သေတော့မှာပဲ!"

ညောင်းလွန်းလို့ ခနနားနေတုန်း Bell တီးသံကြားလိုက်ရသည်။

Te Te Te!!

"အာ...အကိုထင်တယ်..."

တံခါးဖွင့်ပေးလိုက်တော့လက်ဆောင်ဘူးအကြီးကြီး တခုနဲ့ ပန်းစည်းအကြီးကြီးတခုကိုင်ထားတဲ့ စီနီယာ..

"အထဲဝင်ပါ အကို.."

"အာ...အင်း အင်း.."

"ကိုယ် လက်ဆောင်တွေကို ဘယ်မှာချလိုက်ရမလဲ?"

"အဲ့စားပွဲမှာပဲချထားလိုက်ပါ.."

**ပန်းစည်းက ဘာလို့ပေးတာပါလိမ့် ငါကမိန်းကလေးလည်းမဟုတ်ဘဲနဲ့...**

**ဒါပေမဲ့ လှတော့လှသား...**

"အာ..အကို ဗိုက်ဆာနေပြီလား?အရင်စားရအောင်လေ.."

"အင်း ဗိုက်တော်တော်ဆာနေပြီ..."

"နောက်ဖေးကို လိုက်ခဲ့.."

အိမ်နောက်ဖေးရောက်တော့ စားချင်စဖွယ် ဟင်းလျာပေါင်းများစွာ..

"ဝါးးးး ရှယ်ပဲ ယုန်ပေါက် က တော်လိုက်တာ..."

**ဟွန့် ဘာလဲ သူများကို ယုန်ပေါက်တဲ့..**

"စားရအောင် အကို.."

"ကောင်းကောင်းစားပါမယ်.."

"Nae..."

စားလို့သောက်လို့ပြီးသွားတော့ အိမ်ရှေ့ကို သွားကြပြီး မွေးနေ့လက်ဆောင်တွေ သွားဖွင့်ဖို့လုပ်လိုက်သည်။

"ဝါးးးး အများကြီးပဲ..."

Skin care ကိုမှ လုံးဝစျေးကြီးတဲ့ Brand တွေကို အဆက်လိုက်လက်ဆောင်ပေးထားသည်။

Falling In Love : KTH x JJKWhere stories live. Discover now